ေဘာလိ၀ုဒ္စတားေတြ ျငင္းပယ္ခဲ့ဖူးတဲ့ ထိပ္သီးေဟာလိ၀ုဒ္ ဇာတ္ကားမ်ား



ေဘာလိ၀ုဒ္အႏုပညာရွင္ေတြထဲမွာ ေဟာလိ၀ုဒ္ထိိ ထိုးေဖာက္ၿပီး ေအာင္ျမင္မႈရေနသူေတြ အမ်ားႀကီးရွိပါတယ္။ Irrfan Khan ၊ Priyanka Chopra ၊ Aishwarya Rai Bachchan အစရွိတဲ့ အႏုပညာရွင္ေတြကေတာ႔ ေဟာလိ၀ုဒ္မွာ ေတာက္ပတဲ့ ေဘာလိ၀ုဒ္ၾကယ္ပြင့္ေတြပါ။ ေဟာလိ၀ုဒ္ရုပ္ရွင္ေတြထဲမွာ ပါ၀င္သရုပ္ေဆာင္ေပးဖုိ႔ မၾကာခဏ ကမ္းလွမ္းခံရၿပီး သူတုိ႔ေတြ ျငင္းပယ္ခဲ့တဲ့ ေဟာလိ၀ုဒ္ဇာတ္ကားတစ္ခ်ိဳ႕ ရွိပါတယ္။ အဲ့ဒါေတြကေတာ့  …

(1) Shah Rukh Khan



Khan ကေတာ့ ေအာ္စကာဆုဆြတ္ခူးခဲ့တဲ့  ‘Slumdog Millionaire’ ဇာတ္ကားမွာ သရုပ္ေဆာင္ဖုိ႔ ကမ္းလွမ္းခံခဲ့ရပါတယ္။ Anil Kapoor ရဲ႕ ဇာတ္ေကာင္ေနရာမွာ သူ႔ကို ကမ္းလွမ္းခဲ့တာပါ။ ဒါေပမယ့္ Khan က ဒီဇာတ္ေကာင္နဲ႔ သူနဲ႔ မလိုက္ဖူးဆိုၿပီး ပါ၀င္ဖို႔ကို ျငင္းဆိုခဲ့တာပါ။

(2) Deepika Padukone



Deepika Padukone ကေတာ႔ ေဟာလိ၀ုဒ္ရုပ္ရွင္ေလာကကို  ‘XxX: The Return of Xander Cage’.  နဲ႔ ၀င္လာခဲ့သူပါ။ သူမကို နာမည္ေက်ာ္ ဇာတ္ကား ‘Furious 7’ မွာ ပါ၀င္ဖို႔ ကမ္းလွမ္းခဲ့ဖူးပါတယ္။ ဒါေပမယ့္ သူမဟာ အဲ့ဒီတုန္းက ‘Happy New Year’ ဇာတ္ကားရိုက္ကူးေရးကိစၥနဲ႔ အလုပ္ရႈပ္ေနတဲ့ အတြက္ ‘Furious 7’ ကို ျငင္းခဲ့ ပါတယ္။

(3) Aishwarya Rai Bachchan



Aishwarya Rai Bachchan ကေတာ့ ေဟာလိ၀ုဒ္ဇာတ္ကားေတြ အမ်ားႀကီးမွာ ပါ၀င္သရုပ္ေဆာင္ခဲ့သူပါ။ သူမ ကေတာ႔  ေအာ္စကာ ဆန္ခါတင္စာရင္း၀င္ ‘Troy’ ဇာတ္ကားမွာ  မင္းသားဘရတ္ပစ္နဲ႔တြဲၿပီး သရုပ္ေဆာင္ရမွာပါ။ ဒါေပမယ့္ သူမရဲ႕ ဇာတ္႐ုပ္က မင္းသားန႔ဲ႔ အလြန္ကိုရင္းႏွီးျပရမယ့္ အခန္းေတြ ပါတာေၾကာင့္ ျငင္းခဲ့ပါတယ္။

