ေျမးအတြက္ ၁၅မုိင္ခရီးကုိ ေန႔စဥ္၀ွွီးခ်ဲလ္တြန္းရင္း လမ္းေလွ်ာက္ေနတဲ့ ၇၅ႏွစ္အရြယ္ဘြားဘြား



ကြ်န္ေတာ္တုိ႔ဆီမွာ “သားအခ်စ္ ေျမးအႏွစ္” ဆုိတဲ့စကားရွိပါတယ္။ အဘုိးအဘြားေတြဟာ ေျမးေတြကုိ သားသမီးထက္ေတာင္ အခ်စ္ပုိတတ္ၾကေၾကာင္း ရည္ညႊန္းထားတဲ့စကားပါ။ တကယ္လည္း အဘုိးအဘြား အမ်ားစုဟာ ေျမးေတြကို အလြန္ခ်စ္တတ္ၾကပါတယ္။ ဒီလုိခ်စ္တတ္ၾကတဲ့ အထဲမွာ တရုတ္ႏုိင္ငံ Guangxi မွာေနထုိင္တဲ့ အဘြား Shi Yuying လည္းပါပါတယ္။

အဘြား Shi Yuying ဟာ လမ္းမေလွ်ာက္ႏုိင္တဲ့ ေျမးျဖစ္သူ Jiang Haowen ပညာေရးအတြက္ ေန႔စဥ္ေက်ာင္းကုိ ၀ွီးခ်ဲတြန္းရင္း ၁၅မုိင္ခရီးကို လမ္းေလွ်ာက္ရွိပါတယ္။ အသက္ ၇၅ႏွစ္ရွိေပမယ့္ သူမဒီလုိတြန္းပုိ႔လာတာ အခုမွမဟုတ္ပါဘူး။ ေျမးျဖစ္သူ ၅ႏွစ္အသား အရြယ္စလုိ႔ အခု ၉ႏွစ္ေရာက္အခ်ိန္အထိ ေနပူပူမုိးရြာရြာ မပ်က္မကြက္လုိက္ပုိ႔ခဲ့တာ ၄ ႏွစ္ ရွိပါၿပီ။ အစကေတာ့ စက္ဘီးေပၚတင္ၿပီး တြန္းခဲ့ေပမယ့္ အခုေတာ့ အစုိးရက ၀ွီးခ်ဲတစ္စီးေထာက္ပံ့လာတဲ့အတြက္ ၀ီွးခ်ဲနဲ႔လုိက္ပုိ႔ႏုိင္ခဲ့တာျဖစ္ပါတယ္။ ဘာေၾကာင့္ အသက္ႀကီးလြန္းတဲ့ အဘြားဟာ ေျမးအတြက္ဒီေလာက္ အပင္ပန္းခံေနရပါသလဲ။

သူမရဲ႕ ေျမးျဖစ္သူ Jiang Haowen ေလးဟာ အသက္ ၂ႏွစ္အရြယ္မွာ cerebral palsy ေရာဂါရွိေနေၾကာင္းေတြ႔ရပါတယ္။ ဒီေရာဂါဟာ ခႏၶာကုိယ္အစိတ္အပုိင္းက အေၾကာၾကြက္သားေတြ ေကာင္းေကာင္း မလႈပ္ရွားႏုိင္တဲ့ေရာဂါပါ။ Haowen ေရာဂါျဖစ္ေနစဥ္မွာပဲ သူ႔ရဲ႕မိဘႏွစ္ဦးဟာ ကြာရွင္းခဲ့ပါတယ္။ အေမက ေနာက္ေယာက်္ားယူသြားၿပီး သူ႔ကိုစြန္႔ခြာသြားသလုိ အေဖျဖစ္သူကလည္း သူသားအတြက္ေဆးကုစရိတ္ရွာဖုိ႔ Guilin ၿမဳိ႕ကုိထြက္ခြာသြားပါတယ္။ ဒါေၾကာင့္ ေျမးျဖစ္သူရဲ႕ ပညာေရးနဲ႔ ကိစၥ၀ိစၥအကုန္လုံးဟာ အဖြားျဖစ္သူတာ၀န္ျဖစ္လာခဲ့ပါတယ္။







