Fan ေတြအတြက္ အခ်စ္ပိုစရာျဖစ္ခဲ့တဲ့ လီမင္ဟိုရဲ႕ ပရဟိတလႈပ္ရွားမႈမ်ား



ကိုုရီးယားမင္းသားေခ်ာ လီမင္ဟို ကေတာ႔ F4 ဇာတ္ကားနဲ႔ ပရိသတ္ေတြရဲ႕ ႏွလံုးသားထဲကို ၀င္ေရာက္လာခဲ့သူပါ။ အာ ရွရဲ႕ Perfect Man ဆိုၿပီး ေဖာ္ျပျခင္းခံရသူပါ။ လက္တေလာမွာေတာ႔ စစ္မႈထမ္းေနပါတယ္။ (၂၀၁၇) ေမ (၁၂) ရက္ေန႔ကစၿပီး စစ္မႈထမ္းခဲ့ကာ (၂၀၁၉) ေလာက္က်မွ တာ၀န္ေတြၿပီးဆံုးၿပီး ပရိသတ္ေဆြဆီ ျပန္လာႏိုင္မွာပါ။

လီမင္ဟုိကို သူ႔ရဲ႕ ပရိသတ္ေတြက ခ်စ္ၾကတာဟာ သူ႔ရဲ႕ ေခ်ာေမာတဲ့ ရုပ္ရည္နဲ႔ အႏုပညာ အရည္အခ်င္းေတြေၾကာင့္ ပဲ မဟုတ္ပါဘူး။ သူ႔ရဲ႕ စိတ္ဓါတ္ေၾကာင့္လည္း ပါပါတယ္။ ပရိသတ္ေတြ သူ႔ကို အခ်စ္ပိုေစတဲ့ လီမင္ဟိုရဲ႕ အႏုပညာျပင္ ပ လႈပ္ရွားမႈေတြအေၾကာင္းကို ေဖာ္ျပေပး ခ်င္ပါတယ္။ ဒီအေၾကာင္းေတြကို မသိရေသးတဲ့ လီမင္ဟိုရဲ႕ ပရိသတ္ေတြ အဖုိ႔ ကေတာ႔ သိၿပီး၊ ဖတ္ၿပီးရင္ ပိုၿပီးအခ်စ္တိုးသြားမွာ ေသခ်ာပါတယ္။







(၁) ကေလးသူငယ္ျပဳစုေစာင့္ေရွာက္ေရးမွာ လွဴဒါန္း



Holt International Children’s Service ဆိုတဲ့ ပရဟိတအဖြဲ႔က ကိုရီးယား၊ မြန္ဂိုလီယား၊ ကေမၻာဒီးယား ၊တန္ဇန္နီးယားႏိုင္ငံက ကေလးသူငယ္ေတြကို ျပဳစုေစာင့္ေရွာက္ရာမွာ ပါ၀င္ကူညီေပးဖို႔  (၂၀၁၆) ေဖေဖာ္ ၀ါရီက ကမ္းလွမး္ခဲ့ပါတယ္။ လီမင္ဟုိရဲ႕ ပရဟိတအဖြဲ႕အစည္း Platform ျဖစ္တဲ့ PROMIZ က ကန္ေဒၚလာ( $40,550 USD) လွဴဒါန္းခဲ့ပါတယ္။

(၂) တရုတ္က မူလတန္းေက်ာင္းကိုလည္း လွဴဒါန္း



တရုတ္ကို သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈ ပရိုမိုးရွင္းအတြက္ သြားတုန္းက ကူညီလွဴဒါန္းေပးခဲ့တာပါ။ တရုတ္ႏုိင္ငံ Guang zhou ၿမိဳ႕မွာရွိတဲ့ Hope ဆိုတဲ့ မူလတန္းေက်ာင္းကို ရန္ပံုေငြရေအာင္ သူ႔ရဲ႕ အသုံးအေဆာင္ပစၥည္းေတြကို ေပးခဲ့ပါ တယ္။ အဲ့ဒီပစၥည္းေတြကို ေလလံပစ္ေရာင္းခ်တဲ့ အခါမွာေတာ႔ ($15,000 USD) ရခဲ့ပါတယ္။

(၃) နီေပါငလ်င္ကိိုလည္း ကူညီလိုက္ျပန္



(၂၀၁၅)တုန္းက နီေပါမွာ ငလ်င္ေဘးသင့္ခဲ့ေတာ႔လည္း လီမင္ဟိုက ငလ်င္ေဘးသင့္မႈေၾကာင့္ ဒုကၡေရာက္ေနတဲ့ နီေပါျပည္သူေတြအတြက္ ကန္ေဒၚလာ ($90,000 USD)ေက်ာ္ လွဴဒါန္းေပးခဲ့ပါတယ္။ ပိုၿပီးခ်စ္စရာ ေကာင္းတာက သူ႔ရဲ႕နာမည္နဲ႔ မလွဴဘဲ သူ႔ရဲ႕ Fan club “Minoz” ရဲ႕ နာမည္နဲ႔ လွဴခဲ့တာပါ။ ပရိသတ္ေတြကို အေလးထားတဲ့ သူ႔စိတ္ကို တစ္ဖက္လွည့္နည္းနဲ႔ ေဖာ္ျပခဲ့တာပါ။

