ဘ၀ပေးအခြေအနေကြောင့် အပျိုစင်ဘ၀ကို လေလံတင်ခဲ့သူ ဆယ်ကျော်သက်ကောင်မလေး
ဆယ်ကျော်သက်အရွယ် ဘရာဇီးသူလေးဟာ သူမရဲ့ အပျိုစင်ဘ၀ကို ပေါင် ၇ သိန်းကျော်ဖြင့် လေလံတင်ခဲ့ပြီး အကြောင်းရင်းကတော့ လေးစားအံ့သြဖွယ်ကောင်းလှပါတယ်။
အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ သူမဟာ လက်ရှိမှာ မိသားစုငွေကြေးအခက်အခဲများရင်ဆိုင်နေရပြီး အင်တာနက်ပေါ်မှ ထိုးနှက်မှုများကြုံတွေ့နေရပါတယ်။ သူမဟာ ဇွဲမလျော့ခဲ့ဘဲ မိသားစုအတွက် ဒီလိုလုပ်တာပါလို့ သတင်းဌာန တစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ သူမအပါအ၀င် သူမအမေ၊ အစ်ကိုနှစ်ယောက်နဲ့ ညီမသုံးယောက် စုစုပေါင်း မိသားစု၀င် ခုနှစ်ယောက်ရှိပြီး လွွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သူမအဖေ အိမ်မှထွက်သွားပြီးနောက်ပိုင်းမှာ အရာရာခက်ခဲလာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ အကိုတစ်ယောက်သာ အလုပ်လုပ်နေပြီး တစ်လမှာ လစာ ၁၄၅ ပေါင် သာရကြောင်း သိရပါတယ်
ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာရောင်းချခြင်းဟာ ဘရားဇီးမှာ တရားမ၀င်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအလုပ်သမားများနဲ့ ဆောင်ကြာမြိုင်များဖွင့်ခြင်းကိုလည်း ဘရာဇီးဥပဒေလက်အောက်မှာ တင်းတင်းကျပ်ကျပ်ဖိနှိပ်ထားကြောင်း သိရပါတယ်။
သူမဟာ သူမကို၀ယ်ယူသူနဲ့အတူ ဟိုတယ်တစ်ခုမှာ ၁၂ နာရီခန့် အချိန်ကုန်ဆုံးပေးသွားမယ်လို့ သိရပါတယ်။ သူမဟာ ဒီလိုမျိုး လေလံတင်တဲ့အတွက် စိတ်လှုပ်ရှားနေခဲ့ပြီး အင်တာနက်ပေါ်ဂရက်ရိုက်ခြင်းများကြောင့် သူမရဲ့ ရုပ်ပုံပေါ်သွားမှာကို စိုးရိမ်နေပါတယ်။ သူမမှ အချိန်တန်ရင် အမေလည်းသိသွားမှာပါ၊ စိတ်ပျက်ကောင်း စိတ်ပျက်သွားပါလိမ့်မယ်၊ ဒါပေမဲ့ နားလည်ပေးနိုင်မှာပါလို့ ဖွင့်ပြောခဲ့ပြီး အဆက်အသွယ်မရှိတဲ့ ဖခင်ကို ဒီကိစ္စနဲ့ပက်သက်ပြီး ပြောပြချင်စိတ် မရှိဘူးလို့ ဖြေခဲ့ပါတယ်။ သူမဟာ သူမရဲ့ သူငယ်ချင်းတွေကိုလည်း ဖွင့်ပြောထားခြင်းမရှိကြောင်း၊ ဒီကရတဲ့ ပိုက်ဆံတွေနဲ့ အမေ့ကို အိမ်ကောင်းကောင်းတစ်လုံး၀ယ်ပေးနိုင်မှာဖြစ်ပြီး၊ သူမတက်မဲ့ ကောလိပ်စရိတ်နဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖွင့်နိုင်မှာဖြစ်ကြောင်း၊ နောက်ဆုံးတော့ စားပွဲပေါ်မှာ စားစရာမရှိတဲ့ နေ့ရက်များ ကုန်ဆုံးသွားမှာဖြစ်ကြောင်း ၀န်ခံဖွင့်ဟခဲ့ပါတယ်။
Credit to Original Uploader
Reviewed by Unknown
on
January 31, 2018
Rating:
No comments:
Post a Comment