Winner ေတြ မာန္တတ္သြားၾကတဲ့ အေၾကာင္းေျပာျပတဲ့ ေတးေရးျမင့္မိုးေအာင္



သီခ်င္းဆိုၿပိဳင္ပြဲေတြမွာ ဒိုင္အျဖစ္ပါ၀င္ေလ့ရွိၿပီး ဂီတအေမြကို မ်ိဳးဆက္သစ္ေတြစီ လက္ဆင့္ကမ္းေပးေနတဲ့ ေတးေရး ဆရာျမင့္မိုးေအာင္ က ၿပိဳင္ပြဲေတြမွာ winner ဆုရရွိသူေတြအေၾကာင္းကို အခုလိုဘဲေျပာျပထားတာရွိပါတယ္။ သူဟာ သီခ်င္းဆိုၿပိဳင္ပြဲေတြ တိုင္းလိုလိုဒိုင္အျဖစ္ပါ၀င္ရတာေၾကာင့္ ဆုရရွိသြားသူေတြရဲ႕ ေျပာင္းလဲသြားတဲ့ ပံုစံေတြကို သူက " တခ်ဳိ႕ေတြက Winner ျဖစ္သြား ၿပီဆုိရင္ မာန္တတ္ သြားၾကတာေတြမ်ားတယ္ " ဆိုၿပီး ေပၚျပဳလာဂ်ာနယ္ရဲ႕ အင္တာဗ်ူးတစ္ခုမွာ ေျဖၾကားထားတာရွိပါတယ္။

ေတးေရးျမင့္မိုးေအာင္ ေျပာျပသြားတဲ့ အထဲမွာ ၿပိဳင္ပြဲမွာ winner ဆုရတယ္ဆိုတဲ့ အဆင့္က ဂီတေလာကမွာ ေအာင္မွတ္ရ႐ုံပဲ ရွိပါေသးတယ္။ ဥပမာ ေျပာရမယ္ဆိုရင္ အမွတ္ ၄ဝ ေက်ာ္ၿပီး ေအာင္မွတ္ရသြားရံု ဘဲ ရွိေသးတာပါ။ တကယ့္ဂီတ ေလာကထဲမွာ ျဖတ္သန္းၿပီး ကုိယ္ပုိင္သီခ်င္းေတြနဲ႔ ေအာင္ျမင္ေအာင္လုပ္ႏိုင္မွသာ ေနာက္ထပ္ တစ္ဆင့္ ေအာင္မွာျဖစ္ပါတယ္။ လက္ရွိ winner ဆုရွင္ အမ်ားစုဟာ ဒုတိယအဆင့္ကုိမေက်ာ္ႏိုင္ၾကပါဘူးလို႔လဲ ေျပာျပသြားခဲ့ပါတယ္။









Winner ဆုရွင္တခ်ိဳ႕ၾကျပန္ေတာ့လဲ ေအာင္လက္မွတ္ကို ထပ္ၿပီးမေက်ာ္ႏိုင္ေတာ့တဲ့အခါ ဂီတေလာက ထဲကေန ေပ်ာက္ကြယ္သြားၾကတဲ့ သူေတြလဲရွိပါတယ္။ တကယ္ေတာ့ နီနီခင္ေဇာ္ ၊ခ်မ္းခ်မ္း၊ ၿဖိဳးျပည့္စံု တို႔လို ကိုယ္ပိုင္သီခ်င္းေတြနဲ႔ ေအာင္ျမင္သြားၾကတာပါဘဲ။ သူတို႔ေတြလို ေအာင္မွတ္ေက်ာ္ေအာင္ ႀကိဳးစားၾကပါဆိုၿပီးေတာ့လဲ ေတးေရး ျမင့္မိုးေအာင္ကအၾကံျပဳ ထားပါေသးတယ္။ ယခင္က သီခ်င္းဆိုၿပိဳင္ပြဲဆိုတာ ဆိုၾကမယ္၊ေပ်ာ္ၾကမယ္ ဆိုတဲ့ အစီအစဥ္သာရွိခဲ့ၿပီး ေျပာင္းလဲလာတဲ့ ေခတ္ေရစီးေၾကာင္းအရ ရုပ္သံလိုင္းေတြလဲ မ်ားစြာေပၚေပါက္လာၿပီး သီခ်င္းဆိုၿပိုင္ပြဲေတြလဲ မ်ားစြာရွိလာကာ winner ဆုရွင္ေတြလဲ ေပါမ်ားလာခဲ့ပါတယ္။

Winner ဆုရွင္ေတြအေနနဲ႔ ေတးေရးျမင့္မိုးေအာင္ရဲ႕ အၾကံဥာဏ္ေလးေတြကို သိရွိႏိုင္ေစဖို႔ ဒီသီခ်င္းေလးကို မွ်ေ၀ေပးလိုက္ၾကပါဦးေနာ္။ ခ်စ္တဲ့မိုမိုေလး ပရိသတ္ႀကီး ေက်းဇူးအထူးတင္ရွိပါတယ္။

