ဘာဘီမိန္းကေလးအ႐ုပ္လိုပဲ Ken ေယာက္်ားေလးအ႐ုပ္ဆိုတာ ရိွပါတယ္။ Rodrigo Alves ဆိုသူဟာ Ken အ႐ုပ္နဲ႔ တူခ်င္ခဲ့လုိ႔ ခြဲစိတ္မွဳအခါခါခံယူခဲ့ကာ အခုဆိုရင္ သူလိုခ်င္တဲ့ ပံုပန္းသြင္ျပင္ရလဒ္ကို ရသြားၿပီလုိ႔ဆိုပါတယ္။ ေနာက္ဆံုးခြဲစိတ္မွဳမွာေတာ့ သူဟာ နံ႐ိုး(၄)ေခ်ာင္းကို ဖယ္ထုတ္ၿပီး ခါးဆုိဒ္ လက္မ(၂၀)သာ ရိွေအာင္ ခြဲစိတ္ခဲ့ပါတယ္။
“ကၽြန္ေတာ္လိုခ်င္တဲ့ပံုစံ ကြက္တိရပါၿပီ။ ခြဲစိတ္မွဳေတြလည္း ထပ္မလုပ္ေတာ့ဘဲ ၿပီးဆံုးသြားပါၿပီ။ အခ်ိန္ၾကာလာလို႔ ခြဲစိတ္ထားတဲ့ေနရာေတြ တစ္ခုခု ေလ်ာ့ရဲလာရင္ေတာ့ ထပ္ခြဲစိတ္ရမွာပါ။ အခုကၽြန္ေတာ့္ပံုစံနဲ႔ ကိုယ္ပုိင္စတိုင္၊ ဖက္ရွင္နဲ႔ ေနထိုင္မွဳဘဝပံုစံတို႔ကို နာမည္ေက်ာ္ေအာင္ တည္ေဆာက္သြားခ်င္ပါတယ္” လို႔ Rodrigo က မီဒီယာတစ္ခုကို ေျဖၾကားခဲ့ပါတယ္။
Rodrigo ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ေရႊကမၻာလံုးဆုေပးပြဲကိုလည္း တက္ေရာက္ခဲ့ၿပီး သူ႔ကို မင္းသားတင္႐ိုက္ဖို႔ စိတ္ဝင္စားတဲ့လူေတြနဲ႔လည္း ေတြ႔ခဲ့ေၾကာင္းဆိုပါတယ္။ Rodrigo ဟာ ကုိယ္က်ပ္အက်ႌမဝတ္တာေတာင္ သူ႔ခႏၶာကိုယ္ရဲ႕ ေသးသြယ္တဲ့ ရလဒ္ကို ျမင္ႏုိင္တယ္လို႔ ဆိုပါေသးတယ္။ အေျခအေနေကာင္းတဲ့ေန႔ေတြမွာဆို သူ႔ခါးဟာ လက္မ (၂၀)အထိ ေသးလာၿပီး အဲ့လိုေန႔မ်ိဳးဆိုရင္လည္း ဘာမွမစားေတာ့ေၾကာင္း သိရပါတယ္။
နယူးေယာက္ရင္ျပင္မွာ ထြက္ေလွ်ာက္ခဲ့တဲ့သူ႔ကို ျမင္လိုက္တဲ့ အမ်ိဳးသမီးတစ္ဦးဟာ ဝမ္းသာလြန္းလို႔ မ်က္ရည္က်ခဲ့ျပီး သူမလည္း ပလတ္စတစ္ဆာဂ်ရီအနည္းငယ္ ခံယူထားေၾကာင္း ေျပာခဲ့ပါတယ္။ Rodrigo ကို အင္တာဗ်ဴးခဲ့တဲ့ This Morning ဆိုတဲ့ အစီအစဥ္မွာ ဖယ္ထုတ္ခဲ့တဲ့ သူ႔နံ႐ိုး (၄)ေခ်ာင္းကို မွန္ကရားထဲထည့္ၿပီး ျပသခဲ့ပါေသးတယ္။
