ယာကူဇာဂုိဏ္းရဲ႕ ေနာက္ခံသမုိင္းေၾကာင္းနဲ႔ လူသိနည္းေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္မ်ား



ယာကူဇာဂုိဏ္းဆုိတာ ယေန႔အခ်ိန္ထိ တည္ရွိေနေသးတဲ့ ရာဇဝတ္ဂုိဏ္းႀကီးတစ္ခု ျဖစ္ပါတယ္။ ရာဇဝတ္ဂုိဏ္းလုိ႔ ေျပာရျခင္းက သူတုိ႔တည္ရွိေနခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ လူသတ္မႈေတြ၊ အႏုိင္က်င့္မႈေတြ၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈေတြ၊ လူကုန္ကူးမႈေတြနဲ႔ ရပ္တည္ခဲ့လုိ႔ပါ။ ဒါေပမယ့္ ဟုိးယခင္ကေလာက္ေတာ့ သူတုိ႔တစ္ေတြ ၾသဇာအာဏာ မရွိေတာ့ပါဘူး။ ယာကူဇာဂုိဏ္းရဲ႕ ေနာက္ခံသမုိင္းေၾကာင္းနဲ႔ လွ်ိဳ႕ဝွက္ခ်က္တစ္ခ်ိဳ႕ကုိ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) အီရီဇူမီ

အီရီဇူမီဆုိတာကေတာ့ Tattoo ထုိးျခင္းပါဘဲ။ ယာကူဇာဂုိဏ္းသားတုိင္း ေက်ာလုံးျပည့္၊ သုိ႔မဟုတ္ ရင္ဘတ္တစ္ခုလုံးမွာ Tattoo ေတြ ထုိးရပါတယ္။ Tattoo ထုိးတာက အခုေခတ္လုိ ခဏေလးနဲ႔ ၿပီးသြားႏုိင္တဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါ။ ဝါး၊ စတီးတုိ႔ကုိ အသုံးျပဳထားတဲ့ စုတ္တံနဲ႔ စိမ္ေျပနေျပ ေအးေအးေဆးေဆး ရုပ္ပုံတစ္ခုခ်င္းဆီကုိ အေသးစိတ္ထုိးတာျဖစ္လုိ႔ လေပါင္းမ်ားစြာ ၾကာတတ္ပါတယ္။ တစ္ခါတေလ တစ္ႏွစ္ေလာက္ ၾကာတတ္ပါတယ္။



(၂) ဂုိဏ္းဝင္အင္အား



ယာကူဇာဂုိဏ္းဆုိၿပီး တစ္စုတစည္းတည္း တည္ရွိတာ မဟုတ္ပါဘူး။ ၾသဇာခံဂုိဏ္းအဖြဲ႕ေတြကို စုေပါင္းၿပီးေတာ့ ယာကူဇာဂုိဏ္းဆုိၿပီး ဂုိဏ္းသားနာမည္ခံယူၾကတဲ့ သေဘာပါ။ ဥပမာအားျဖင့္ ယာမာဂူခ်ီ-ဂူမီဂုိဏ္း၊ ဂုိတုိဂူမီဂုိဏ္း စတဲ့ဂုိဏ္းသားေတြဟာ ယာကူဇာရဲ႕ ၾသဇာအာဏာေအာက္မွာ ေသြးေသာက္သစၥာခံရပါတယ္။ ဒီလုိ ဂုိဏ္ေတြးကို အကုန္စုေပါင္းထားၿပီး (၂၀၁၇)ခုႏွစ္အထိ ဂုိဏ္းအဖြဲ႕ခြဲေပါင္း (၂၂)ဂုိဏ္း ရွိပါတယ္။ ဒီအထဲမွာ မာမာဂူခ်ီ-ဂူမီဂုိဏ္းက အင္အားအႀကီးဆုံးပါ။

ယာကူဇာဂုိဏ္းမွာ (၁၉၆၀)ခုႏွစ္ကအထိ ဂုိဏ္းအဖြဲ႕ဝင္ (၁၈၄၁၀၀) ရွိခဲ့ၿပီး၊ (၁၉၉၀)မွာေတာ့ အဖြဲ႕ဝင္ (၈)ေသာင္းသာ ရွိပါေတာ့တယ္။ (၂၀၁၆)ခုႏွစ္ေရာက္တဲ့အခါ (၃၉၁၀၀)သာ ရွိပါေတာ့တယ္။ ဒါက ဂ်ပန္ရဲတပ္ဖြဲ႕နဲ႔၊ သမၼတေတြရဲ႕ ႀကိဳးစားပန္းစား တုိက္ထုတ္မႈ၊ ဥပေဒအရ အေရးယူမႈေတြ၊ ေနာက္ပုိင္း လႈပ္ရွားရပုိခက္ခဲလာတာေတြေၾကာင့္ ဂုိဏ္းဝင္ဦးေရ က်ဆင္းလာျခင္း ျဖစ္ပါတယ္။

