တိရစာၦန္ခ်စ္သူေတြ ခရီးသြားတဲ့အခါမွာ အိမ္ေမြးတိရစာၦန္ေလးေတြကိုပါ ေခၚေဆာင္သြားေလ့ရွိပါတယ္။ တစ္ခါတစ္ေလ ေရျခားေျမျခားကို ခရီးထြက္ရတဲ့အခါမ်ိဳးဆိုရင္ ေခြး၊ ေၾကာင္နဲ႔ ယုန္ေလးေတြကိုပါ ေလယာဥ္ခရီးစဥ္မွာ တစ္ခါတည္းေခၚသြားေလ့ ရွိပါတယ္။
ယခုေဖာ္ျပမယ့္ အမ်ိဳးသမီးကေတာ့ ေဒါင္းကေလးတစ္ေကာင္ကုိ ေလယာဥ္နဲ႔ ေခၚသြားမွာျဖစ္ပါတယ္။ အဆိုပါအမ်ိဳးသမီးဟာ နယူးဂ်ာစီမွာရွိတဲ့ Newark Liberty အျပည္ျပည္ဆိုင္ရာေလဆိပ္ကို လွပၿပီး အေရာင္အေသြးစံုလင္တဲ့ ေဒါင္းငွက္ကေလးသယ္လာခဲ့တာပါ။ ဒါေပမယ့္ အေမရိကန္ေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ့ United Airlines ကေတာ့ ေဒါင္းကေလးကို ေလယာဥ္ေပၚ တင္ေဆာင္ဖို႔ခြင့္မျပဳခဲ့ပါဘူး။
အဆိုပါအျဖစ္အပ်က္ဟာ ယခုရက္သတၱပတ္ အေစာပိုင္းတုန္းက ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အမ်ိဳးသမီးက သူမဟာ ေဒါင္းကေလးအတြက္ လက္မွတ္တစ္ေစာင္ ၀ယ္ထားေၾကာင္းလည္း ေလေၾကာင္းလိုင္းကို ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ေဒါင္းကေလးက ကံဆိုးရွာပါတယ္။ ေလေၾကာင္းလိုင္းက ေခၚေဆာင္ဖုိ႔ လံုး၀ကိုျငင္းပယ္ခဲ့ပါတယ္။
အေမရိကန္ကုမၸဏီၾကီးတစ္ခုျဖစ္တဲ့ Delta က ဇန္န၀ါရီလအေစာပိုင္းမွာ တိရစာၦန္ေတြ ေလယာဥ္ေပၚေခၚယူတာနဲ႔ပတ္သက္လို႔ ခရီးသည္းေတြ ပိုအဆင္ေျပေအာင္ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြ ခ်မွတ္မယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ အျခားေလေၾကာင္းလိုင္းေတြကိုလည္း ကိုယ္ပိုင္စည္းမ်ဥ္းေတြကို ျပန္လည္စစ္ေဆးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။
အခုလို အေျပာင္းအလဲေတြလုပ္ေနတဲ့ၾကားထဲကမွ ေဒါင္းကေလးဟာ ကံဆိုးစြာနဲ႔ ေလယာဥ္စီးခြင့္မရခဲ့ရွာတာပါ။ United Airlines ကေတာ Fox News ကိုအခုလိုေျပာပါတယ္။ ေလေၾကာင္းလိုင္းအေနနဲ႔ ေဒါင္းငွက္ကိုလက္မခံရျခင္းဟာ ငွက္ရဲ႕အေလးခ်ိန္နဲ႔ အရြယ္အစားအျပင္ အျခားအေၾကာင္းရင္းမ်ားစြာရွိတယ္လို႔ ဆိုပါတယ္။
SHARE FROM လင္းလင္း(ShweMom)
စည်းကမ်းနဲ့မညီလို့ဆိုပြီး လေယာဉ်စီးခွင့်မရရှာတဲ့ သနားစရာဒေါင်းလေး
တိရစာၦန်ချစ်သူတွေ ခရီးသွားတဲ့အခါမှာ အိမ်မွေးတိရစာၦန်လေးတွေကိုပါ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ တစ်ခါတစ်လေ ရေခြားမြေခြားကို ခရီးထွက်ရတဲ့အခါမျိုးဆိုရင် ခွေး၊ ကြောင်နဲ့ ယုန်လေးတွေကိုပါ လေယာဉ်ခရီးစဉ်မှာ တစ်ခါတည်းခေါ်သွားလေ့ ရှိပါတယ်။
ယခုဖော်ပြမယ့် အမျိုးသမီးကတော့ ဒေါင်းကလေးတစ်ကောင်ကို လေယာဉ်နဲ့ ခေါ်သွားမှာဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးဟာ နယူးဂျာစီမှာရှိတဲ့ Newark Liberty အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လှပပြီး အရောင်အသွေးစုံလင်တဲ့ ဒေါင်းငှက်ကလေးသယ်လာခဲ့တာပါ။ ဒါပေမယ့် အမေရိကန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ United Airlines ကတော့ ဒေါင်းကလေးကို လေယာဉ်ပေါ် တင်ဆောင်ဖို့ခွင့်မပြုခဲ့ပါဘူး။
အဆိုပါအဖြစ်အပျက်ဟာ ယခုရက်သတ္တပတ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးက သူမဟာ ဒေါင်းကလေးအတွက် လက်မှတ်တစ်စောင် ၀ယ်ထားကြောင်းလည်း လေကြောင်းလိုင်းကို ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေါင်းကလေးက ကံဆိုးရှာပါတယ်။ လေကြောင်းလိုင်းက ခေါ်ဆောင်ဖို့ လုံး၀ကိုငြင်းပယ်ခဲ့ပါတယ်။
အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Delta က ဇန်နဝါရီလအစောပိုင်းမှာ တိရစာၦန်တွေ လေယာဉ်ပေါ်ခေါ်ယူတာနဲ့ပတ်သက်လို့ ခရီးသည်းတွေ ပိုအဆင်ပြေအောင် တင်းကြပ်တဲ့စည်းမျဉ်းတွေ ချမှတ်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် အခြားလေကြောင်းလိုင်းတွေကိုလည်း ကိုယ်ပိုင်စည်းမျဉ်းတွေကို ပြန်လည်စစ်ဆေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အခုလို အပြောင်းအလဲတွေလုပ်နေတဲ့ကြားထဲကမှ ဒေါင်းကလေးဟာ ကံဆိုးစွာနဲ့ လေယာဉ်စီးခွင့်မရခဲ့ရှာတာပါ။ United Airlines ကတော Fox News ကိုအခုလိုပြောပါတယ်။ လေကြောင်းလိုင်းအနေနဲ့ ဒေါင်းငှက်ကိုလက်မခံရခြင်းဟာ ငှက်ရဲ့အလေးချိန်နဲ့ အရွယ်အစားအပြင် အခြားအကြောင်းရင်းများစွာရှိတယ်လို့ ဆိုပါတယ်။
SHARE FROM လင်းလင်း(ShweMom)
စည္းကမ္းနဲ႔မညီလို႔ဆုိၿပီး ေလယာဥ္စီးခြင့္မရရွာတဲ့ သနားစရာေဒါင္းေလး
Reviewed by Unknown
on
January 31, 2018
Rating:
No comments:
Post a Comment