

























အီတလီမှာ ကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ ဖိတ်ကြားခံရတဲ့ ဥက္ကာမင်းမောင်

မော်လ်ဒယ် သရုပ်ဆောင်တစ်စ်ယောက်ဖြစ်သလို Mister Tourism World 2016 ရဲ့ Winner တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ အီတလီမှာ ကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့ အတွက် ဖိတ်ကြားခြင်းခံရတယ်လို့ သိရပါတယ်..။

ဒိုင်လုပ်ဖို့ ဖိတ်ကြားခံရပြီး တစ်ခါမှ မရောက်ဖူးသေးတဲ့ အီတလီကို သွားရောက်ရမှာ ဖြစ်တဲ့အတွက် ဥက္ကာမင်းမောင်ကတော့ အရမ်းကို ပျော်နေပါတယ်..။

အီတလီမှာ ကျင်းပမယ့် Mister ပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ ဖိတ်ကြားခံရတဲ့အကြောင်းနဲ့ လွန်ခဲ့တဲ့ (၁)နှစ်ကျော်က ဝေဖန်ဆဲဆိုမှုတွေကြားက မခံချင်စိတ်နဲ့ ကြိုးစားမှုတွေကြောင့် အောင်မြင်မှုတွေရရှိခဲ့တဲ့ အကြောင်းကို ဥက္ကာမင်းမောင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“June လကျရင် အီတလီ မှာ mister ပြိုင်ပွဲ ဒိုင်လူကြီးလုပ်ဖို့ ဖိတ်ကြားခြင်းခံရတယ်.. ပျော်ထှာ.. တခါမှမရောက်ဖူးဘူး.. တခါတလေတွေးမိတာက ကျွန်တော်သာ Mister မပြိုင်ခဲ့ရင် အဲ့လို အခွင့်အရေးတွေလဲ ရလာမှာမဟုတ်ဘူး..

လွန်ခဲ့သော ၁ နှစ် ကျော်က လူတွေ ဘယ်လောက်ဝေဖန်ဝေဖန် ရှေ့ဆက်တိုး ယုံကြည်မှူအပြည့်နဲ့ သွားပြိုင်ခဲ့တာ မှန်တယ်လို့ ခံစားရတယ်.. "စောက်ခြောက်၊ ကုလားဒိန်ရုပ်၊ ဘာမှ အသုံးကျမှာလဲ ဟုတ်ဘူး၊ အသက်ပဲကြီးပြီ သွားပြိုင်ချင်သေးတယ်၊ အိုပဲအိုနေပြီ၊ အလကား ဘာဆုမှရမှာမဟုတ်ဘူးကြည့်နေ" ပေါင်းစုံအပြောခံ အဆဲခံရတာတွေ မှတ်မိသေးတယ်..။

မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ.. ဆဲခဲ့တဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်.. နောက်လဲ များများဆဲကြပါ.. သေချာတာက ကျွန်တော့် life တခုက ၁ နှစ်ကျော်အတွင်း အများကြီးပြောင်းလဲခဲ့ပြီ.. ရှေ့ဆက်လဲ ဒီ့ထက်ပြောင်းလဲအောင် ဖြေးဖြေးနဲ့မှန်မှန်ပဲ ဆက်လက်ကြိုးစားသွားဦးမယ်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ဥက္ကာမင်းမောင်ကတော့ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ World Noble Queen International 2017 ပြိုင်ပွဲကြီးနဲ့ Mister Tourism World 2017 ပြိုင်ပွဲကြီးတွေကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသေးတယ်..။

မော်လ်ဒယ် သရုပ်ဆောင်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကာ ဓာတ်ပုံ မဂ္ဂဇင်း ကြော်ငြာများ ရိုက်ကူးပေးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတာ တွေ့ရပါတယ်..။

SHARE FROM MYANMARLOAD 
အီတလီမှာ ကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ ဖိတ်ကြားခံရတဲ့ ဥက္ကာမင်းမောင် အီတလီမှာ ကျင်းပပြုလုပ်မယ့် Mister ပြိုင်ပွဲမှာ ဒိုင်လုပ်ဖို့ ဖိတ်ကြားခံရတဲ့ ဥက္ကာမင်းမောင်


Reviewed by Unknown on February 10, 2018 Rating: 5

No comments:

Powered by Blogger.