SHARE FROM KKK(momolay) 

Winner တွေ မာန်တတ်သွားကြတဲ့ အကြောင်းပြောပြတဲ့ တေးရေးမြင့်မိုးအောင်

သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်အဖြစ်ပါ၀င်လေ့ရှိပြီး ဂီတအမွေကို မျိုးဆက်သစ်တွေစီ လက်ဆင့်ကမ်းပေးနေတဲ့ တေးရေး ဆရာမြင့်မိုးအောင် က ပြိုင်ပွဲတွေမှာ winner ဆုရရှိသူတွေအကြောင်းကို အခုလိုဘဲပြောပြထားတာရှိပါတယ်။ သူဟာ သီချင်းဆိုပြိုင်ပွဲတွေ တိုင်းလိုလိုဒိုင်အဖြစ်ပါ၀င်ရတာကြောင့် ဆုရရှိသွားသူတွေရဲ့ ပြောင်းလဲသွားတဲ့ ပုံစံတွေကို သူက " တချို့တွေက Winner ဖြစ်သွား ပြီဆိုရင် မာန်တတ် သွားကြတာတွေများတယ် " ဆိုပြီး ပေါ်ပြုလာဂျာနယ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားတာရှိပါတယ်။

တေးရေးမြင့်မိုးအောင် ပြောပြသွားတဲ့ အထဲမှာ ပြိုင်ပွဲမှာ winner ဆုရတယ်ဆိုတဲ့ အဆင့်က ဂီတလောကမှာ အောင်မှတ်ရရုံပဲ ရှိပါသေးတယ်။ ဥပမာ ပြောရမယ်ဆိုရင် အမှတ် ၄ဝ ကျော်ပြီး အောင်မှတ်ရသွားရုံ ဘဲ ရှိသေးတာပါ။ တကယ့်ဂီတ လောကထဲမှာ ဖြတ်သန်းပြီး ကိုယ်ပိုင်သီချင်းတွေနဲ့ အောင်မြင်အောင်လုပ်နိုင်မှသာ နောက်ထပ် တစ်ဆင့် အောင်မှာဖြစ်ပါတယ်။ လက်ရှိ winner ဆုရှင် အများစုဟာ ဒုတိယအဆင့်ကိုမကျော်နိုင်ကြပါဘူးလို့လဲ ပြောပြသွားခဲ့ပါတယ်။

Winner ဆုရှင်တချို့ကြပြန်တော့လဲ အောင်လက်မှတ်ကို ထပ်ပြီးမကျော်နိုင်တော့တဲ့အခါ ဂီတလောက ထဲကနေ ပျောက်ကွယ်သွားကြတဲ့ သူတွေလဲရှိပါတယ်။ တကယ်တော့ နီနီခင်ဇော် ၊ချမ်းချမ်း၊ ဖြိုးပြည့်စုံ တို့လို ကိုယ်ပိုင်သီချင်းတွေနဲ့ အောင်မြင်သွားကြတာပါဘဲ။ သူတို့တွေလို အောင်မှတ်ကျော်အောင် ကြိုးစားကြပါဆိုပြီးတော့လဲ တေးရေး မြင့်မိုးအောင်ကအကြံပြု ထားပါသေးတယ်။ ယခင်က သီချင်းဆိုပြိုင်ပွဲဆိုတာ ဆိုကြမယ်၊ပျော်ကြမယ် ဆိုတဲ့ အစီအစဉ်သာရှိခဲ့ပြီး ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ရုပ်သံလိုင်းတွေလဲ များစွာပေါ်ပေါက်လာပြီး သီချင်းဆိုပြိုင်ပွဲတွေလဲ များစွာရှိလာကာ winner ဆုရှင်တွေလဲ ပေါများလာခဲ့ပါတယ်။

Winner ဆုရှင်တွေအနေနဲ့ တေးရေးမြင့်မိုးအောင်ရဲ့ အကြံဉာဏ်လေးတွေကို သိရှိနိုင်စေဖို့ ဒီသီချင်းလေးကို မျှေ၀ပေးလိုက်ကြပါဦးနော်။ ချစ်တဲ့မိုမိုလေး ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

SHARE FROM KKK(momolay) 
Winner ေတြ မာန္တတ္သြားၾကတဲ့ အေၾကာင္းေျပာျပတဲ့ ေတးေရးျမင့္မိုးေအာင္ Winner ေတြ မာန္တတ္သြားၾကတဲ့ အေၾကာင္းေျပာျပတဲ့ ေတးေရးျမင့္မိုးေအာင္ Reviewed by Unknown on January 31, 2018 Rating: 5

No comments:

Powered by Blogger.