မကၠဆီကိုမွ ဆယ္ေက်ာ္သက္အရြယ္ ကေလးတစ္ေယာက္ဟာ အစာေရစာျပတ္လပ္ကာ ေခြးေလွာင္အိမ္ထဲမွာ ႏွိပ္စက္ပိတ္ေလွာင္ခံခဲ့ရျပီး အေလာင္းကို လမ္းေဘးမွာ အျမွဳပ္ခံခဲ့ရပါတယ္။ (၁၃)ႏွစ္သား Jeremiah Valencia ကို ပေထြးျဖစ္သူက ႐ိုက္သတ္ခဲ့ၿပီးေနာက္ (၂)လအၾကာ လမ္းေဘးတစ္ေနရာမွ သူ႕ရဲ႕ အေလာင္းကို ေတြ႔ခဲ့ရတာပါ။
ေသဆံုးသူကေလးရဲ႕ မိခင္ Pena, ပေထြး Ferguson နဲ႔ ပေထြးရဲ႕ သား Jordan တို႔ကို ကေလးသူငယ္ ညွင္းပန္းႏွိပ္စက္သတ္ျဖတ္မွဳ၊ သက္ေသေဖ်ာက္မွဳတို႔နဲ႔ ဖမ္းဆီးခဲ့ပါတယ္။ ေသဆံုးသူ Valencia နဲ႔ အစ္မျဖစ္သူတို႔ဟာ တရားခံ (၃)ဦးနဲ႔အတူ မကၠဆီကို Nambe ျမိဳ႕မွာ အတူေနထိုင္ခဲ့ၾကျပီး Valencia ဟာ ျပင္းထန္စြာ အႏိွပ္စက္ခံခဲ့ရတဲ့အတြက္ ဝါးတုတ္ကိုပင္ အသံုးျပဳျပီး လမ္းေလွ်ာက္ခဲ့ရပါတယ္။
ကေလးကို နာရီေပါင္းမ်ားစြာ အစာေရစာမေကၽြးဘဲ ေခြးေလွာင္အိမ္ထဲမွာလည္း ပိတ္ေလွာင္ထားခဲ့ေၾကာင္း ျမိဳ႕နယ္ေရွ႕ေန Marco Serna က တင္ျပခဲ့ပါတယ္။ Valencia ဟာ ႏုိဝင္ဘာလလယ္မွာ ေပ်ာက္ဆံုးသြားခဲ့ျပီး လူသတ္မွဳသံသယရိွေၾကာင္း အိမ္နီးခ်င္းတစ္ဦးက ရဲေတြကို ဆက္သြယ္ခဲ့ရာမွ ကေလးကို စတင္ရွာေဖြခဲ့ၾကတာပါ။
အေလာင္းကို Valencia ေနထုိင္ရာအိမ္နဲ႔ မိုင္အနည္းငယ္အကြာမွာ ေတြ႔ရိွခဲ့ျပီး ေသဆံုးတဲ့အေၾကာင္းအရင္းကို ဆက္လက္ရွာေဖြေနၾကပါတယ္။ ပေထြးျဖစ္သူရဲ႕ သားကေတာ့ သူ႔ဖခင္က Valencia ကို ျပင္းထန္စြာ ႐ိုက္ႏွက္ေနတာကုိ ျမင္ခဲ့ေၾကာင္း ထြက္ဆိုျပီး အေလာင္းကို သူတို႔ (၃)ဦးပင္ ျမႇဳပ္ခဲ့တာျဖစ္ေၾကာင္း ရဲဘက္က ထုတ္ျပန္ခဲ့ပါတယ္။
တရားခံမ်ားဟာ Valencia ရဲ႕ အစ္မကိုေတာ့ ေသဆုံးသူ Valencia ကို ေဆြမ်ိဳးေတြအိမ္ ပို႔ထားတယ္ဆိုကာ လိမ္ညာခဲ့ပါတယ္။ မိခင္ Pena ဟာ (၂၀၁၁)ခုႏွစ္တုန္းကလည္း မိသားစုနဲ႔ ကေလးသူငယ္ဌာနက စစ္ေဆးခံရမွဳရိွခဲ့ျပီး ကေလးႏွစ္ေယာက္ကို သူမကုိ ခြဲထားခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူမဆီကုိ ျပန္ေရာက္သြားခဲ့တာပါ။ အခုဆိုရင္ တရားခံ (၃)ဦးကို အခ်ဳပ္ခန္းထဲထည့္ထားျပီး သက္ေသမ်ား ထပ္မံေတြ႔ရိွပါက ျပစ္ဒဏ္ထပ္တိုးႏိုင္ေၾကာင္းလည္း သိရပါတယ္။
SHARE FROM White (Shwemom)
ခွေးလှောင်အိမ်ထဲမှာ ပိတ်လှောင်ခံရပြီး သေဆုံးတဲ့အထိ အနှိပ်စက်ခံခဲ့ရတဲ့ ကောင်လေး