(၄) ပိုေတာက္ပတဲ့ မနက္ဖန္ေတြ ပိုင္ဆုိင္ဖို႔ PROMIZ  ကို ဖြဲ႕စည္းထူေထာင္



(၂၀၁၄)မွာေတာ႔ လီမင္ဟိုက  PROMIZ ဆုိတဲ့  Social Donation Platform ကို ထူေထာင္ခဲ့ပါတယ္။ ပရဟိတ လႈပ္ရွားမႈေတြကို  Minoz ဆုိတဲ့ နာမည္နဲ႔ လႈပ္ရွားခဲ့ေပမယ့္ ထပ္ၿပီးေတာ႔ PROMIZ  ကို ဖြဲ႕စည္းခဲ့တာပါ။ PROMIZ  ကေတာ႔ လူမႈေရးလုပ္ရွားမႈေတြ၊ ပရဟိတ အလုပ္ေတြကိုပဲ ပိုၿပီးအားထုတ္ေဆာင္ရြက္ႏိုင္တဲ့ လမ္းေၾကာင္းတစ္ခု အျဖစ္တင္မကပဲ တျခားလူမႈေရးလႈပ္ငန္း လႈပ္ရွားမႈအသစ္ေတြကိုပါ မိတ္ဆက္ေပးတဲ့ အဖြဲ႕ပါ။

(၅) Cheil Worldwide Charity ရဲ႕ ေလလံပြဲမွာလည္း ပါ၀င္ကူညီ



ဒီတစ္ခါကေတာ႔ လီမင္ဟိုတစ္ေယာက္တည္း မဟုတ္ပါဘူး။”Heirs.” ဇာတ္ကားထဲက တြဲဖက္သရုပ္္ေဆာင္ ပတ္ခ္ရွင္ေဟးနဲ႔ အတူ Cheil Worldwide Charity ရဲ႕ ရန္ပံုေငြ ပြဲမွာ ပါ၀င္ ကူညီေပးခဲ့တာပါ ။ႏွစ္ေယာက္ လံုးက သူတုိ႔ရဲ႕ ပစၥည္းေတြကို လွဴဒါန္းခဲ့တာပါ။ အရမ္းကို အားကိုးရတဲ့ လီမင္ဟိုရဲ႕ Fan club ကလည္း  လီမင္ဟိုရဲ႕ နာမည္နဲ႔ ဆန္ငါးတန္ လွဴဒါန္းေပးခဲ့ပါတယ္။





SHARE FROM SHWEMOM 

Fan တွေအတွက် အချစ်ပိုစရာဖြစ်ခဲ့တဲ့ လီမင်ဟိုရဲ့ ပရဟိတလှုပ်ရှားမှုများ

ကိုရီးယားမင်းသားချော လီမင်ဟို ကတော့ F4 ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ နှလုံးသားထဲကို ၀င်ရောက်လာခဲ့သူပါ။ အာ ရှရဲ့ Perfect Man ဆိုပြီး ဖော်ပြခြင်းခံရသူပါ။ လက်တလောမှာတော့ စစ်မှုထမ်းနေပါတယ်။ (၂၀၁၇) မေ (၁၂) ရက်နေ့ကစပြီး စစ်မှုထမ်းခဲ့ကာ (၂၀၁၉) လောက်ကျမှ တာ၀န်တွေပြီးဆုံးပြီး ပရိသတ်ဆွေဆီ ပြန်လာနိုင်မှာပါ။

လီမင်ဟိုကို သူ့ရဲ့ ပရိသတ်တွေက ချစ်ကြတာဟာ သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ အနုပညာ အရည်အချင်းတွေကြောင့် ပဲ မဟုတ်ပါဘူး။ သူ့ရဲ့ စိတ်ဓါတ်ကြောင့်လည်း ပါပါတယ်။ ပရိသတ်တွေ သူ့ကို အချစ်ပိုစေတဲ့ လီမင်ဟိုရဲ့ အနုပညာပြင် ပ လှုပ်ရှားမှုတွေအကြောင်းကို ဖော်ပြပေး ချင်ပါတယ်။ ဒီအကြောင်းတွေကို မသိရသေးတဲ့ လီမင်ဟိုရဲ့ ပရိသတ်တွေ အဖို့ ကတော့ သိပြီး၊ ဖတ်ပြီးရင် ပိုပြီးအချစ်တိုးသွားမှာ သေချာပါတယ်။

