အခ်ိဳ ့ေတြက ႐ုပ္ရွင္ထဲမွာတင္မကဘဲ ျပင္ပဘဝမွာပါ မင္းသားေလး ျဖစ္ေနတတ္ၾကပါတယ္ ။ ဒီလိုအျဖစ္ကိုေတာ့ တ႐ုတ္ျပည္က သ႐ုပ္ေဆာင္တစ္ေယာက္ကိုၾကည့္ရင္ သိနိုင္မွာပါ ။ သူ ့နာမည္က Yu Haoming လို႔ေခၚပါတယ္ ။ တ႐ုတ္မင္းသားတစ္ေယာက္ပါ ။ ေခ်ာလြန္းလို႔ Boys Over Flowers တ႐ုတ္ Version မွာပါ ၀င္ေရာက္သ႐ုပ္ေဆာင္ခြင့္ရရွိခဲ့ပါတယ္ ။ သူက ခုေတာ့ အရင္ကေလာက္မေခ်ာေမာနိုင္ေတာ့ပါဘူး ။ အေၾကာင္းကေတာ့ မီးေလာင္ခံလိုက္ရလို႔ ကုသမႈေတြ ခံယူခဲ့ရတာေၾကာင့္ပါ ။
ရိုက္ကြင္းမေတာ္တဆမႈတစ္ခုမွာ တြဲဖက္ မင္းသမီးကို ကယ္တင္ရင္း မီးေလာင္ဒဏ္ရာေတြ ဆိုးဆိုး႐ြား႐ြား သူရခဲ့ပါတယ္ ။ သူတို႔ႏွစ္ေယာက္ ႐ုပ္ရွင္ရိုက္ေနၾကတဲ့ ေနရာမွာ ေပါက္ကြဲမႈျဖစ္ၿပီး မီးေတြပြင့္ထြက္လာတဲ့ အခါ မင္းသမီးကို မထိခိုက္ေအာင္ သူ႕ခႏၱာကိုယ္နဲ႕ ကြယ္ၿပီး ကာေပးခဲ့တာေၾကာင့္ သူ႕ခႏၱာကိုယ္ရဲ႕ ၃၉ ရာခိုင္ႏႈန္းေလာက္ မီးေလာင္ကြၽမ္းခံခဲ့ရပါတယ္ ။ အဲဒီမီးေလာင္မႈအတြက္ ႏွစ္ႏွစ္ေလာက္ ကုသမႈခံယူခဲ့ရၿပီးေနာက္မွာ သူ႕မ်က္ႏွာႏုႏုေခ်ာေခ်ာေလးက ေျပာင္းလဲသြားခဲ့ရပါတယ္ ။
Boys Over Flower ရဲ႕ တ႐ုတ္ Version မွာပါ၀င္သ႐ုပ္ေဆာင္ၿပီး နာမည္ပိုႀကီးလာခဲ့တဲ့ Yu Haoming က မီးေလာင္မႈၿပီးေနာက္ပိုင္းမွာေတာ့ ပရိတ္သတ္ေတြက သူရဲ႕ ရဲရင့္မႈအတြက္ ဂုဏ္ျပဳခဲ့ၾကေပမယ့္ အႏုပညာဘက္မွာေတာ့ အရင္ကလို Star တစ္ေယာက္ရဲ႕ မ်က္ႏွာပုံစံကိုျပန္မရေတာ့တဲ့ အတြက္ ေအာင္ျမင္မႈေတြ က်ဆင္းသြားခဲ့ပါတယ္
။ နာမည္မႀကီးေတာ့ေပမယ့္ သစၥာရွိတဲ့ Fan အခ်ိဳ ့နဲ႕ သူ႕ကိုေလးစားခ်စ္ခင္တဲ့ ပရိတ္သတ္အခ်ိဳ ့ကေတာ့ သူ႕အနားမွာ အားေပးေနၾကတုန္းပါပဲ ။ အမွန္တကယ္ေတာ့ Yu Haoming ဟာ ႐ုပ္ရွင္ထဲမွာတင္ မင္းသားျဖစ္ခဲ့တာမဟုတ္ဘဲ ျပင္ပဘဝမွာပါ ရဲရင့္တဲ့ မင္းသားေလးတစ္ေယာက္ျဖစ္ခဲ့တာပဲျဖစ္ပါတယ္ ...