(4) Ronit Roy



Ronit Roy ကေတာ့ ‘Zero Dark Thirty’ ဆိုတဲ့ ဇာတ္ကားမွာ ပါ၀င္ေပးဖုိ႔ ကမ္းလွမ္းခံခဲ့ရေပမယ့္ ျငင္းပယ္ခ့ဲပါတယ္။ အဲ့ဒီအစား ‘Student of the Year’  ကိုပဲ ရိုက္ဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။

(5) Priyanka Chopra



TV ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ ‘Quantico’ ရဲ႕ မင္းသမီးေခ်ာ Priyanka Chopra ကေတာ့ ေဟာလိ၀ုဒ္မွာပါ ေအာင္ျမင္ေနသူပါ။ သူမကိုေတာ႔ ‘Immortals’ မွာ ပါ၀င္ဖုိ႔ ကမ္းလွမး္ခဲ့ေပမယ့္ ‘7 Khoon Maaf’ ဇာတ္ကားမွာ ပါ၀င္ဖုိ႔ ကတိ ေပးၿပီး ျဖစ္တာေၾကာင့္ ‘Immortals’  ကို လက္လႊတ္ခဲ့ရတာပါ။

(6) Hrithik Roshan



Hrithik Roshan ကေတာ႔ ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ရုပ္ရည္နဲ႔ Body ေၾကာင့္ နာမည္ႀကီးသူပါ။ International face ဆန္တဲ့ ေဘာလိ၀ုဒ္စတားလို႔ အသိအမွတ္ျပဳ ခံထားရသူပါ။ သူကေေတာ့ ‘Pink Panther’ ဇာတ္ကားမွာ ပါ၀င္ေပးဖို႔ ကမ္းလွမ္းခံရေပမယ့္ Hrithik ရဲ႕ ဖခင္က သူ႔သားကို အဲ့ဒီတုနး္က ႏိုင္ငံတကာအႏုုပညာပေရာဂ်က္ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ တာမ်ိဳး မလုပ္ေစခ်င္ေသးတာရယ္၊ သူကိုယ္တိုင္ကလည္း အရမ္းႀကီး စိတ္မ၀င္စားေသးလို႔ ျငင္းပယ္ခဲ့ပါတယ္။

(7) Irrfan Khan



Irrfan Khan ကုိေတာ႔   ‘Interstellar’ ဇာတ္ကားထဲက Matt Damon အျဖစ္ သရုပ္ေဆာင္ေပးဖုိ႔ ကမ္းလွမး္ ခဲ့ေပမယ့္ အဲ့ဒီကားရိုက္ဖိုု႔အတြက္ အေမရိကန္မွာ ေလးလေလာက္ Camp  ၀င္ဖို႔ လိုပါတယ္။ တစ္ဖက္မွာလည္း The Lunchbox’ နဲ႔ D-Day’ ဇာတ္ကားေတြ ရွိေနတာေၾကာင့္ ေနာက္ဆံုးမွာေတာ႔ Irrfan က‘Interstellar’ ကို စြန္႔လႊတ္ ျငင္းပယ္ခဲ့ပါတယ္။

(8) Akshay Kumar



သူျငင္းပယ္ခဲ့တဲ့ ဇာတ္ကားနာမည္ကိုေတာ႔ မသိရေပမယ့္ မင္းသား Dwayne Johnson န႔ဲ အတူ လက္တြဲသ႐ုပ္ေဆာ္ရမယ့္ ဇာတ္ကားလို႔ ဆုိပါတယ္။ ေဟာလိ၀ုဒ္ရဲ႕ ကမ္းလွမ္းမႈေတြကို ေက်နပ္ေပ်ာ္ရႊင္မိေၾကာင္း၊ လက္ရွိ ေဘာလိ၀ုဒ္မွာလည္း သူ႔ရဲ႕ အႏုပညာတင္ဆက္မႈေတြကို အားေပးတဲ့ ပရိသတ္ေတြ ရွိထားေၾကာင္း၊ ေဟာလိ၀ုဒ္ကေတာ႔ သူနဲ႔ မသင့္ေတာ္၊ အဆင္မေျပေလာက္ဘူးထင္လုိ႔ ျငင္းရတာလို႔ ေျပာခဲ့ပါတယ္။