(၁) ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးမှာ လှူဒါန်း

Holt International Children’s Service ဆိုတဲ့ ပရဟိတအဖွဲ့က ကိုရီးယား၊ မွန်ဂိုလီယား၊ ကမေ်ဘာဒီးယား ၊တန်ဇန်နီးယားနိုင်ငံက ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ရာမှာ ပါ၀င်ကူညီပေးဖို့  (၂၀၁၆) ဖေဖော် ဝါရီက ကမ်းလှမး်ခဲ့ပါတယ်။ လီမင်ဟိုရဲ့ ပရဟိတအဖွဲ့အစည်း Platform ဖြစ်တဲ့ PROMIZ က ကန်ဒေါ်လာ( $40,550 USD) လှူဒါန်းခဲ့ပါတယ်။

(၂) တရုတ်က မူလတန်းကျောင်းကိုလည်း လှူဒါန်း

တရုတ်ကို သူ့ရဲ့ အနုပညာလှုပ်ရှားမှု ပရိုမိုးရှင်းအတွက် သွားတုန်းက ကူညီလှူဒါန်းပေးခဲ့တာပါ။ တရုတ်နိုင်ငံ Guang zhou မြို့မှာရှိတဲ့ Hope ဆိုတဲ့ မူလတန်းကျောင်းကို ရန်ပုံငွေရအောင် သူ့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပေးခဲ့ပါ တယ်။ အဲ့ဒီပစ္စည်းတွေကို လေလံပစ်ရောင်းချတဲ့ အခါမှာတော့ ($15,000 USD) ရခဲ့ပါတယ်။

(၃) နီပေါငလျင်ကိိုလည်း ကူညီလိုက်ပြန်

(၂၀၁၅)တုန်းက နီပေါမှာ ငလျင်ဘေးသင့်ခဲ့တော့လည်း လီမင်ဟိုက ငလျင်ဘေးသင့်မှုကြောင့် ဒုက္ခရောက်နေတဲ့ နီပေါပြည်သူတွေအတွက် ကန်ဒေါ်လာ ($90,000 USD)ကျော် လှူဒါန်းပေးခဲ့ပါတယ်။ ပိုပြီးချစ်စရာ ကောင်းတာက သူ့ရဲ့နာမည်နဲ့ မလှူဘဲ သူ့ရဲ့ Fan club “Minoz” ရဲ့ နာမည်နဲ့ လှူခဲ့တာပါ။ ပရိသတ်တွေကို အလေးထားတဲ့ သူ့စိတ်ကို တစ်ဖက်လှည့်နည်းနဲ့ ဖော်ပြခဲ့တာပါ။

(၄) ပိုတောက်ပတဲ့ မနက်ဖန်တွေ ပိုင်ဆိုင်ဖို့ PROMIZ  ကို ဖွဲ့စည်းထူထောင်

(၂၀၁၄)မှာတော့ လီမင်ဟိုက  PROMIZ ဆိုတဲ့  Social Donation Platform ကို ထူထောင်ခဲ့ပါတယ်။ ပရဟိတ လှုပ်ရှားမှုတွေကို  Minoz ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားခဲ့ပေမယ့် ထပ်ပြီးတော့ PROMIZ  ကို ဖွဲ့စည်းခဲ့တာပါ။ PROMIZ  ကတော့ လူမှုရေးလုပ်ရှားမှုတွေ၊ ပရဟိတ အလုပ်တွေကိုပဲ ပိုပြီးအားထုတ်ဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတစ်ခု အဖြစ်တင်မကပဲ တခြားလူမှုရေးလှုပ်ငန်း လှုပ်ရှားမှုအသစ်တွေကိုပါ မိတ်ဆက်ပေးတဲ့ အဖွဲ့ပါ။

(၅) Cheil Worldwide Charity ရဲ့ လေလံပွဲမှာလည်း ပါ၀င်ကူညီ

ဒီတစ်ခါကတော့ လီမင်ဟိုတစ်ယောက်တည်း မဟုတ်ပါဘူး။”Heirs.” ဇာတ်ကားထဲက တွဲဖက်သရုပ််ဆောင် ပတ်ခ်ရှင်ဟေးနဲ့ အတူ Cheil Worldwide Charity ရဲ့ ရန်ပုံငွေ ပွဲမှာ ပါ၀င် ကူညီပေးခဲ့တာပါ ။နှစ်ယောက် လုံးက သူတို့ရဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့တာပါ။ အရမ်းကို အားကိုးရတဲ့ လီမင်ဟိုရဲ့ Fan club ကလည်း  လီမင်ဟိုရဲ့ နာမည်နဲ့ ဆန်ငါးတန် လှူဒါန်းပေးခဲ့ပါတယ်။

SHARE FROM SHWEMOM 
Fan ေတြအတြက္ အခ်စ္ပိုစရာျဖစ္ခဲ့တဲ့ လီမင္ဟိုရဲ႕ ပရဟိတလႈပ္ရွားမႈမ်ား Fan ေတြအတြက္ အခ်စ္ပိုစရာျဖစ္ခဲ့တဲ့ လီမင္ဟိုရဲ႕ ပရဟိတလႈပ္ရွားမႈမ်ား Reviewed by Unknown on January 31, 2018 Rating: 5

No comments:

Powered by Blogger.