SHARE FROM MYANMARLOAD
တွဲဖက်မင်းသမီးကို ကယ်ရင်း မီးလောင်ခံလိုက်ရတဲ့ F4 မင်းသား
အချို ့တွေက ရုပ်ရှင်ထဲမှာတင်မကဘဲ ပြင်ပဘဝမှာပါ မင်းသားလေး ဖြစ်နေတတ်ကြပါတယ် ။ ဒီလိုအဖြစ်ကိုတော့ တရုတ်ပြည်က သရုပ်ဆောင်တစ်ယောက်ကိုကြည့်ရင် သိနိုင်မှာပါ ။ သူ ့နာမည်က Yu Haoming လို့ခေါ်ပါတယ် ။ တရုတ်မင်းသားတစ်ယောက်ပါ ။ ချောလွန်းလို့ Boys Over Flowers တရုတ် Version မှာပါ ၀င်ရောက်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ် ။ သူက ခုတော့ အရင်ကလောက်မချောမောနိုင်တော့ပါဘူး ။ အကြောင်းကတော့ မီးလောင်ခံလိုက်ရလို့ ကုသမှုတွေ ခံယူခဲ့ရတာကြောင့်ပါ ။
ရိုက်ကွင်းမတော်တဆမှုတစ်ခုမှာ တွဲဖက် မင်းသမီးကို ကယ်တင်ရင်း မီးလောင်ဒဏ်ရာတွေ ဆိုးဆိုးရွားရွား သူရခဲ့ပါတယ် ။ သူတို့နှစ်ယောက် ရုပ်ရှင်ရိုက်နေကြတဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးတွေပွင့်ထွက်လာတဲ့ အခါ မင်းသမီးကို မထိခိုက်အောင် သူ့ခန္တာကိုယ်နဲ့ ကွယ်ပြီး ကာပေးခဲ့တာကြောင့် သူ့ခန္တာကိုယ်ရဲ့ ၃၉ ရာခိုင်နှုန်းလောက် မီးလောင်ကျွမ်းခံခဲ့ရပါတယ် ။ အဲဒီမီးလောင်မှုအတွက် နှစ်နှစ်လောက် ကုသမှုခံယူခဲ့ရပြီးနောက်မှာ သူ့မျက်နှာနုနုချောချောလေးက ပြောင်းလဲသွားခဲ့ရပါတယ် ။
Boys Over Flower ရဲ့ တရုတ် Version မှာပါ၀င်သရုပ်ဆောင်ပြီး နာမည်ပိုကြီးလာခဲ့တဲ့ Yu Haoming က မီးလောင်မှုပြီးနောက်ပိုင်းမှာတော့ ပရိတ်သတ်တွေက သူရဲ့ ရဲရင့်မှုအတွက် ဂုဏ်ပြုခဲ့ကြပေမယ့် အနုပညာဘက်မှာတော့ အရင်ကလို Star တစ်ယောက်ရဲ့ မျက်နှာပုံစံကိုပြန်မရတော့တဲ့ အတွက် အောင်မြင်မှုတွေ ကျဆင်းသွားခဲ့ပါတယ်
။ နာမည်မကြီးတော့ပေမယ့် သစ္စာရှိတဲ့ Fan အချို ့နဲ့ သူ့ကိုလေးစားချစ်ခင်တဲ့ ပရိတ်သတ်အချို ့ကတော့ သူ့အနားမှာ အားပေးနေကြတုန်းပါပဲ ။ အမှန်တကယ်တော့ Yu Haoming ဟာ ရုပ်ရှင်ထဲမှာတင် မင်းသားဖြစ်ခဲ့တာမဟုတ်ဘဲ ပြင်ပဘဝမှာပါ ရဲရင့်တဲ့ မင်းသားလေးတစ်ယောက်ဖြစ်ခဲ့တာပဲဖြစ်ပါတယ် ...
SHARE FROM MYANMARLOAD
တြဲဖက္မင္းသမီးကို ကယ္ရင္း မီးေလာင္ခံလိုက္ရတဲ့ F4 မင္းသား
Reviewed by Unknown
on
January 27, 2018
Rating:
No comments:
Post a Comment