Rodrigo ဟာ နံ႐ုိး (၆)ေခ်ာင္း ဖယ္ထုတ္ခဲ့ခ်င္ေပမယ့္ ဆရာဝန္မ်ားက ခြင့္မျပဳတဲ့အတြက္ (၄)ေခ်ာင္းသာ ထုတ္ခဲ့ရၿပီး ခြဲစိတ္ဒဏ္ရာကုသေနခ်ိန္မွာ သူ႔ရဲ႕ ခါး႐ိုးကို ကာကြယ္ဖို႔အတြက္ ကိုယ္က်ပ္အက်ႌဝတ္ၿပီး ေနခဲ့ရပါတယ္။ Rodrigo ဟာ ဆရာဝန္ေကာင္းေတြနဲ႔သာ တန္းေတြ႔ခဲ့မယ္ဆိုရင္ ခြဲစိတ္မွဳ အႀကိမ္(၆၀)အထိ လုပ္စရာမလုိဘဲ (၁၀)ႀကိမ္ေလာက္သာ လုိမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။
အခုဆိုရင္ေတာ့ (၃၄)ႏွစ္အရြယ္ Ken အ႐ုပ္ပံုစံတူလူသားဟာ သူ႔အသြင္အျပင္ကို အလြန္ေက်နပ္အားရေနျပီး ပလတ္စတစ္ဆာဂ်ရီက သူ႔ဘဝကို ေျပာင္းလဲသြားေစခဲ့ေၾကာင္း ဆိုပါတယ္။ သူပါဝင္တဲ့ This Morning ဆိုတဲ့ အစီအစဥ္ကို ၾကည့္ေနခဲ့ၾကတဲ့လူမ်ားထဲမွာ သူ႔ေျပာင္းလဲမွဳကို ေၾကာက္ရြံ႕တဲ့ ေဝဖန္မွဳမ်ားလည္းရိွသလို အံ့အားသင့္တဲ့ တံု႔ျပန္မွဳမ်ားလည္း ေတြ႔ရိွခဲ့ရပါတယ္။
SHARE FROM White (Shwemom)
အရုပ်နဲ့တူအောင် အခါခါခွဲစိတ်ခဲ့သူ၊ နောက်ဆုံးခွဲစိတ်မှုအပြီးမှာ လူလုံးထွက်ပြခဲ့
ဘာဘီမိန်းကလေးအရုပ်လိုပဲ Ken ယောက်ျားလေးအရုပ်ဆိုတာ ရှိပါတယ်။ Rodrigo Alves ဆိုသူဟာ Ken အရုပ်နဲ့ တူချင်ခဲ့လို့ ခွဲစိတ်မှုအခါခါခံယူခဲ့ကာ အခုဆိုရင် သူလိုချင်တဲ့ ပုံပန်းသွင်ပြင်ရလဒ်ကို ရသွားပြီလို့ဆိုပါတယ်။ နောက်ဆုံးခွဲစိတ်မှုမှာတော့ သူဟာ နံရိုး(၄)ချောင်းကို ဖယ်ထုတ်ပြီး ခါးဆိုဒ် လက်မ(၂၀)သာ ရှိအောင် ခွဲစိတ်ခဲ့ပါတယ်။
“ကျွန်တော်လိုချင်တဲ့ပုံစံ ကွက်တိရပါပြီ။ ခွဲစိတ်မှုတွေလည်း ထပ်မလုပ်တော့ဘဲ ပြီးဆုံးသွားပါပြီ။ အချိန်ကြာလာလို့ ခွဲစိတ်ထားတဲ့နေရာတွေ တစ်ခုခု လျော့ရဲလာရင်တော့ ထပ်ခွဲစိတ်ရမှာပါ။ အခုကျွန်တော့်ပုံစံနဲ့ ကိုယ်ပိုင်စတိုင်၊ ဖက်ရှင်နဲ့ နေထိုင်မှုဘဝပုံစံတို့ကို နာမည်ကျော်အောင် တည်ဆောက်သွားချင်ပါတယ်” လို့ Rodrigo က မီဒီယာတစ်ခုကို ဖြေကြားခဲ့ပါတယ်။
