ကမာၻေက်ာ္ေတာ့မယ့္ အဆိုေတာ္ က်ားေပါက္ Big Bag



ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး အဆိုေတာ္ Band တစ္ခုျဖစ္သလို ပရိသတ္အမ်ားစုရဲ႕ ေလးစားခ်စ္ခင္မႈကို ရရွိထားတဲ့အဖြဲ႕ေတြထဲမွာ ကိုက်ားေပါက္ရဲ႕ Big Bag Band ဟာ ထိပ္ဆုံးကပါဝင္ပါတယ္။ ပရိသတ္ေတြရဲ႕ ရင္ထဲကိုေရာက္ေစတဲ့ သီခ်င္းေတာ္ေတာ္မ်ားမ်ားနဲ႔ ေအာင္ျမင္ခဲ့ၿပီး ယခုတစ္ခါမွာလည္း ပရိသတ္ေတြအတြက္ ဂုဏ္ယူစရာကိစၥတစ္ခု အခြင့္အေရးတစ္ခုကို Big Bag Band က ရရွိခဲ့တယ္လို႔ သိရပါတယ္ ပရိသတ္ႀကီးေရ

Big Bag Band ဟာ ကမ႓ာေက်ာ္ Rock Legend Band ႀကီးတစ္ခုျဖစ္တဲ့ “Queen” ရဲ႕ မန္ေနဂ်ာ Jim Beach ရဲ႕ ေတြ႕ဆုံဖို႔ကမ္းလွမ္းျခင္းကို ခံခဲ့ရတဲ့အျပင္ သူ႔ရဲ႕ project အေခြမွာ သီခ်င္းဆိုဖို႔ ဖိတ္ေခၚမႈ ျပဳခံခဲ့ရပါတယ္တဲ့ ပရိသတ္ႀကီးေရ။ ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္ၿပီး သူ႔ရဲ႕ လူမႈစာမ်က္ႏွာမွာေတာ့ ယခုလို ေရးသားၿပီး ေဖာ္ျပထားတာေတြ႕ရပါတယ္။

“Queen” အဖြဲ႕ရဲ႕ Manager Jim Beach နဲ႔ေတြ႕ဆုံျခင္း

က်ေတာ္ဒီေန႔ညေန ၃နာရီေလာက္က Jim Beach နဲ႔ေတြ႕ျဖစ္ခဲ့ပါတယ္ Jim Beach ဟာ ၁၉၇၀ ေလာက္ထဲက Queen ေရာ Freddy Mercury အတြက္ေရာ manager လုပ္ေပးခဲ့တာအခုထိပါပဲ။









အခုေတြ႕ျဖစ္တာ Jim ရဲ႕ project “NewYork City” အတြက္ပါ။ New York City ဆိုတဲ့သီခ်င္းကို ကမ႓ာအႏွံ႔က artists ေတြက တႏိုင္ငံတပုဒ္ ဖန္တီးၾကၿပီး worldwide ျဖန႔္မွာပါ။ အဲဒီ project အတြက္ က်ေနာ္တို႔ BigBag ပါဝင္ဖို႔ Jim ရဲ႕ကမ္းလွမ္းခ်က္ကိုလဲ က်ေနာ္ ဝမ္းသာဂုဏ္ယူစြာလက္ခံခဲ့ပါတယ္။ Asia က ေလာေလာဆယ္ ဂ်ပန္ ရယ္ ျမန္မာရယ္ ပါပါမယ္။

ဆက္ၿပီး ေနာက္တပါတ္ၾကရင္ Jim နဲ႔ေတြ႕မယ့္ Brian May (lead guitarist of Queen) အတြက္ bigbag album ေတြထည့္ေပးလိုက္ပါတယ္။ Brian ကိုဆက္ဆက္ေပးေပးပါမယ္ေျပာပါတယ္။ CD ထဲမွာ Dear Sir Brian May, We’ve never met yet you taught me everything “ လို႔က်ေနာ့္လက္ေရးနဲ႔ေရးေပးခြင့္ရလိုက္တယ္။

Artist တေယာက္ျဖစ္ရတာေရာ BigBag ျဖစ္ရတာေရာ

ဒီေန႔မွာ ဂုဏ္အယူဆုံးပါပဲ။

Thanks a lot Anne And Max for bringing me the best news!! Partyyyyyyy!!!!!!” ဆိုၿပီး ေရးသားထားပါတယ္။ Myanmarload ကလည္း ကိုက်ားေပါက္အတြက္ အတိုင္းမသိ ဝမ္းသားဂုဏ္ယူမိပါတယ္ေနာ္