(၃) ေခါင္းေဆာင္တုိ႔ရဲ႕ ေခါင္းေဆာင္



ယာကူဇာဂုိဏ္းမွာ ၾသဇာအာဏာ အျမင့္ဆုံးျဖစ္ခဲ့တဲ့ Kazuo Taoka ဟာ ေခါင္းေဆာင္ေတြရဲ႕ ေခါင္းေဆာင္ျဖစ္တယ္လုိ႔ ယာကူဇာဂုိဏ္းဝင္ေတြက လက္ခံၾကပါတယ္။  Kazuo Taoka ဟာ ပင္လယ္တြင္းကၽြန္းတစ္ခုေပၚက ရြာသားတစ္ဦးျဖစ္ၿပီး၊ ငယ္ငယ္ကတည္းက မိဘမဲ့ျဖစ္ခဲ့ပါတယ္။ ကုိဘီၿမိဳ႕ကုိ ေရာက္ရွိခဲ့ၿပီး၊ (၁၉၂၉)မွာ သေဘၤာက်င္းမွာ အလုပ္ဆင္းခဲ့ရပါတယ္။ သူဟာ ယာမာဂူခ်ီ-ဂူမီဂုိဏ္းနဲ႔ ဆက္သြယ္ခဲ့ၿပီး (၁၉၃၆)မွာ ေသြးေသာက္ဂုိဏ္းဝင္ ျဖစ္ခဲ့ပါတယ္။





သူ႕နာမည္ေျပာင္းကေတာ့ ကူဘုိျဖစ္ၿပီး “ဝက္ဝံႀကီး”လုိ႔ အဓိပၸါယ္ရပါတယ္။ တုိက္ခုိက္တဲ့အခါမွာ သူ႔ရဲ႕ သန္မာလွတဲ့လက္သည္းနဲ႔ ရက္စက္မယ့္ပုံေပၚေနတဲ့ မ်က္လုံးေတြေၾကာင့္ ဒီနာမည္ရခဲ့တာပါ။ ယင္းႏွစ္မွာပဲ ဂုိဏ္းရဲ႕ ထိပ္သီးေခါင္းေဆာင္စာရင္းထဲမွာ ပါဝင္ခဲ့ၿပီး၊ အဲဒီႏွစ္မွာပင္ ဂုိဏ္းဝင္တစ္ဦးကုိ သတ္မႈအတြက္ ရဲက ဖမ္းဆီးခဲ့ပါတယ္။ (၁၉၄၃)ခုႏွစ္ ေထာင္က လြတ္လာတဲ့အခ်ိန္မွာ ယာမာဂူခ်ီ-ဂူမီဂုိဏ္းဟာ ဒုတိယကမာၻစစ္အရွိန္ေၾကာင့္ ၿပိဳကြဲေနပါတယ္။

(၁၉၄၆)ခုႏွစ္မွာ ယာမာဂူခ်ီရဲ႕ လက္ရွိဂုိဏ္းေခါင္းေဆာင္ဟာ ေသဆုံးခဲ့လုိ႔ Taoka ကို ေခါင္းေဆာင္အျဖစ္ တင္ေျမႇာက္ခဲ့ပါတယ္။ သူဟာ ဂုိဏ္းအင္အားေတာင့္တင္းဖုိ႔ သူမ်ားနဲ႔မတူတဲ့ စြမ္းေဆာင္ရည္ေတြကို စြမ္းေဆာင္ႏုိင္ခဲ့ၿပီး၊ ယာကူဇာဂုိဏ္းအားလုံးရဲ႕ အေခါင္အခ်ဳပ္အျဖစ္ ရပ္တည္ႏုိင္ခဲ့ပါတယ္။ ထုိစဥ္က သူဟာ (၃၃)ႏွစ္သာ ရွိေသးၿပီး (၁၉၆၁)ခုႏွစ္ ဇူလုိင္လမွာ ေသဆုံးခဲ့ပါတယ္။ ေသဆုံးခ်ိန္မွာ အသက္ (၆၈)ႏွစ္ပါ။

(၄) ယူဘစ္ဆူမီ



ယူဘစ္ဆူမီဆုိတာ ဂ်ပန္ဘာသာျဖစ္ၿပီး၊ အဓိပၸါယ္ကေတာ့ လက္ေခ်ာင္းေတြကုိ တုိေအာင္ျဖတ္ပစ္ျခင္းလုိ႔ ဆုိပါတယ္။ ဂုိဏ္းဝင္တစ္ဦးဦးဟာ ယာကူဇာဂုိဏ္းကေန ေရွးယခင္ကတည္းက ခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြကို ေဖာက္ျဖတ္ပါက လက္သန္းကုိ ျဖတ္ေတာက္ျခင္းအပါအဝင္၊ အျပစ္ေပးမႈေပါင္းစုံရွိပါတယ္။ ဒီအထဲမွာ ဓားနဲ႔ မိမိကုိယ္ကုိယ္ ထုိးသတ္ေသေစျခင္း၊ သုိ႔မဟုတ္ အဆိပ္ေသာက္ခုိင္းျခင္းဟာ အျမင့္ဆုံး အျပစ္ေပျခင္းျဖစ္ပါတယ္။