မက္ကဆီကိုမှ ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ဟာ အစာရေစာပြတ်လပ်ကာ ခွေးလှောင်အိမ်ထဲမှာ နှိပ်စက်ပိတ်လှောင်ခံခဲ့ရပြီး အလောင်းကို လမ်းဘေးမှာ အမြှုပ်ခံခဲ့ရပါတယ်။ (၁၃)နှစ်သား Jeremiah Valencia ကို ပထွေးဖြစ်သူက ရိုက်သတ်ခဲ့ပြီးနောက် (၂)လအကြာ လမ်းဘေးတစ်နေရာမှ သူ့ရဲ့ အလောင်းကို တွေ့ခဲ့ရတာပါ။
သေဆုံးသူကလေးရဲ့ မိခင် Pena, ပထွေး Ferguson နဲ့ ပထွေးရဲ့ သား Jordan တို့ကို ကလေးသူငယ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ သက်သေဖျောက်မှုတို့နဲ့ ဖမ်းဆီးခဲ့ပါတယ်။ သေဆုံးသူ Valencia နဲ့ အစ်မဖြစ်သူတို့ဟာ တရားခံ (၃)ဦးနဲ့အတူ မက္ကဆီကို Nambe မြို့မှာ အတူနေထိုင်ခဲ့ကြပြီး Valencia ဟာ ပြင်းထန်စွာ အနှိပ်စက်ခံခဲ့ရတဲ့အတွက် ဝါးတုတ်ကိုပင် အသုံးပြုပြီး လမ်းလျှောက်ခဲ့ရပါတယ်။
ကလေးကို နာရီပေါင်းများစွာ အစာရေစာမကျေွးဘဲ ခွေးလှောင်အိမ်ထဲမှာလည်း ပိတ်လှောင်ထားခဲ့ကြောင်း မြို့နယ်ရှေ့နေ Marco Serna က တင်ပြခဲ့ပါတယ်။ Valencia ဟာ နိုဝင်ဘာလလယ်မှာ ပျောက်ဆုံးသွားခဲ့ပြီး လူသတ်မှုသံသယရှိကြောင်း အိမ်နီးချင်းတစ်ဦးက ရဲတွေကို ဆက်သွယ်ခဲ့ရာမှ ကလေးကို စတင်ရှာဖွေခဲ့ကြတာပါ။
အလောင်းကို Valencia နေထိုင်ရာအိမ်နဲ့ မိုင်အနည်းငယ်အကွာမှာ တွေ့ရှိခဲ့ပြီး သေဆုံးတဲ့အကြောင်းအရင်းကို ဆက်လက်ရှာဖွေနေကြပါတယ်။ ပထွေးဖြစ်သူရဲ့ သားကတော့ သူ့ဖခင်က Valencia ကို ပြင်းထန်စွာ ရိုက်နှက်နေတာကို မြင်ခဲ့ကြောင်း ထွက်ဆိုပြီး အလောင်းကို သူတို့ (၃)ဦးပင် မြှုပ်ခဲ့တာဖြစ်ကြောင်း ရဲဘက်က ထုတ်ပြန်ခဲ့ပါတယ်။
တရားခံများဟာ Valencia ရဲ့ အစ်မကိုတော့ သေဆုံးသူ Valencia ကို ဆွေမျိုးတွေအိမ် ပို့ထားတယ်ဆိုကာ လိမ်ညာခဲ့ပါတယ်။ မိခင် Pena ဟာ (၂၀၁၁)ခုနှစ်တုန်းကလည်း မိသားစုနဲ့ ကလေးသူငယ်ဌာနက စစ်ဆေးခံရမှုရှိခဲ့ပြီး ကလေးနှစ်ယောက်ကို သူမကို ခွဲထားခဲ့ပေမယ့် နောက်ပိုင်းမှာ သူမဆီကို ပြန်ရောက်သွားခဲ့တာပါ။ အခုဆိုရင် တရားခံ (၃)ဦးကို အချုပ်ခန်းထဲထည့်ထားပြီး သက်သေများ ထပ်မံတွေ့ရှိပါက ပြစ်ဒဏ်ထပ်တိုးနိုင်ကြောင်းလည်း သိရပါတယ်။
SHARE FROM White (Shwemom)
ေခြးေလွာင္အိမ္ထဲမွာ ပိတ္ေလွာင္ခံရၿပီး ေသဆံုးတဲ့အထိ အႏွိပ္စက္ခံခဲ့ရတဲ့ ေကာင္ေလး
Reviewed by Unknown
on
February 01, 2018
Rating:
No comments:
Post a Comment