SHARE FROM SHWEMOM 

ဘောလိ၀ုဒ်စတားတွေ ငြင်းပယ်ခဲ့ဖူးတဲ့ ထိပ်သီးဟောလိ၀ုဒ် ဇာတ်ကားများ

ဘောလိ၀ုဒ်အနုပညာရှင်တွေထဲမှာ ဟောလိ၀ုဒ်ထိိ ထိုးဖောက်ပြီး အောင်မြင်မှုရနေသူတွေ အများကြီးရှိပါတယ်။ Irrfan Khan ၊ Priyanka Chopra ၊ Aishwarya Rai Bachchan အစရှိတဲ့ အနုပညာရှင်တွေကတော့ ဟောလိ၀ုဒ်မှာ တောက်ပတဲ့ ဘောလိ၀ုဒ်ကြယ်ပွင့်တွေပါ။ ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာ ပါ၀င်သရုပ်ဆောင်ပေးဖို့ မကြာခဏ ကမ်းလှမ်းခံရပြီး သူတို့တွေ ငြင်းပယ်ခဲ့တဲ့ ဟောလိ၀ုဒ်ဇာတ်ကားတစ်ချို့ ရှိပါတယ်။ အဲ့ဒါတွေကတော့  …

(1) Shah Rukh Khan

Khan ကတော့ အော်စကာဆုဆွတ်ခူးခဲ့တဲ့  ‘Slumdog Millionaire’ ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ Anil Kapoor ရဲ့ ဇာတ်ကောင်နေရာမှာ သူ့ကို ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် Khan က ဒီဇာတ်ကောင်နဲ့ သူနဲ့ မလိုက်ဖူးဆိုပြီး ပါ၀င်ဖို့ကို ငြင်းဆိုခဲ့တာပါ။

(2) Deepika Padukone

Deepika Padukone ကတော့ ဟောလိ၀ုဒ်ရုပ်ရှင်လောကကို  ‘XxX: The Return of Xander Cage’.  နဲ့ ၀င်လာခဲ့သူပါ။ သူမကို နာမည်ကျော် ဇာတ်ကား ‘Furious 7’ မှာ ပါ၀င်ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် သူမဟာ အဲ့ဒီတုန်းက ‘Happy New Year’ ဇာတ်ကားရိုက်ကူးရေးကိစ္စနဲ့ အလုပ်ရှုပ်နေတဲ့ အတွက် ‘Furious 7’ ကို ငြင်းခဲ့ ပါတယ်။

(3) Aishwarya Rai Bachchan

Aishwarya Rai Bachchan ကတော့ ဟောလိ၀ုဒ်ဇာတ်ကားတွေ အများကြီးမှာ ပါ၀င်သရုပ်ဆောင်ခဲ့သူပါ။ သူမ ကတော့  အော်စကာ ဆန်ခါတင်စာရင်း၀င် ‘Troy’ ဇာတ်ကားမှာ  မင်းသားဘရတ်ပစ်နဲ့တွဲပြီး သရုပ်ဆောင်ရမှာပါ။ ဒါပေမယ့် သူမရဲ့ ဇာတ်ရုပ်က မင်းသားန့ဲ့ အလွန်ကိုရင်းနှီးပြရမယ့် အခန်းတွေ ပါတာကြောင့် ငြင်းခဲ့ပါတယ်။

(4) Ronit Roy

Ronit Roy ကတော့ ‘Zero Dark Thirty’ ဆိုတဲ့ ဇာတ်ကားမှာ ပါ၀င်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ငြင်းပယ်ခ့ဲပါတယ်။ အဲ့ဒီအစား ‘Student of the Year’  ကိုပဲ ရိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