(၅) ဂုိတုိဂူမီေခါငး္ေဆာင္ရဲ႕ အသည္းကိစၥ



ဂုိတုိဂူမီဂုိဏ္းကို တာရာမာဆာဂုိတုိ-က တည္ေထာင္ခဲ့တာပါ။ ယင္းဂုိဏ္းဟာ ယာမာဂူခ်ီဂုိဏ္းၿပီးရင္ ယာကူဇာဂုိဏ္းထဲမွာ ၾသဇာအာဏာအႀကီးဆုံးဂုိဏ္းျဖစ္ပါတယ္။ ဂုိတုိဟာ အရက္အေသာက္လြန္ၿပီး အသည္းအစားထုိးဖုိ႔အတြက္ အေမရိကန္ကို သြားေရာက္ခဲ့ရပါတယ္။ ဒါေပမယ့္ အသည္းအလွဳရွင္ မေပၚခဲ့လုိ႔ ဂုိတုိဟာ ေဆး႐ုံမွာ နံပတ္ (၈၀) နဲ႔ တန္းစီေစာင့္ဆုိင္းေနခဲ့ရပါတယ္။



ဒါေပမယ့္ ဂုိတုိဟာ ေဆး႐ုံးကို ေဒၚလာတစ္သိန္း လာဘ္ထုိးၿပီး၊ တန္းစီေစာင့္ဆုိင္ျခင္းကို ေက်ာ္ျဖတ္ခဲ့ပါတယ္။ ယင္းေနာက္ ယာကူဇာဂုိဏ္းသားႏွစ္ဦးက သူတုိ႔အသည္းကို လွဴမယ္ဆုိၿပီး ေဆး႐ုံမွာ ေရာက္ရွိလာခဲ့ပါတယ္။ တစ္ေယာက္ခ်င္းဆီမွာ ေဒၚလာ တစ္သိန္းဆီ ရရွိခဲ့ၿပီး ဂုိတုိရဲ႕ အသည္းအစားထုိးမႈ ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ အသည္းလာလွဴတဲ့သူႏွစ္ေယာက္စလုံးကေတာ့ ေသဆုံးသြားခဲ့ပါတယ္၊ ဒီလုိနဲ႔ FBI ကပါ ေဆး႐ုံကုိ စစ္ေဆးေမးျမန္းမႈေတြ ရွိခဲ့ၿပီး၊ ဘူးေပၚသလုိေပၚခဲ့လုိ႔ အေရးယူမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဂုိတုိကေတာ့ ဂ်ပန္ကို ေအးေအးေဆးေဆး ျပန္လာခဲ့ပါတယ္။

ဂုိတုိဟာ အသက္အရြယ္ႀကီးရင့္လာတဲ့အခါ ေထရဝါဒစာေပေတြကို လုိက္စားၿပီး၊ ဘာသာဝင္အျဖစ္ လုံးလုံးလ်ားလ်ား ခံယူကာ ဘာသာေရးေတြဆက္တုိက္လုပ္ခဲ့ပါတယ္။ သူဟာ ပုိင္ဆုိင္သမွ်ကိုလည္း ဘာသာေကာင္းက်ိဳးအတြက္ လွဴဒါန္းခဲ့ၿပီး (၂၀၀ဂ)ခုႏွစ္မွာ ကိုယ္ေရးအတၳဳပၸတၱိစာအုပ္တစ္အုပ္ ေရးခဲ့ပါတယ္။ စာအုပ္နာမည္က ” ခြင့္လႊတ္ၾကပါ … ဒါေပမယ့္ “ျဖစ္ပါတယ္။ စာအုပ္ဟာ ဂ်ပန္မွာ ေရာင္းရအေကာင္းဆုံးျဖစ္ခဲ့ၿပီး၊ အခုအခ်ိန္ထိ ဂုိတုိဟာ ဘာသာေရးေတြကုိသာ ဆက္လက္လုပ္ေဆာင္ေနဆဲလုိ႔ သိရပါတယ္။

(၆) ႏုိင္ငံေရးတြင္ ယာကူဇာရဲ႕ ၾသဇာအာဏာ



ယာကူဇာေတြဟာ သူတုိ႔တစ္ေတြ ေရရွည္တည္တံ့ဖုိ႔အတြက္ ႏုိင္ငံေရးကို ခ်ဳပ္ကုိင္ႏုိင္ျခင္းဟာ အခရာက်တယ္လုိ႔ ယူဆခဲ့ပါတယ္။ ဒါေၾကာင့္ အစုိးရအဖြဲ႕ဝင္ေတြအတြင္းမွာ ဂုိဏ္းသားေတြေရာက္ရွိဖုိ႔ (၁၉၅၀)ခုႏွစ္ေနာက္ပုိင္းမွာ ႀကိဳးစားခဲ့ပါတယ္။ ညာယိမ္းပါတီလုိ႔ေခၚတဲ့ Liberal Democratic Party (LDP) ပါတီကုိ ေငြေၾကးနဲ႔ မဲႏုိင္ဖုိ႔ မ်ားစြာေထာက္ကူေပးခဲ့ၿပိး LDP ကလည္း အာဏာရခဲ့ပါတယ္။ (၁၉၉၃-၉၄)ခုႏွစ္ေတြနဲ႔ (၂၀၀၉-၁၂)ေတြမွာ LDP က ယာကူဇာအေထာက္အပံ့နဲ႔ အာဏာရရွိခဲ့ပါတယ္။

