ရဲရင့္ေအာင္ကို ၾကာစိလို႔ေခၚတာမႀကိဳက္ဘူးဆိုတဲ့ ဧၿငိမ္းျဖဴ



သ႐ုပ္ေဆာင္ေမာ္ဒယ္ ဧၿငိမ္းျဖဴကေတာ့ လူငယ္အဆိုေတာ္ေလး ရဲရင့္ေအာင္နဲ႕ ခ်စ္သူေတြျဖစ္ေနၾကတာ ပရိတ္သတ္ႀကီး အသိျဖစ္မွာပါ ။

မၾကာေသးခင္ကမွ သူတို႔ႏွစ္ဦး ခ်စ္သူသက္တမ္း တစ္ႏွစ္ျပည့္ စုံတြဲပုံတူ တတ္တူးေလးကို အမွတ္တရအျဖစ္ ရဲရင့္ေအာင္က သူ႕လက္ဖ်ံမွာ ထိုးခဲ့ပါေသးတယ္ ။

ဒီလို ခ်စ္ခင္ၾကတဲ့ သူတို႔အတြဲေလးက အႏုပညာအလုပ္ေတြကို ၀ါသနာတူ တက္ညီလက္ညီလုပ္ကိုင္ေနရင္း ကိုယ္ဆီေအာင္ျမင္မႈရရွိထားသူေတြပါ ။

ရဲရင့္ေအာင္ ကို သ႐ုပ္ေဆာင္ ၾကာစိနဲ႕ တူတယ္ဆိုၿပီး ပရိတ္သတ္ေတြက ၾကာစိလို႔ ေနာက္ေျပာင္ေခၚၾကတဲ့အေပၚ သူ႕ခ်စ္သူ ဧၿငိမ္းျဖဴက မႀကိဳက္ဘူးလို႔ ဆိုလိုက္ပါတယ္ ။ 







" ရဲရင့္ေအာင္ကို ၾကာစိလို႔ Troll ၾကတဲ့ အေပၚမွာ သူလည္းမႀကိဳက္ဘူး ။ သူမႀကိဳက္တဲ့အရာကို သူမ်ားေျပာရင္ ကိုယ္လည္းမႀကိဳက္ဘူး ။ " လို႔ 8days Journal ရဲ႕ အင္တာဗ်ဴးတစ္ခုမွာေျဖၾကားထားတာကိုေတြ႕ရပါတယ္ ။

အိမ္ေထာင္ျပဳဖို႔အတြက္ကိုေတာ့ ...









" ဘယ္အခ်ိန္မွာ အိမ္ေထာင္ျပဳမလဲဆိုတာ မစဥ္းစားၾကေသးဘူး ။ အခုစဥ္းစားတာက စီးပြားေရးအရင္လုပ္မယ္ ။ ပိုက္ဆံေတြစုၿပီးေတာ့မွ အိမ္ေထာင္ျပဳဖို႔စဥ္းစားမယ္ ။ အမ်ားႀကီး ႀကိဳၿပီးေျပာလို႔မျဖစ္ဘူး ။ ကိုယ္ကမိန္းကေလးဆိုေတာ့ အမ်ားႀကီးေမွ်ာ္လင့္ထားေပမယ့္ ဖူးစာပါမပါက ေျပာလို႔မရဘူး " လို႔ သူမက ဆိုခဲ့တာပါ ။

ဧၿငိမ္းျဖဴက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ရိုက္ကူးဖို႔လက္ခံထားတာေတြလဲ ရွိတယ္လို႔ သိရပါတယ္ ။ 

SHARE FROM MYANMARLOAD

ရဲရင့်အောင်ကို ကြာစိလို့ခေါ်တာမကြိုက်ဘူးဆိုတဲ့ ဧငြိမ်းဖြူ

သရုပ်ဆောင်မော်ဒယ် ဧငြိမ်းဖြူကတော့ လူငယ်အဆိုတော်လေး ရဲရင့်အောင်နဲ့ ချစ်သူတွေဖြစ်နေကြတာ ပရိတ်သတ်ကြီး အသိဖြစ်မှာပါ ။

မကြာသေးခင်ကမှ သူတို့နှစ်ဦး ချစ်သူသက်တမ်း တစ်နှစ်ပြည့် စုံတွဲပုံတူ တတ်တူးလေးကို အမှတ်တရအဖြစ် ရဲရင့်အောင်က သူ့လက်ဖျံမှာ ထိုးခဲ့ပါသေးတယ် ။

ဒီလို ချစ်ခင်ကြတဲ့ သူတို့အတွဲလေးက အနုပညာအလုပ်တွေကို ဝါသနာတူ တက်ညီလက်ညီလုပ်ကိုင်နေရင်း ကိုယ်ဆီအောင်မြင်မှုရရှိထားသူတွေပါ ။

ရဲရင့်အောင် ကို သရုပ်ဆောင် ကြာစိနဲ့ တူတယ်ဆိုပြီး ပရိတ်သတ်တွေက ကြာစိလို့ နောက်ပြောင်ခေါ်ကြတဲ့အပေါ် သူ့ချစ်သူ ဧငြိမ်းဖြူက မကြိုက်ဘူးလို့ ဆိုလိုက်ပါတယ် ။ 

" ရဲရင့်အောင်ကို ကြာစိလို့ Troll ကြတဲ့ အပေါ်မှာ သူလည်းမကြိုက်ဘူး ။ သူမကြိုက်တဲ့အရာကို သူများပြောရင် ကိုယ်လည်းမကြိုက်ဘူး ။ " လို့ 8days Journal ရဲ့ အင်တာဗျူးတစ်ခုမှာဖြေကြားထားတာကိုတွေ့ရပါတယ် ။

အိမ်ထောင်ပြုဖို့အတွက်ကိုတော့ ...

" ဘယ်အချိန်မှာ အိမ်ထောင်ပြုမလဲဆိုတာ မစဉ်းစားကြသေးဘူး ။ အခုစဉ်းစားတာက စီးပွားရေးအရင်လုပ်မယ် ။ ပိုက်ဆံတွေစုပြီးတော့မှ အိမ်ထောင်ပြုဖို့စဉ်းစားမယ် ။ အများကြီး ကြိုပြီးပြောလို့မဖြစ်ဘူး ။ ကိုယ်ကမိန်းကလေးဆိုတော့ အများကြီးမျှော်လင့်ထားပေမယ့် ဖူးစာပါမပါက ပြောလို့မရဘူး " လို့ သူမက ဆိုခဲ့တာပါ ။

ဧငြိမ်းဖြူက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့လက်ခံထားတာတွေလဲ ရှိတယ်လို့ သိရပါတယ် ။ 

SHARE FROM MYANMARLOAD
ရဲရင့္ေအာင္ကို ၾကာစိလို႔ေခၚတာမႀကိဳက္ဘူးဆိုတဲ့ ဧၿငိမ္းျဖဴ ရဲရင့္ေအာင္ကို ၾကာစိလို႔ေခၚတာမႀကိဳက္ဘူးဆိုတဲ့ ဧၿငိမ္းျဖဴ


Reviewed by Unknown on January 25, 2018 Rating: 5

No comments:

Powered by Blogger.