လိုက္ပါလာသူအားလုံးေသပြဲဝင္ခဲ့ရတဲ့ ခရီးစဥ္



႐ုရွားနိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္ အနီးမွာ လူ ၇၁ ဦး လိုက္ပါလာတဲ့ ႐ုရွားခရီးသည္တင္ ေလယာဥ္ ပ်က္က်ခဲ့တယ္လို႔ သိရပါတယ္။ထိုေလယာဥ္ေပၚတြင္ခရီးသည္ ၆၅ ဦးနဲ႕ ေလယာဥ္အမႈထမ္း ၆ ဦး လိုက္ပါသြားတာျဖစ္ၿပီး သူတို႔အားလုံး အသက္ဆုံးခဲ့ရေၾကာင္း ႐ုရွား ကူးသန္းသြားလာေရး ဆိုင္ရာ စုံစမ္းေရး႐ုံးက ေျပာၾကားခဲ့ပါတယ္။

ေသဆုံးသူေတြထဲမွာေတာ့ ကေလးငယ္ ၃ ဦး ပါဝင္တယ္လို႔လဲသိရပါတယ္။သက္တမ္း ၇ ႏွစ္ရွိၿပီ ျဖစ္တဲ့ ဒီေလယာဥ္ဟာ ႐ုရွားရဲ႕ ဒုတိယအႀကီးဆုံးေလဆိပ္ျဖစ္တဲ့Domodedovo ကေန စတင္ပ်ံသန္းၿပီး မိနစ္ပိုင္း အၾကာမွာ ေရဒါကေန ေပ်ာက္သြားေၾကာင္း၊ ပ်က္မက်ခင္ ေနာက္ဆုံးအခ်ိန္ပိုင္းေတြမွာ ေလယာဥ္ဟာ တမိနစ္ကို မီတာ ၆၇၀၀ အရွိန္နဲ႕ ထိုးက်တာ ျဖစ္ေၾကာင္း ေလယာဥ္ ပ်ံသန္းမႈေတြကို ေျခခံရာခံတဲ့ FlightRadar 24 က ေဖာ္ျပထားတယ္လို႔သိရပါတယ္။







Saratov ေလေၾကာင္းလိုင္းက စီမံခန႔္ခြဲတဲ့ An-148 ဂ်က္ေလယာဥ္က ၿမိဳ႕ေတာ္ေမာ္စကိုရဲ႕ ဒုတိယအႀကီးဆုံး ေလဆိပ္ Domodedovo ကေန Orsk ၿမိဳ႕ကို အသြား ေမာ္စကိုၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္ ၈၀ ကီလိုမီတာ အကြာက Argunovo အနီးမွာ ပ်က္က်ခဲ့တာပါ။ပ်က္က်ရတဲ့ အေၾကာင္းရင္းကိုေတာ့ အခုခ်ိန္အထိ မသိရေသးပါဘူး။ ေလယာဥ္ပ်ံသန္းမႈ မွတ္တမ္း တခုကို ေတြ႕တယ္လို႔ ရွာေဖြေရးသမားေတြက ေျပာေပမယ့္ အခ်က္လက္ မွတ္တမ္းလား အသံမွတ္တမ္းလား သဲသဲကြဲကြဲ မသိရေသးဘူးလို႔ ႐ုရွား သတင္းေတြမွာ ေဖၚျပထားတယ္လို႔သိရပါတယ္။

source - VOA

လိုက်ပါလာသူအားလုံးသေပွဲဝင်ခဲ့ရတဲ့ ခရီးစဉ်

ရုရှားနိုင်ငံ မော်စကိုမြို့တော် အနီးမှာ လူ ၇၁ ဦး လိုက်ပါလာတဲ့ ရုရှားခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ထိုလေယာဉ်ပေါ်တွင်ခရီးသည် ၆၅ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားတာဖြစ်ပြီး သူတို့အားလုံး အသက်ဆုံးခဲ့ရကြောင်း ရုရှား ကူးသန်းသွားလာရေး ဆိုင်ရာ စုံစမ်းရေးရုံးက ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာတော့ ကလေးငယ် ၃ ဦး ပါဝင်တယ်လို့လဲသိရပါတယ်။သက်တမ်း ၇ နှစ်ရှိပြီ ဖြစ်တဲ့ ဒီလေယာဉ်ဟာ ရုရှားရဲ့ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်တဲ့Domodedovo ကနေ စတင်ပျံသန်းပြီး မိနစ်ပိုင်း အကြာမှာ ရေဒါကနေ ပျောက်သွားကြောင်း၊ ပျက်မကျခင် နောက်ဆုံးအချိန်ပိုင်းတွေမှာ လေယာဉ်ဟာ တမိနစ်ကို မီတာ ၆၇၀၀ အရှိန်နဲ့ ထိုးကျတာ ဖြစ်ကြောင်း လေယာဉ် ပျံသန်းမှုတွေကို ခြေခံရာခံတဲ့ FlightRadar 24 က ဖော်ပြထားတယ်လို့သိရပါတယ်။

Saratov လေကြောင်းလိုင်းက စီမံခန့်ခွဲတဲ့ An-148 ဂျက်လေယာဉ်က မြို့တော်မော်စကိုရဲ့ ဒုတိယအကြီးဆုံး လေဆိပ် Domodedovo ကနေ Orsk မြို့ကို အသွား မော်စကိုမြို့ရဲ့ အရှေ့တောင်ဘက် ၈၀ ကီလိုမီတာ အကွာက Argunovo အနီးမှာ ပျက်ကျခဲ့တာပါ။ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အခုချိန်အထိ မသိရသေးပါဘူး။ လေယာဉ်ပျံသန်းမှု မှတ်တမ်း တခုကို တွေ့တယ်လို့ ရှာဖွေရေးသမားတွေက ပြောပေမယ့် အချက်လက် မှတ်တမ်းလား အသံမှတ်တမ်းလား သဲသဲကွဲကွဲ မသိရသေးဘူးလို့ ရုရှား သတင်းတွေမှာ ဖေါ်ပြထားတယ်လို့သိရပါတယ်။

source - VOA
လိုက္ပါလာသူအားလုံးေသပြဲဝင္ခဲ့ရတဲ့ ခရီးစဥ္ လိုက္ပါလာသူအားလုံးေသပြဲဝင္ခဲ့ရတဲ့ ခရီးစဥ္ Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.