ရည်းစားဖြစ်ပြီး (၁)နှစ်နဲ့ (၉)လအကြာမှာ ချစ်သူတွေ အဖြစ်ကနေ ပြတ်စဲခဲ့ကြပေမဲ့ သူငယ်ချင်းကောင်းတွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
SHARE FROM CELE NOW
တစ်ချိန်က ချစ်သူရညး်စားတွေ ဖြစ်ခဲ့ကြဖူးတဲ့ ကိုရီးယားဆယ်လီများ
တောင်ကိုရီးယားက အနုပညာရှင်တွေကို ချစ်ကြတဲ့ ကိုရီးယားချစ်သူ ပရိသတ်တွေအတွက် တချိန်က ချစ်သူရည်းစားတွေဖြစ်ခဲ့ပြီး နောက်မှာတော့ ကွဲကွာသွားခဲ့ကြတဲ့ ကိုရီးယားဆယ်လီတွေကို တင်ဆက်ပေးလိုက်ပါတယ်။
1.Girl’s Day အဖွဲ့ဝင် Hyeri နဲ့ H.O.T အဖွဲ့ဝင် Tony
သူတိုနှစ်ဦးကတော့ အသက်(၁၆)နှစ်တောင် ကွာတဲ့စုံတွဲဖြစ်လို့ မီဒီယာတွေရဲ့ အာရုံစိုက်မှုတွေအများကြီး ရရှိခဲ့တဲ့ စုံတွဲတစ်တွဲ ဖြစ်ခဲ့ပါတယ်။ နှစ်တစ်ဝက်လောက် အချိန်ကြာသည်အထိ တွဲခဲ့ပေမဲ့ မအားမလပ်တဲ့ အနုပညာအလုပ်တွေကြောင့် (၂၀၁၃)ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။
2. Song Hye Kyo နဲ့ Hyun Bin
သူတို့နှစ်ဦးကတော့ လမ်းခွဲပြီးတဲ့ နောက်မှာတောင် အခုအချိန်အထိ မိတ်ဆွေကောင်းတွေအဖြစ် ရှိနေကြဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူသက်တမ်းကတော့ (၂)နှစ်အထိ ကြာခဲ့ပါတယ်။
3. EXIDရဲ့ Hani နဲ့JYJရဲ့ Junsu
သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြပြီဆိုတာကို (၂၀၁၅)နှစ်ကုန်ပိုင်းလောက်မှာ ပရိသတ်တွေကို အသိပေးခဲ့ပြီး တစ်နှစ်အကြာမှာတော့ သူတို့နှစ်ဦး ချစ်သူအဖြစ်က ပြတ်စဲလိုက်ပြီဆိုတာကို EXID ရဲ့ အနုပညာအေဂျင်စီက နေကြေညာခဲ့ပါတယ်။
4. T-ARA အဖွဲ့ဝင် Jiyeon နဲ့ Lee Dong Gun
သူတို့နှစ်ဦးကလည်း ရည်းစားသက်တမ်း (၂)နှစ်ကြာ လက်တွဲခဲ့ကြပြီး မအားမလပ်တဲ့ အနုပညာအလုပ်တွေနဲ့ အလုပ်ချိန်တွေပိနေတဲ့ အချိန်ဇယားတွေကြောင့် လမ်းခွဲခဲ့ကြပါတယ်။
5. Goo Hara နဲ့ HIGHLIGHT ရဲ့ Junhyung
သူတို့နှစ်ဦးကလည်း (၂)နှစ်ကြာ ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြပြီးတော့ (၂၀၁၃)ခုနှစ်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
6. Girls’ Generationရဲ့ Tiffany နဲ့ 2PMရဲ့ Nichkhun
သူတို့စုံတွဲကလည်း နှစ်တစ်ဝက်ကြာ ချစ်သူတွေ ဖြစ်ခဲ့ကြပြီးနောက် လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
7. Girls’ Generationရဲ့ YoonA နဲ့ Lee Seung Gi
ရည်းစားဖြစ်ပြီး (၁)နှစ်နဲ့ (၉)လအကြာမှာ ချစ်သူတွေ အဖြစ်ကနေ ပြတ်စဲခဲ့ကြပေမဲ့ သူငယ်ချင်းကောင်းတွေအဖြစ် ဆက်လက််ရှိိနေဆဲ ဖြစ်ပါတယ်။
8. Girls’ Generationရဲ့ Taeyeon နဲ့ EXOရဲ့ Baekhyun
ရည်းစားတွေဖြစ်နေကြောင်းကို (၂၀၁၄)ခုနှစ်မှာ အသိပေးခဲ့ပြီးနောက် (၂၀၁၅)ခုနှစ်မှာ ချစ်သူရည်းစားဘဝကနေ ပြတ်ဆဲခဲ့ပါတယ်။
9. f(x) ရဲ့ Krystal နဲ့ EXOရဲ့ Kai
သူတို့နှစ်ဦးကတော့ (၂၀၁၆)ခုနှစ်မှာ ရည်းစားတွေဖြစ်ခဲ့ကြပြီး (၂၀၁၇)ခုနှစ်မှာ ချစ်သူအဖြစ်ကနေ ပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။
SHARE FROM CELE NOW
တစ်ချိန်က ချစ်သူရည်းစားတွေ ဖြစ်ခဲ့ကြဖူးတဲ့ ကိုရီးယားဆယ်လီများ
Reviewed by Unknown
on
January 30, 2018
Rating:
No comments:
Post a Comment