Rodrigo ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရွှေကမ်ဘာလုံးဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ပြီး သူ့ကို မင်းသားတင်ရိုက်ဖို့ စိတ်ဝင်စားတဲ့လူတွေနဲ့လည်း တွေ့ခဲ့ကြောင်းဆိုပါတယ်။ Rodrigo ဟာ ကိုယ်ကျပ်အကျႌမဝတ်တာတောင် သူ့ခန္ဓာကိုယ်ရဲ့ သေးသွယ်တဲ့ ရလဒ်ကို မြင်နိုင်တယ်လို့ ဆိုပါသေးတယ်။ အခြေအနေကောင်းတဲ့နေ့တွေမှာဆို သူ့ခါးဟာ လက်မ (၂၀)အထိ သေးလာပြီး အဲ့လိုနေ့မျိုးဆိုရင်လည်း ဘာမှမစားတော့ကြောင်း သိရပါတယ်။
နယူးယောက်ရင်ပြင်မှာ ထွက်လျှောက်ခဲ့တဲ့သူ့ကို မြင်လိုက်တဲ့ အမျိုးသမီးတစ်ဦးဟာ ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ပြီး သူမလည်း ပလတ်စတစ်ဆာဂျရီအနည်းငယ် ခံယူထားကြောင်း ပြောခဲ့ပါတယ်။ Rodrigo ကို အင်တာဗျူးခဲ့တဲ့ This Morning ဆိုတဲ့ အစီအစဉ်မှာ ဖယ်ထုတ်ခဲ့တဲ့ သူ့နံရိုး (၄)ချောင်းကို မှန်ကရားထဲထည့်ပြီး ပြသခဲ့ပါသေးတယ်။
Rodrigo ဟာ နံရိုး (၆)ချောင်း ဖယ်ထုတ်ခဲ့ချင်ပေမယ့် ဆရာဝန်များက ခွင့်မပြုတဲ့အတွက် (၄)ချောင်းသာ ထုတ်ခဲ့ရပြီး ခွဲစိတ်ဒဏ်ရာကုသနေချိန်မှာ သူ့ရဲ့ ခါးရိုးကို ကာကွယ်ဖို့အတွက် ကိုယ်ကျပ်အကျႌဝတ်ပြီး နေခဲ့ရပါတယ်။ Rodrigo ဟာ ဆရာဝန်ကောင်းတွေနဲ့သာ တန်းတွေ့ခဲ့မယ်ဆိုရင် ခွဲစိတ်မှု အကြိမ်(၆၀)အထိ လုပ်စရာမလိုဘဲ (၁၀)ကြိမ်လောက်သာ လိုမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
အခုဆိုရင်တော့ (၃၄)နှစ်အရွယ် Ken အရုပ်ပုံစံတူလူသားဟာ သူ့အသွင်အပြင်ကို အလွန်ကျေနပ်အားရနေပြီး ပလတ်စတစ်ဆာဂျရီက သူ့ဘဝကို ပြောင်းလဲသွားစေခဲ့ကြောင်း ဆိုပါတယ်။ သူပါဝင်တဲ့ This Morning ဆိုတဲ့ အစီအစဉ်ကို ကြည့်နေခဲ့ကြတဲ့လူများထဲမှာ သူ့ပြောင်းလဲမှုကို ကြောက်ရွံ့တဲ့ ဝေဖန်မှုများလည်းရှိသလို အံ့အားသင့်တဲ့ တုံ့ပြန်မှုများလည်း တွေ့ရှိခဲ့ရပါတယ်။
SHARE FROM White (Shwemom)
အ႐ုပ္နဲ႔တူေအာင္ အခါခါခြဲစိတ္ခဲ့သူ၊ ေနာက္ဆံုးခြဲစိတ္မွဳအၿပီးမွာ လူလံုးထြက္ျပခဲ့
Reviewed by Unknown
on
January 29, 2018
Rating:
No comments:
Post a Comment