SHARE FROM MYANMARLOAD 

ကမ္ဘာကျော်တော့မယ့် အဆိုတော် ကျားပေါက် Big Bag

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် Band တစ်ခုဖြစ်သလို ပရိသတ်အများစုရဲ့ လေးစားချစ်ခင်မှုကို ရရှိထားတဲ့အဖွဲ့တွေထဲမှာ ကိုကျားပေါက်ရဲ့ Big Bag Band ဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်စေတဲ့ သီချင်းတော်တော်များများနဲ့ အောင်မြင်ခဲ့ပြီး ယခုတစ်ခါမှာလည်း ပရိသတ်တွေအတွက် ဂုဏ်ယူစရာကိစ္စတစ်ခု အခွင့်အရေးတစ်ခုကို Big Bag Band က ရရှိခဲ့တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ

Big Bag Band ဟာ ကမ်ဘာကျော် Rock Legend Band ကြီးတစ်ခုဖြစ်တဲ့ “Queen” ရဲ့ မန်နေဂျာ Jim Beach ရဲ့ တွေ့ဆုံဖို့ကမ်းလှမ်းခြင်းကို ခံခဲ့ရတဲ့အပြင် သူ့ရဲ့ project အခွေမှာ သီချင်းဆိုဖို့ ဖိတ်ခေါ်မှု ပြုခံခဲ့ရပါတယ်တဲ့ ပရိသတ်ကြီးရေ။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ ယခုလို ရေးသားပြီး ဖော်ပြထားတာတွေ့ရပါတယ်။

“Queen” အဖွဲ့ရဲ့ Manager Jim Beach နဲ့တွေ့ဆုံခြင်း

ကျတော်ဒီနေ့ညနေ ၃နာရီလောက်က Jim Beach နဲ့တွေ့ဖြစ်ခဲ့ပါတယ် Jim Beach ဟာ ၁၉၇၀ လောက်ထဲက Queen ရော Freddy Mercury အတွက်ရော manager လုပ်ပေးခဲ့တာအခုထိပါပဲ။

အခုတွေ့ဖြစ်တာ Jim ရဲ့ project “NewYork City” အတွက်ပါ။ New York City ဆိုတဲ့သီချင်းကို ကမ်ဘာအနှံ့က artists တွေက တနိုင်ငံတပုဒ် ဖန်တီးကြပြီး worldwide ဖြန့်မှာပါ။ အဲဒီ project အတွက် ကျနော်တို့ BigBag ပါဝင်ဖို့ Jim ရဲ့ကမ်းလှမ်းချက်ကိုလဲ ကျနော် ဝမ်းသာဂုဏ်ယူစွာလက်ခံခဲ့ပါတယ်။ Asia က လောလောဆယ် ဂျပန် ရယ် မြန်မာရယ် ပါပါမယ်။

ဆက်ပြီး နောက်တပါတ်ကြရင် Jim နဲ့တွေ့မယ့် Brian May (lead guitarist of Queen) အတွက် bigbag album တွေထည့်ပေးလိုက်ပါတယ်။ Brian ကိုဆက်ဆက်ပေးပေးပါမယ်ပြောပါတယ်။ CD ထဲမှာ Dear Sir Brian May, We’ve never met yet you taught me everything “ လို့ကျနော့်လက်ရေးနဲ့ရေးပေးခွင့်ရလိုက်တယ်။

Artist တယောက်ဖြစ်ရတာရော BigBag ဖြစ်ရတာရော

ဒီနေ့မှာ ဂုဏ်အယူဆုံးပါပဲ။

Thanks a lot Anne And Max for bringing me the best news!! Partyyyyyyy!!!!!!” ဆိုပြီး ရေးသားထားပါတယ်။ Myanmarload ကလည်း ကိုကျားပေါက်အတွက် အတိုင်းမသိ ဝမ်းသားဂုဏ်ယူမိပါတယ်နော်

SHARE FROM MYANMARLOAD 
ကမာၻေက်ာ္ေတာ့မယ့္ အဆိုေတာ္ က်ားေပါက္ Big Bag ကမာၻေက်ာ္ေတာ့မယ့္ အဆိုေတာ္ က်ားေပါက္ Big Bag
Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.