ယာကူဇာရဲ႕ေထာက္ပံ့မႈဟာ ဂ်ပန္ႏုိင္ငံရဲ႕အေျခခံဥပေဒကုိ ခ်ိဳးေဖာက္ျခင္းလည္းျဖစ္ၿပီး၊ ဥပေဒအရ ႀကီးေလးတဲ့ျပစ္ဒဏ္ ထုိက္သင့္တဲ့ ျပစ္မႈပါ။ ဒါေပမယ့္ လွ်ိဳ႕ဝွက္ခ်က္ေတြကို ဘယ္သူမွာ ေဖာ္ထုတ္ရဲျခင္းမရွိခဲ့ပါဘူး။ ေနာက္ပုိင္း ယာကူဇာ ၾသဇာအာဏာ က်ဆင္းခ်ိန္မွာေတာ့ ဒီကိစၥရပ္ေတြ ဘူးေပၚသလုိ ေပၚခဲ့ပါတယ္။

(၇) ယာကူဇာရဲ႕ ဝင္ေငြ



ယာကူဇာဂုိဏ္းဟာ ေငြေၾကးအလြန္ခ်မ္းသာတဲ့ ဂုိဏ္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ႏုိင္ငံေရးကို ဝင္ေရာက္ေမြေႏွာက္ႏုိင္ခဲ့တာပါ။ လူကုန္ကူးျခင္းနဲ႔ မူးယစ္ေဆးေရာင္းဝယ္ျခင္းက သူတုိ႔ရဲ႕ အဓိကလုပ္ငန္းျဖစ္ၿပီး၊ ဂ်ပန္ရဲ႕နာမည္ႀကီးစားေသာက္ဆုိင္လုပ္ငန္းေတြမွာ လုပ္ကုိင္ေနရတဲ့သူေတြဟာ ဂုိဏ္းဝင္ေတြနဲ႔ တစ္နည္းတစ္ဖုံပတ္သက္ေနၾကပါတယ္။

(၁၉၈၉)ခုႏွစ္ တစ္ခုတည္းမွာပင္ ဂ်ပန္ယမ္း (၁.၃)ထရီလီယံအထိ ရရွိခဲ့ၿပီး၊ ယေန႔ေခတ္ ေဒၚလာ (၁၀)ဘီလီယံနဲ႔ ညီမွ်ပါတယ္။ ယာမဂူခ်ီ-ဂူမီဂုိဏ္းတစ္ခုတည္းမွာပင္ ေဒၚလာ (၆.၆)ဘီလီယံပုိင္ဆုိင္ထားၿပီး၊ ဒါဟာ ကမာၻေပၚမွာ အခ်မ္းသာဆုံးဂုိဏ္းအျဖစ္ ရပ္တည္ႏုိင္ေစတဲ့ အခ်က္ပဲျဖစ္ပါတယ္။

(၈) ယာကူဇာတုိ႔ရဲ႕ ေသြးေခ်ာင္းစီးစစ္ပြဲ



ယာကူဇာတုိ႔ဟာ ေခါင္းေဆာင္ေနရာအတြက္ အခ်င္းခ်င္း သတ္ပြဲႀကီးက်င္းပခဲ့ပါတယ္။ ယာကူဇာရဲ႕ေခါင္းေဆာင္ႀကီး Kazuo Taoka ေသဆုံးၿပီးကတည္းက ေခါင္းေဆာင္ေနရာရရွိဖုိ႔ ဂုိဏ္းအခ်င္းခ်င္း သတ္ပြဲေတြဆက္တုိက္ က်င္းပခဲ့ပါတယ္။ ဒီလုိနဲ႔ ယာကူဇာဂုိဏ္ဟာ တည္ၿငိမ္မႈမရွိဘဲ၊ ေခါင္းေဆာင္ျဖစ္မယ္လုိ႔ နာမည္ထြက္လာတဲ့သူတုိင္းကုိ အခ်င္းအခ်င္း လုပ္ႀကံသတ္ျဖတ္ခဲ့ၾကပါတယ္။



ထုိစဥ္က Taoka ၿပီးရင္ ၾသဇာအႀကီးဆုံးမွာ Kenichi Yamamoto ျဖစ္ပါတယ္။ သူဟာ ေထာင္ထဲမွာ ရွိေနေသးလုိ႔ ေထာင္က ထြက္လာရင္ သူ႕ကုိ ေခါင္းေဆာင္ရာထူးေပးဖုိ႔ ဂုိဏ္းအဖြဲ႕အခ်င္းခ်င္း ညႇိႏႈိင္းခဲ့ပါတယ္။ ဒါေပမယ့္ Kenichi လည္း ေထာင္ထဲမွာပင္ ထူးဆန္းစြာေသဆုံးသြားခဲ့ၿပီး၊ ေခါင္းေဆာင္ေနရာအတြက္ ၿငိမ္သက္သြားတဲ့တုိက္ပြဲဟာ ျပန္လည္ ျဖစ္ေပၚခဲ့ပါတယ္။ ေသနတ္နဲ႔ပစ္ခတ္တုိက္ခုိက္တာေတြအပါအဝင္ ဗုံးခြဲတုိက္ခုိက္မႈေတြပါ က်ဴးလြန္ခဲ့ၾကပါတယ္။

