2018 Idol Star Athletics Championships မှ ချစ်စရာ မြားပစ်အားကစားမယ်လေးများ
2018 Idol Star Athletics Bowling Archery Rhythmic Gymnastics Aerobics Championships ကို လာမယ့် ဖေဖော်ဝါရီ ၁၅ မှာ စတင်ထုတ်လွှင့် ပြသတော့မှာဖြစ်ကြောင်း koreaboo.com က ဖေဖော်ဝါရီ ၁၀ မှာ ဖော်ပြထားပါတယ်။
ဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ဂိုယမ်မြို့ရှိ၊ ဂိုယမ် အားကစားခန်းမမှာ ပြုလုပ်ပြီးစီးခဲ့ပေမယ့် ရုပ်သံထုတ်လွှင့်မှုတွေကတော့ ဒီလမှာမှ ပြုလုပ်မယ်လို့ သိရပါတယ်။
MBC က ပထမနှစ်ပိုင်းကို ၁၅ ရက်နေ့ ကိုရီးယား စံတော်ချိန် ညနေ ၅ နာရီ ၄၀ မှာ ထုတ်လွှတ်သွားမှာဖြစ်ပြီး၊ နောက်ထပ်နှစ်ပိုင်းကို ၁၆ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်မှာ ထုတ်လွှင့်မယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲမှာ ကိုရီးယား အိုင်ဒေါ်လ်တွေ အမြောက်အများ ပါ၀င်ခဲ့ကြပြီး မြားပစ်ပြိုင်ပွဲကတော့ ပရိတ်သတ်ကို အဓိကဖမ်းစားနိုင်ခဲ့ပါတယ်။
မြားပစ်အားကစား၀တ်စုံနဲ့ ကိုရီးယား အနုပညာရှင်တွေဟာ အလွန်လိုက်ဖက်ပြီး ချစ်စရာကောင်းနေတာကို တွေ့ရမှာပါ။
SHARE FROM opinion leaders media
Reviewed by Unknown
on
February 10, 2018
Rating:
No comments:
Post a Comment