(5) Priyanka Chopra

TV ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ‘Quantico’ ရဲ့ မင်းသမီးချော Priyanka Chopra ကတော့ ဟောလိ၀ုဒ်မှာပါ အောင်မြင်နေသူပါ။ သူမကိုတော့ ‘Immortals’ မှာ ပါ၀င်ဖို့ ကမ်းလှမး်ခဲ့ပေမယ့် ‘7 Khoon Maaf’ ဇာတ်ကားမှာ ပါ၀င်ဖို့ ကတိ ပေးပြီး ဖြစ်တာကြောင့် ‘Immortals’  ကို လက်လွှတ်ခဲ့ရတာပါ။

(6) Hrithik Roshan

Hrithik Roshan ကတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ရုပ်ရည်နဲ့ Body ကြောင့် နာမည်ကြီးသူပါ။ International face ဆန်တဲ့ ဘောလိ၀ုဒ်စတားလို့ အသိအမှတ်ပြု ခံထားရသူပါ။ သူကေတော့ ‘Pink Panther’ ဇာတ်ကားမှာ ပါ၀င်ပေးဖို့ ကမ်းလှမ်းခံရပေမယ့် Hrithik ရဲ့ ဖခင်က သူ့သားကို အဲ့ဒီတုနး်က နိုင်ငံတကာအနုပညာပရောဂျက်တွေနဲ့ စာချုပ်ချုပ် တာမျိုး မလုပ်စေချင်သေးတာရယ်၊ သူကိုယ်တိုင်ကလည်း အရမ်းကြီး စိတ်မ၀င်စားသေးလို့ ငြင်းပယ်ခဲ့ပါတယ်။

(7) Irrfan Khan

Irrfan Khan ကိုတော့   ‘Interstellar’ ဇာတ်ကားထဲက Matt Damon အဖြစ် သရုပ်ဆောင်ပေးဖို့ ကမ်းလှမး် ခဲ့ပေမယ့် အဲ့ဒီကားရိုက်ဖို့အတွက် အမေရိကန်မှာ လေးလလောက် Camp  ၀င်ဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း The Lunchbox’ နဲ့ D-Day’ ဇာတ်ကားတွေ ရှိနေတာကြောင့် နောက်ဆုံးမှာတော့ Irrfan က‘Interstellar’ ကို စွန့်လွှတ် ငြင်းပယ်ခဲ့ပါတယ်။

(8) Akshay Kumar

သူငြင်းပယ်ခဲ့တဲ့ ဇာတ်ကားနာမည်ကိုတော့ မသိရပေမယ့် မင်းသား Dwayne Johnson န့ဲ အတူ လက်တွဲသရုပ်ဆော်ရမယ့် ဇာတ်ကားလို့ ဆိုပါတယ်။ ဟောလိ၀ုဒ်ရဲ့ ကမ်းလှမ်းမှုတွေကို ကျေနပ်ပျော်ရွှင်မိကြောင်း၊ လက်ရှိ ဘောလိ၀ုဒ်မှာလည်း သူ့ရဲ့ အနုပညာတင်ဆက်မှုတွေကို အားပေးတဲ့ ပရိသတ်တွေ ရှိထားကြောင်း၊ ဟောလိ၀ုဒ်ကတော့ သူနဲ့ မသင့်တော်၊ အဆင်မပြေလောက်ဘူးထင်လို့ ငြင်းရတာလို့ ပြောခဲ့ပါတယ်။

SHARE FROM SHWEMOM 
ေဘာလိ၀ုဒ္စတားေတြ ျငင္းပယ္ခဲ့ဖူးတဲ့ ထိပ္သီးေဟာလိ၀ုဒ္ ဇာတ္ကားမ်ား ေဘာလိ၀ုဒ္စတားေတြ ျငင္းပယ္ခဲ့ဖူးတဲ့ ထိပ္သီးေဟာလိ၀ုဒ္ ဇာတ္ကားမ်ား Reviewed by Unknown on January 25, 2018 Rating: 5

No comments:

Powered by Blogger.