လူေပါင္း (၃၉)ဦးေသဆုံးခဲ့ၿပီး၊ အင္အား အစစေကာင္းမြန္တဲ့ ယာမာဂူခ်ီ-ဂူမီဂုိဏ္းကပဲ တုိက္ပြဲမွာ အႏုိင္ရခဲ့ပါတယ္။ Yoshinori Watanabe ကုိ ေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္တင္ေျမႇာက္ခဲ့ပါတယ္။ သူ႕ကို မာစတာေဂၚရီလာလုိ႔ ေခၚၾကပါတယ္။ ဒါေပမယ့္ (၂၀၁၅)ခုႏွစ္မွာ ယာကူဇာဂုိဏ္းကုိ လူမုန္းမ်ားလာတယ္ဆုိၿပီး သူ႕ကို ႏႈတ္ထြက္ဖုိ႔ ဂုိဏး္ေခါင္းေဆာင္ေတြက ဖိအားေပးခဲ့ပါတယ္။ ယင္းေနာက္ Kenichi Shinoda က ေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။ သူကေတာ့ အသက္(၇၆)ႏွစ္ ရွိေနပါၿပီ။

SHARE FROM နတ္စည္ေတာ္ (Shwemom)

ယာကူဇာဂိုဏ်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ လူသိနည်းသေးတဲ့ လျှို့ဝှက်ချက်များ

ယာကူဇာဂိုဏ်းဆိုတာ ယနေ့အချိန်ထိ တည်ရှိနေသေးတဲ့ ရာဇဝတ်ဂိုဏ်းကြီးတစ်ခု ဖြစ်ပါတယ်။ ရာဇဝတ်ဂိုဏ်းလို့ ပြောရခြင်းက သူတို့တည်ရှိနေခဲ့တဲ့ သက်တမ်းတစ်လျှောက် လူသတ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ရပ်တည်ခဲ့လို့ပါ။ ဒါပေမယ့် ဟိုးယခင်ကလောက်တော့ သူတို့တစ်တွေ သြဇာအာဏာ မရှိတော့ပါဘူး။ ယာကူဇာဂိုဏ်းရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အီရီဇူမီ

အီရီဇူမီဆိုတာကတော့ Tattoo ထိုးခြင်းပါဘဲ။ ယာကူဇာဂိုဏ်းသားတိုင်း ကျောလုံးပြည့်၊ သို့မဟုတ် ရင်ဘတ်တစ်ခုလုံးမှာ Tattoo တွေ ထိုးရပါတယ်။ Tattoo ထိုးတာက အခုခေတ်လို ခဏလေးနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါ။ ဝါး၊ စတီးတို့ကို အသုံးပြုထားတဲ့ စုတ်တံနဲ့ စိမ်ပြေနပြေ အေးအေးဆေးဆေး ရုပ်ပုံတစ်ခုချင်းဆီကို အသေးစိတ်ထိုးတာဖြစ်လို့ လပေါင်းများစွာ ကြာတတ်ပါတယ်။ တစ်ခါတလေ တစ်နှစ်လောက် ကြာတတ်ပါတယ်။

(၂) ဂိုဏ်းဝင်အင်အား

ယာကူဇာဂိုဏ်းဆိုပြီး တစ်စုတစည်းတည်း တည်ရှိတာ မဟုတ်ပါဘူး။ သြဇာခံဂိုဏ်းအဖွဲ့တွေကို စုပေါင်းပြီးတော့ ယာကူဇာဂိုဏ်းဆိုပြီး ဂိုဏ်းသားနာမည်ခံယူကြတဲ့ သဘောပါ။ ဥပမာအားဖြင့် ယာမာဂူချီ-ဂူမီဂိုဏ်း၊ ဂိုတိုဂူမီဂိုဏ်း စတဲ့ဂိုဏ်းသားတွေဟာ ယာကူဇာရဲ့ သြဇာအာဏာအောက်မှာ သွေးသောက်သစ္စာခံရပါတယ်။ ဒီလို ဂိုဏ်တွေးကို အကုန်စုပေါင်းထားပြီး (၂၀၁၇)ခုနှစ်အထိ ဂိုဏ်းအဖွဲ့ခွဲပေါင်း (၂၂)ဂိုဏ်း ရှိပါတယ်။ ဒီအထဲမှာ မာမာဂူချီ-ဂူမီဂိုဏ်းက အင်အားအကြီးဆုံးပါ။

