(၁၁)နှစ်ရွယ် ကောင်မလေးကို ကျောင်းစောင့်က အကြိမ်ကြိမ် မုဒိမ်းကျင့်



ကလေးသူငယ်မုဒိမ်းမှုတွေဟာ တဖြည်းဖြည်းပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ကလေးသူငယ် မုဒိမ်းကျင့်ခံရတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မိဘတွေကို ပိုမိုသတိထားဆင်ခြင်နိုင်ဖို့ တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ Henan  ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။အဲဒီမှာတော့ အသက် (၁၁)နှစ်အရွယ်ကလေးမလေးဟာ ကျောင်းစောင့်အမျိုးသားတစ်ဦးရဲ့ အကြိမ်ကြိမ်မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရခဲ့ပါတယ်။

Lele ဆိုတဲ့ မိန်းကလေးဟာ (၂၀၀၆)ခုနှစ်က မွေးဖွားခဲ့သူပါ။ ကလေးမလေးရဲ့ ဖခင်ဟာ ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်း ဖြစ်နေသလို မိခင်ဖြစ်သူကလည်း စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်နေတာပါ။ ဖခင်က ရွှေ့ပြောင်းလုပ်သားတစ်ယောက် ဖြစ်ပြီး Lele ကပဲ သူမရဲ့ စိတ်မကျန်းမာတဲ့ မိခင်နဲ့ အစ်မဖြစ်သူကို စောင့်ရှောက်ပေးနေရတာပါ။

ပြီးခဲ့တဲ့လက သူမရဲ့ နေရထိုင်ရတာ မအီမသာဖြစ်လို့ ဆေးခန်းပြကြည့်တဲ့အခါမှာတော့ ကိုယ်ဝန်ငါးလရှိနေတာကို သိခဲ့တာပါ။ အရွယ်မရောက်သေးတဲ့ ကလေးမလေးရဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။ Lele ဟာ Magutian  ရွာ မှာရှိတဲ့ မူလတန်းကျောင်းမှာ တက်ရောက်နေသူပါ။









သူမအသက် (၉)နှစ်မှာတည်းက Liu ဆိုတဲ့ အမျိုးသားရဲ့ မုဒိမ်းကျင့်တာကို ခံခဲ့ရပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် အကျင့်ခံခဲ့ရတာပါ။ ကစားကွင်းမှာ ကစားနေတုန်း တခြားကလေးတွေကို နှင်ထုတ်ပြီး သူမကိုမုဒိမ်းကျင့်ခဲ့ပါတယ်။ တခြားသူတွေကို ပြန်ပြောရင် နင့်မိသားစုကိုသတ်မယ် ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းကစပြီး ကလေးမလေးကို အကြိမ်အကြိမ် မုဒိမ်းကျင့်ခဲ့တာပါ။ ကလေးမရဲ့ အိမ်အထိပါ လိုက်စုံစမ်းပြီး စာအုပ်ငှားချင်ယောင်ဆောင်ပြီး ကလေးကို အိမ်အထိလာခေါ်ပြီး မုဒိမ်းကျင့်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ စိတ်ကျန်း မာရေး မကောင်းတဲ့ Lele  ရဲ့ အမေကပါ ဒါဟာ ပုံမှန်အခြေအနေမဟုတ်မှန်း သတိထားမိခဲ့ပါတယ်။

Liu ဆိုတဲ့ အမျိုးသားဟာ အသက်(၅၀)ဖြစ်ပြီး၊ အိမ်ထောင်ရှိအမျိုးသား ဖြစ်သလို သားသမီးလည်း ရှိပါတယ်။ ကျောင်းမှာ အလုပ်လုပ်လာတ ငါးနှစ်ကျော်လောက် ရှိနေပါပြီ။ ကျောင်းမှာ အလုပ်လုပ်နေစဉ်အချိန်အတွင်း တခြားဘာမှ ထူးထူးခြားခြားမရှိပဲ ပုံမှန်အခြေအနေမျိုးပဲလို့ ကျောင်းအုပ်ကြီးက Liu ရဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ “ကျောင်းဆရာ မဟုတ်ပါဘူး။ သူက ကျောင်းရဲ့ လုံခြုံရေးပါ” လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။

DNA မစစ်ခင်ထိ Liu ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားခဲ့ပါတယ်။ တစ်ချိန်တုန်းက ကျောင်းမှာ အဆင့်ကောင်းကောင်းရခဲ့တဲ့ ကလေးမလေးကတော့ အခုဆိုရင် လုံးဝတိတ်ဆိတ်နေပြီး ဘယ်သူနဲ့မှလည်း စကားမပြောတော့ဘူးလို့ သိရပါတယ်။Lele ရဲ့ အကြောင်းဟာ တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့သွားခဲ့ပါတယ်။

လူမမယ်အရွယ်ကလေးကို အနိုင်ကျင့်တဲ့ Liu ဆိုတဲ့ ကျောင်းစောင့်ကို သေဒဏ်ပေးဖို့၊ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေက တောင်းဆို နေကြ ပါတယ်။ နောက်ဆုံးရသတင်းမှာတော့ကလေးမလေးရဲ့ မိဘ၊ဆွေမျိုးတွေက ကိုယ်ဝန်ကို ဖျက်ချပစ်ဖို့ ဆုံးဖြတ်ခဲ့ ကြောင်း Medium မှာဖော်ပြထားပါတယ်။

SHARE FROM SHWEMOM 
(၁၁)နှစ်ရွယ် ကောင်မလေးကို ကျောင်းစောင့်က အကြိမ်ကြိမ် မုဒိမ်းကျင့် (၁၁)နှစ်ရွယ် ကောင်မလေးကို ကျောင်းစောင့်က အကြိမ်ကြိမ် မုဒိမ်းကျင့် Reviewed by Unknown on January 30, 2018 Rating: 5

No comments:

Powered by Blogger.