ဘယ္ဘက္မ်က္လံုးမွာ ေဒၚလာအမွတ္အသားတက္တူးရိွတဲ့ လူတစ္ဦးဟာ သူ႕ဇနီးေဟာင္းကို အႏုိင္က်င့္ ႐ုိက္ႏွက္တိုက္ခိုက္ခဲ့ျပီးေနာက္ ေရွာင္တိမ္းေနလုိ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဝရမ္းထုတ္တာကို ခံထားရပါတယ္။
အေမရိကန္ႏုိင္ငံက (၃၄)ႏွစ္အရြယ္ရိွ Micheal Mann ဆိုသူဟာ ညာဘက္ပါးေပၚရိွ ႏႈတ္ခမ္းရာတက္တူးနဲ႔ ပါးစပ္ဘယ္ဘက္ေအာက္နားက “69” အမွတ္အသားတက္တူးတို႔ အပါအဝင္ မ်က္ႏွာေပၚက တက္တူးေပါင္းစံုေၾကာင့္၊ ဖမ္းဆီးဖို႔ ရွာရလြယ္ကူမွာျဖစ္ေၾကာင္း ရဲမ်ားက ခန္႔မွန္းထားၾကပါတယ္။
ဝရမ္းေျပးရဲ႕ ဘယ္ဘက္နားရြက္မွာ တက္တူးမ်ားနဲ႔ ဖံုးလႊမ္းေနၿပီး ေမးေစ့နဲ႔ လည္ပင္းတို႔မွာလည္း တက္တူးမ်ားစြာ ေတြ႔ရပါတယ္။ ၎ထင္ရွားတဲ့အမွတ္အသားမ်ားေတြနဲ႔ Mann ဟာ ဇနီးေဟာင္းရဲ႕အိမ္ကို ျပတင္းေပါက္ကေန ဝင္လာၿပီး သူမကို ႐ိုက္ႏွက္ၿပီး လည္ပင္းညွစ္ခဲ့ကာ အႏုိင္က်င့္တုိက္ခိုက္ခဲ့တဲ့အတြက္ အိမ္တြင္းအၾကမ္းဖက္မွဳနဲ႔ Cincinnati ရဲဌာမွ သူ႔ကို ဖမ္းဝရမ္း ထုတ္ခဲ့ပါတယ္။
၎ဝရမ္းေျပးဟာ အိမ္တြင္းအၾကမ္းဖက္မွဳအျပင္ ဓားျပမွဳ၊ မူးယစ္ေဆးမွဳတို႔နဲ႔ ျပစ္မႈမွတ္တမ္းရိွသူတစ္ဦးပါ။ သူ႔ဓာတ္ပံုကိုလည္း ျမန္ဆန္စြာဖမ္းမိေစဖို႔ ကန္တက္ကီေျမာက္ပိုင္း ရာဇဝတ္မွဳ Facebook စာမ်က္ႏွာမွာလည္း တင္ထားၿပီး ျဖစ္ပါတယ္။ လူတစ္ဦးကေတာ့ “ေက်ာင္းစာသင္ခန္းထဲမွာ ပ်င္းလို႔ ကိုယ့္မ်က္ႏွာကိုယ္ ေလွ်ာက္ျခစ္ထားတာနဲ႔တူတယ္” လို႔ ဝင္ေရးခဲ့ျပီး ေနာက္တစ္ဦးကေတာ့ “ဒီပံုနဲ႔ဆို မၾကာပါဘူး … ဖမ္းမိပါလိမ့္မယ္” လို႔ သံုးသပ္ေရးသားခဲ့ပါတယ္။
White (Shwemom)
မျက်နှာပေါ်က ထင်ရှားတဲ့တက်တူးတွေကြောင့် ထွက်ပြေးရခက်နေတဲ့ ဝရမ်းပြေးကြီး
ဘယ်ဘက်မျက်လုံးမှာ ဒေါ်လာအမှတ်အသားတက်တူးရှိတဲ့ လူတစ်ဦးဟာ သူ့ဇနီးဟောင်းကို အနိုင်ကျင့် ရိုက်နှက်တိုက်ခိုက်ခဲ့ပြီးနောက် ရှောင်တိမ်းနေလို့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဝရမ်းထုတ်တာကို ခံထားရပါတယ်။
အမေရိကန်နိုင်ငံက (၃၄)နှစ်အရွယ်ရှိ Micheal Mann ဆိုသူဟာ ညာဘက်ပါးပေါ်ရှိ နှုတ်ခမ်းရာတက်တူးနဲ့ ပါးစပ်ဘယ်ဘက်အောက်နားက “69” အမှတ်အသားတက်တူးတို့ အပါအဝင် မျက်နှာပေါ်က တက်တူးပေါင်းစုံကြောင့်၊ ဖမ်းဆီးဖို့ ရှာရလွယ်ကူမှာဖြစ်ကြောင်း ရဲများက ခန့်မှန်းထားကြပါတယ်။
ဝရမ်းပြေးရဲ့ ဘယ်ဘက်နားရွက်မှာ တက်တူးများနဲ့ ဖုံးလွှမ်းနေပြီး မေးစေ့နဲ့ လည်ပင်းတို့မှာလည်း တက်တူးများစွာ တွေ့ရပါတယ်။ ၎င်းထင်ရှားတဲ့အမှတ်အသားများတွေနဲ့ Mann ဟာ ဇနီးဟောင်းရဲ့အိမ်ကို ပြတင်းပေါက်ကနေ ဝင်လာပြီး သူမကို ရိုက်နှက်ပြီး လည်ပင်းညှစ်ခဲ့ကာ အနိုင်ကျင့်တိုက်ခိုက်ခဲ့တဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှုနဲ့ Cincinnati ရဲဌာမှ သူ့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
၎င်းဝရမ်းပြေးဟာ အိမ်တွင်းအကြမ်းဖက်မှုအပြင် ဓားပြမှု၊ မူးယစ်ဆေးမှုတို့နဲ့ ပြစ်မှုမှတ်တမ်းရှိသူတစ်ဦးပါ။ သူ့ဓာတ်ပုံကိုလည်း မြန်ဆန်စွာဖမ်းမိစေဖို့ ကန်တက်ကီမြောက်ပိုင်း ရာဇဝတ်မှု Facebook စာမျက်နှာမှာလည်း တင်ထားပြီး ဖြစ်ပါတယ်။ လူတစ်ဦးကတော့ “ကျောင်းစာသင်ခန်းထဲမှာ ပျင်းလို့ ကိုယ့်မျက်နှာကိုယ် လျှောက်ခြစ်ထားတာနဲ့တူတယ်” လို့ ဝင်ရေးခဲ့ပြီး နောက်တစ်ဦးကတော့ “ဒီပုံနဲ့ဆို မကြာပါဘူး … ဖမ်းမိပါလိမ့်မယ်” လို့ သုံးသပ်ရေးသားခဲ့ပါတယ်။
White (Shwemom)
မ်က္ႏွာေပၚက ထင္ရွားတဲ့တက္တူးေတြေၾကာင့္ ထြက္ေျပးရခက္ေနတဲ့ ဝရမ္းေျပးႀကီး
Reviewed by Unknown
on
January 25, 2018
Rating:
No comments:
Post a Comment