ယာကူဇာဂိုဏ်းမှာ (၁၉၆၀)ခုနှစ်ကအထိ ဂိုဏ်းအဖွဲ့ဝင် (၁၈၄၁၀၀) ရှိခဲ့ပြီး၊ (၁၉၉၀)မှာတော့ အဖွဲ့ဝင် (၈)သောင်းသာ ရှိပါတော့တယ်။ (၂၀၁၆)ခုနှစ်ရောက်တဲ့အခါ (၃၉၁၀၀)သာ ရှိပါတော့တယ်။ ဒါက ဂျပန်ရဲတပ်ဖွဲ့နဲ့၊ သမ္မတတွေရဲ့ ကြိုးစားပန်းစား တိုက်ထုတ်မှု၊ ဥပဒေအရ အရေးယူမှုတွေ၊ နောက်ပိုင်း လှုပ်ရှားရပိုခက်ခဲလာတာတွေကြောင့် ဂိုဏ်းဝင်ဦးရေ ကျဆင်းလာခြင်း ဖြစ်ပါတယ်။

(၃) ခေါင်းဆောင်တို့ရဲ့ ခေါင်းဆောင်

ယာကူဇာဂိုဏ်းမှာ သြဇာအာဏာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ Kazuo Taoka ဟာ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ယာကူဇာဂိုဏ်းဝင်တွေက လက်ခံကြပါတယ်။ Kazuo Taoka ဟာ ပင်လယ်တွင်းကျွန်းတစ်ခုပေါ်က ရွာသားတစ်ဦးဖြစ်ပြီး၊ ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပါတယ်။ ကိုဘီမြို့ကို ရောက်ရှိခဲ့ပြီး၊ (၁၉၂၉)မှာ သငေ်္ဘာကျင်းမှာ အလုပ်ဆင်းခဲ့ရပါတယ်။ သူဟာ ယာမာဂူချီ-ဂူမီဂိုဏ်းနဲ့ ဆက်သွယ်ခဲ့ပြီး (၁၉၃၆)မှာ သွေးသောက်ဂိုဏ်းဝင် ဖြစ်ခဲ့ပါတယ်။

သူ့နာမည်ပြောင်းကတော့ ကူဘိုဖြစ်ပြီး “ဝက်ဝံကြီး”လို့ အဓိပ္ပါယ်ရပါတယ်။ တိုက်ခိုက်တဲ့အခါမှာ သူ့ရဲ့ သန်မာလှတဲ့လက်သည်းနဲ့ ရက်စက်မယ့်ပုံပေါ်နေတဲ့ မျက်လုံးတွေကြောင့် ဒီနာမည်ရခဲ့တာပါ။ ယင်းနှစ်မှာပဲ ဂိုဏ်းရဲ့ ထိပ်သီးခေါင်းဆောင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီး၊ အဲဒီနှစ်မှာပင် ဂိုဏ်းဝင်တစ်ဦးကို သတ်မှုအတွက် ရဲက ဖမ်းဆီးခဲ့ပါတယ်။ (၁၉၄၃)ခုနှစ် ထောင်က လွတ်လာတဲ့အချိန်မှာ ယာမာဂူချီ-ဂူမီဂိုဏ်းဟာ ဒုတိယကမ္ဘာစစ်အရှိန်ကြောင့် ပြိုကွဲနေပါတယ်။

(၁၉၄၆)ခုနှစ်မှာ ယာမာဂူချီရဲ့ လက်ရှိဂိုဏ်းခေါင်းဆောင်ဟာ သေဆုံးခဲ့လို့ Taoka ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ပါတယ်။ သူဟာ ဂိုဏ်းအင်အားတောင့်တင်းဖို့ သူများနဲ့မတူတဲ့ စွမ်းဆောင်ရည်တွေကို စွမ်းဆောင်နိုင်ခဲ့ပြီး၊ ယာကူဇာဂိုဏ်းအားလုံးရဲ့ အခေါင်အချုပ်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုစဉ်က သူဟာ (၃၃)နှစ်သာ ရှိသေးပြီး (၁၉၆၁)ခုနှစ် ဇူလိုင်လမှာ သေဆုံးခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် (၆၈)နှစ်ပါ။

(၄) ယူဘစ်ဆူမီ

ယူဘစ်ဆူမီဆိုတာ ဂျပန်ဘာသာဖြစ်ပြီး၊ အဓိပ္ပါယ်ကတော့ လက်ချောင်းတွေကို တိုအောင်ဖြတ်ပစ်ခြင်းလို့ ဆိုပါတယ်။ ဂိုဏ်းဝင်တစ်ဦးဦးဟာ ယာကူဇာဂိုဏ်းကနေ ရှေးယခင်ကတည်းက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ဖောက်ဖြတ်ပါက လက်သန်းကို ဖြတ်တောက်ခြင်းအပါအဝင်၊ အပြစ်ပေးမှုပေါင်းစုံရှိပါတယ်။ ဒီအထဲမှာ ဓားနဲ့ မိမိကိုယ်ကိုယ် ထိုးသတ်သေစေခြင်း၊ သို့မဟုတ် အဆိပ်သောက်ခိုင်းခြင်းဟာ အမြင့်ဆုံး အပြစ်ပေခြင်းဖြစ်ပါတယ်။