တကယ္ေတာ့ အိမ္နဲ႔ Haowen ေက်ာင္းဟာ ၂မုိင္နီးပါးပဲ ေ၀းပါတယ္။ ဒါေပမယ့္ ဒီေက်ာင္းဟာ မနက္တစ္ပုိင္း ညေနတစ္ပုိင္း သင္တဲ့ေက်ာင္းပါ။ ဒါေၾကာင့္ အဖြားျဖစ္သူဟာ တစ္ေန႔ကုိ အသြားအျပန္ ၈ေခါက္လုပ္ေနရပါတယ္။ မနက္ေစာစာမွာ ၀ွီးခ်ဲတြန္းရင္း ေျမးျဖစ္သူကိုလုိက္ပုိ႔ ၊ ၿပီးေတာ့ အိမ္ျပန္လာၿပီး အိမ္မႈကိစၥေတြလုပ္ ၊ ေန႔ခင္းေျမးကိုေခၚဖုိ႔ ေက်ာင္းကိုတစ္ေခါက္ျပန္သြား ၊ ေျမးကိုအိမ္ကုိ ျပန္ေခၚ ၊ ေန႔လည္ေက်ာင္းကုိ တစ္ေခါက္ျပန္ပုိ႔ ၊ ၿပီးေတာ့ သူမက ျပန္လာ ၊ ညေနတစ္ခါထပ္သြား ၊ ေျမးကုိေခၚၿပီးျပန္လာ..စုစုေပါင္း ၈ေခါက္(၁၅မုိင္) ျဖစ္ပါတယ္။ သူမ ေျမးျဖစ္သူကို ဒီလုိေန႔စဥ္ပုိ႔ႏုိင္ဖုိ႔ သူမရဲ႕ က်မ္းမာေရးကို အလြန္ဂရုစုိက္ရၿပီး ေဆး၀ါးမ်ားကို အၿမဲမွီ၀ဲေနရတယ္လုိ႔ ဆုိပါတယ္။

အဖြားရဲ႕ ဂရုစုိက္ ေလ့က်င့္မႈေၾကာင့္ Haowen ေလးဟာ ေက်ာင္းစာေကာင္းစြာ သင္ႏုိင္သလုိ အနည္းငယ္အကြာအေ၀းကို လမ္းေလွ်ာက္ႏုိင္ေနပါၿပီ။ ဒါေပမယ့္ ေဘာ့ပင္ေတြ ခဲတံေတြကုိင္တဲ့ေနရာမွာေတာ့ သူ႔ရဲ႕ေရာဂါေၾကာင့္ ျပႆနာေတြ ရွိေနဆဲပါ။ ဒါေပမယ့္ သူဟာ စာေတာ္တဲ့ကေလးတစ္ေယာက္ျဖစ္ၿပီး သခၤ်ာဘာသာရပ္ ကို အလြန္စိတ္၀င္စားတယ္လုိ႔ သိရပါတယ္။

“သူ႔အတြက္ ပညာေရးက အေရးအႀကီးဆုံးပဲ ၊ ကြ်န္မလုပ္ေပးႏုိင္တာလည္း ဒါပဲရွိတယ္ ၊ ကြ်န္မလမ္းေလွ်ာက္ႏုိင္ေသးသ၍ ကြ်န္မေျမးကုိ အခုလုိပဲ ေက်ာင္းကိုပို႔ေနဦးမွာပါ ၊ ဂရုစုိက္ေနဦးမွာပါ ၊ ကြ်န္မအသက္အရြယ္နဲ႔ အခုလုိ ခရီးအေ၀းႀကီးကို ေခါက္တုန္႔ေခါက္ျပန္ ပို႔ရတာကုိ ပင္ပန္းတယ္လုိ႔ တစ္ခါမွမခံစားမိပါဘူး” လုိ႔ အဘြားျဖစ္သူ Shi Yuying က ဆုိပါတယ္။ ေျမးျဖစ္သူအေပၚမွာထားတဲ့ အဘြား Shi Yuying ရဲ႕ေမတၱာကေတာ့ အံၾသခ်ီးက်ဴးဖုိ႔ေကာင္းလွပါေတာ့တယ္။

SHARE FROM သုတဇုန္

မြေးအတွက် ၁၅မိုင်ခရီးကို နေ့စဉ်၀ှှီးချဲလ်တွန်းရင်း လမ်းလျှောက်နေတဲ့ ၇၅နှစ်အရွယ်ဘွားဘွား