(၅) ဂိုတိုဂူမီခေါငး်ဆောင်ရဲ့ အသည်းကိစ္စ

ဂိုတိုဂူမီဂိုဏ်းကို တာရာမာဆာဂိုတို-က တည်ထောင်ခဲ့တာပါ။ ယင်းဂိုဏ်းဟာ ယာမာဂူချီဂိုဏ်းပြီးရင် ယာကူဇာဂိုဏ်းထဲမှာ သြဇာအာဏာအကြီးဆုံးဂိုဏ်းဖြစ်ပါတယ်။ ဂိုတိုဟာ အရက်အသောက်လွန်ပြီး အသည်းအစားထိုးဖို့အတွက် အမေရိကန်ကို သွားရောက်ခဲ့ရပါတယ်။ ဒါပေမယ့် အသည်းအလှုရှင် မပေါ်ခဲ့လို့ ဂိုတိုဟာ ဆေးရုံမှာ နံပတ် (၈၀) နဲ့ တန်းစီစောင့်ဆိုင်းနေခဲ့ရပါတယ်။

ဒါပေမယ့် ဂိုတိုဟာ ဆေးရုံးကို ဒေါ်လာတစ်သိန်း လာဘ်ထိုးပြီး၊ တန်းစီစောင့်ဆိုင်ခြင်းကို ကျော်ဖြတ်ခဲ့ပါတယ်။ ယင်းနောက် ယာကူဇာဂိုဏ်းသားနှစ်ဦးက သူတို့အသည်းကို လှူမယ်ဆိုပြီး ဆေးရုံမှာ ရောက်ရှိလာခဲ့ပါတယ်။ တစ်ယောက်ချင်းဆီမှာ ဒေါ်လာ တစ်သိန်းဆီ ရရှိခဲ့ပြီး ဂိုတိုရဲ့ အသည်းအစားထိုးမှု အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အသည်းလာလှူတဲ့သူနှစ်ယောက်စလုံးကတော့ သေဆုံးသွားခဲ့ပါတယ်၊ ဒီလိုနဲ့ FBI ကပါ ဆေးရုံကို စစ်ဆေးမေးမြန်းမှုတွေ ရှိခဲ့ပြီး၊ ဘူးပေါ်သလိုပေါ်ခဲ့လို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂိုတိုကတော့ ဂျပန်ကို အေးအေးဆေးဆေး ပြန်လာခဲ့ပါတယ်။

ဂိုတိုဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ထေရဝါဒစာပေတွေကို လိုက်စားပြီး၊ ဘာသာဝင်အဖြစ် လုံးလုံးလျားလျား ခံယူကာ ဘာသာရေးတွေဆက်တိုက်လုပ်ခဲ့ပါတယ်။ သူဟာ ပိုင်ဆိုင်သမျှကိုလည်း ဘာသာကောင်းကျိုးအတွက် လှူဒါန်းခဲ့ပြီး (၂၀၀ဂ)ခုနှစ်မှာ ကိုယ်ရေးအတၳုပ္ပတ္တိစာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ စာအုပ်နာမည်က ” ခွင့်လွှတ်ကြပါ … ဒါပေမယ့် “ဖြစ်ပါတယ်။ စာအုပ်ဟာ ဂျပန်မှာ ရောင်းရအကောင်းဆုံးဖြစ်ခဲ့ပြီး၊ အခုအချိန်ထိ ဂိုတိုဟာ ဘာသာရေးတွေကိုသာ ဆက်လက်လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

(၆) နိုင်ငံရေးတွင် ယာကူဇာရဲ့ သြဇာအာဏာ

ယာကူဇာတွေဟာ သူတို့တစ်တွေ ရေရှည်တည်တံ့ဖို့အတွက် နိုင်ငံရေးကို ချုပ်ကိုင်နိုင်ခြင်းဟာ အခရာကျတယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ဝင်တွေအတွင်းမှာ ဂိုဏ်းသားတွေရောက်ရှိဖို့ (၁၉၅၀)ခုနှစ်နောက်ပိုင်းမှာ ကြိုးစားခဲ့ပါတယ်။ ညာယိမ်းပါတီလို့ခေါ်တဲ့ Liberal Democratic Party (LDP) ပါတီကို ငွေကြေးနဲ့ မဲနိုင်ဖို့ များစွာထောက်ကူပေးခဲ့ပြိး LDP ကလည်း အာဏာရခဲ့ပါတယ်။ (၁၉၉၃-၉၄)ခုနှစ်တွေနဲ့ (၂၀၀၉-၁၂)တွေမှာ LDP က ယာကူဇာအထောက်အပံ့နဲ့ အာဏာရရှိခဲ့ပါတယ်။

ယာကူဇာရဲ့ထောက်ပံ့မှုဟာ ဂျပန်နိုင်ငံရဲ့အခြေခံဥပဒေကို ချိုးဖောက်ခြင်းလည်းဖြစ်ပြီး၊ ဥပဒေအရ ကြီးလေးတဲ့ပြစ်ဒဏ် ထိုက်သင့်တဲ့ ပြစ်မှုပါ။ ဒါပေမယ့် လျှို့ဝှက်ချက်တွေကို ဘယ်သူမှာ ဖော်ထုတ်ရဲခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်း ယာကူဇာ သြဇာအာဏာ ကျဆင်းချိန်မှာတော့ ဒီကိစ္စရပ်တွေ ဘူးပေါ်သလို ပေါ်ခဲ့ပါတယ်။

(၇) ယာကူဇာရဲ့ ဝင်ငွေ

ယာကူဇာဂိုဏ်းဟာ ငွေကြေးအလွန်ချမ်းသာတဲ့ ဂိုဏ်းဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေးကို ဝင်ရောက်မွေနှောက်နိုင်ခဲ့တာပါ။ လူကုန်ကူးခြင်းနဲ့ မူးယစ်ဆေးရောင်းဝယ်ခြင်းက သူတို့ရဲ့ အဓိကလုပ်ငန်းဖြစ်ပြီး၊ ဂျပန်ရဲ့နာမည်ကြီးစားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့သူတွေဟာ ဂိုဏ်းဝင်တွေနဲ့ တစ်နည်းတစ်ဖုံပတ်သက်နေကြပါတယ်။

(၁၉၈၉)ခုနှစ် တစ်ခုတည်းမှာပင် ဂျပန်ယမ်း (၁.၃)ထရီလီယံအထိ ရရှိခဲ့ပြီး၊ ယနေ့ခေတ် ဒေါ်လာ (၁၀)ဘီလီယံနဲ့ ညီမျှပါတယ်။ ယာမဂူချီ-ဂူမီဂိုဏ်းတစ်ခုတည်းမှာပင် ဒေါ်လာ (၆.၆)ဘီလီယံပိုင်ဆိုင်ထားပြီး၊ ဒါဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဂိုဏ်းအဖြစ် ရပ်တည်နိုင်စေတဲ့ အချက်ပဲဖြစ်ပါတယ်။

(၈) ယာကူဇာတို့ရဲ့ သွေးချောင်းစီးစစ်ပွဲ

ယာကူဇာတို့ဟာ ခေါင်းဆောင်နေရာအတွက် အချင်းချင်း သတ်ပွဲကြီးကျင်းပခဲ့ပါတယ်။ ယာကူဇာရဲ့ခေါင်းဆောင်ကြီး Kazuo Taoka သေဆုံးပြီးကတည်းက ခေါင်းဆောင်နေရာရရှိဖို့ ဂိုဏ်းအချင်းချင်း သတ်ပွဲတွေဆက်တိုက် ကျင်းပခဲ့ပါတယ်။ ဒီလိုနဲ့ ယာကူဇာဂိုဏ်ဟာ တည်ငြိမ်မှုမရှိဘဲ၊ ခေါင်းဆောင်ဖြစ်မယ်လို့ နာမည်ထွက်လာတဲ့သူတိုင်းကို အချင်းအချင်း လုပ်ကြံသတ်ဖြတ်ခဲ့ကြပါတယ်။

ထိုစဉ်က Taoka ပြီးရင် သြဇာအကြီးဆုံးမှာ Kenichi Yamamoto ဖြစ်ပါတယ်။ သူဟာ ထောင်ထဲမှာ ရှိနေသေးလို့ ထောင်က ထွက်လာရင် သူ့ကို ခေါင်းဆောင်ရာထူးပေးဖို့ ဂိုဏ်းအဖွဲ့အချင်းချင်း ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် Kenichi လည်း ထောင်ထဲမှာပင် ထူးဆန်းစွာသေဆုံးသွားခဲ့ပြီး၊ ခေါင်းဆောင်နေရာအတွက် ငြိမ်သက်သွားတဲ့တိုက်ပွဲဟာ ပြန်လည် ဖြစ်ပေါ်ခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်တာတွေအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေပါ ကျူးလွန်ခဲ့ကြပါတယ်။

လူပေါင်း (၃၉)ဦးသေဆုံးခဲ့ပြီး၊ အင်အား အစစကောင်းမွန်တဲ့ ယာမာဂူချီ-ဂူမီဂိုဏ်းကပဲ တိုက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ Yoshinori Watanabe ကို ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ သူ့ကို မာစတာဂေါ်ရီလာလို့ ခေါ်ကြပါတယ်။ ဒါပေမယ့် (၂၀၁၅)ခုနှစ်မှာ ယာကူဇာဂိုဏ်းကို လူမုန်းများလာတယ်ဆိုပြီး သူ့ကို နှုတ်ထွက်ဖို့ ဂိုဏး်ခေါင်းဆောင်တွေက ဖိအားပေးခဲ့ပါတယ်။ ယင်းနောက် Kenichi Shinoda က ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ သူကတော့ အသက်(၇၆)နှစ် ရှိနေပါပြီ။

SHARE FROM နတ်စည်တော် (Shwemom)
ယာကူဇာဂုိဏ္းရဲ႕ ေနာက္ခံသမုိင္းေၾကာင္းနဲ႔ လူသိနည္းေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္မ်ား ယာကူဇာဂုိဏ္းရဲ႕ ေနာက္ခံသမုိင္းေၾကာင္းနဲ႔ လူသိနည္းေသးတဲ့ လွ်ိဳ႕ဝွက္ခ်က္မ်ား


Reviewed by Unknown on February 01, 2018 Rating: 5

No comments:

Powered by Blogger.