ကျွန်တော်တို့ဆီမှာ “သားအချစ် မြေးအနှစ်” ဆိုတဲ့စကားရှိပါတယ်။ အဘိုးအဘွားတွေဟာ မြေးတွေကို သားသမီးထက်တောင် အချစ်ပိုတတ်ကြကြောင်း ရည်ညွှန်းထားတဲ့စကားပါ။ တကယ်လည်း အဘိုးအဘွား အများစုဟာ မြေးတွေကို အလွန်ချစ်တတ်ကြပါတယ်။ ဒီလိုချစ်တတ်ကြတဲ့ အထဲမှာ တရုတ်နိုင်ငံ Guangxi မှာနေထိုင်တဲ့ အဘွား Shi Yuying လည်းပါပါတယ်။

အဘွား Shi Yuying ဟာ လမ်းမလျှောက်နိုင်တဲ့ မြေးဖြစ်သူ Jiang Haowen ပညာရေးအတွက် နေ့စဉ်ကျောင်းကို ၀ှီးချဲတွန်းရင်း ၁၅မိုင်ခရီးကို လမ်းလျှောက်ရှိပါတယ်။ အသက် ၇၅နှစ်ရှိပေမယ့် သူမဒီလိုတွန်းပို့လာတာ အခုမှမဟုတ်ပါဘူး။ မြေးဖြစ်သူ ၅နှစ်အသား အရွယ်စလို့ အခု ၉နှစ်ရောက်အချိန်အထိ နေပူပူမိုးရွာရွာ မပျက်မကွက်လိုက်ပို့ခဲ့တာ ၄ နှစ် ရှိပါပြီ။ အစကတော့ စက်ဘီးပေါ်တင်ပြီး တွန်းခဲ့ပေမယ့် အခုတော့ အစိုးရက ၀ှီးချဲတစ်စီးထောက်ပံ့လာတဲ့အတွက် ၀ှီးချဲနဲ့လိုက်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် အသက်ကြီးလွန်းတဲ့ အဘွားဟာ မြေးအတွက်ဒီလောက် အပင်ပန်းခံနေရပါသလဲ။

သူမရဲ့ မြေးဖြစ်သူ Jiang Haowen လေးဟာ အသက် ၂နှစ်အရွယ်မှာ cerebral palsy ရောဂါရှိနေကြောင်းတွေ့ရပါတယ်။ ဒီရောဂါဟာ ခန္ဓာကိုယ်အစိတ်အပိုင်းက အကြောကြွက်သားတွေ ကောင်းကောင်း မလှုပ်ရှားနိုင်တဲ့ရောဂါပါ။ Haowen ရောဂါဖြစ်နေစဉ်မှာပဲ သူ့ရဲ့မိဘနှစ်ဦးဟာ ကွာရှင်းခဲ့ပါတယ်။ အမေက နောက်ယောကျ်ားယူသွားပြီး သူ့ကိုစွန့်ခွာသွားသလို အဖေဖြစ်သူကလည်း သူသားအတွက်ဆေးကုစရိတ်ရှာဖို့ Guilin မြို့ကိုထွက်ခွာသွားပါတယ်။ ဒါကြောင့် မြေးဖြစ်သူရဲ့ ပညာရေးနဲ့ ကိစ္စ၀ိစ္စအကုန်လုံးဟာ အဖွားဖြစ်သူတာ၀န်ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ အိမ်နဲ့ Haowen ကျောင်းဟာ ၂မိုင်နီးပါးပဲ ေ၀းပါတယ်။ ဒါပေမယ့် ဒီကျောင်းဟာ မနက်တစ်ပိုင်း ညနေတစ်ပိုင်း သင်တဲ့ကျောင်းပါ။ ဒါကြောင့် အဖွားဖြစ်သူဟာ တစ်နေ့ကို အသွားအပြန် ၈ခေါက်လုပ်နေရပါတယ်။ မနက်စောစာမှာ ၀ှီးချဲတွန်းရင်း မြေးဖြစ်သူကိုလိုက်ပို့ ၊ ပြီးတော့ အိမ်ပြန်လာပြီး အိမ်မှုကိစ္စတွေလုပ် ၊ နေ့ခင်းမြေးကိုခေါ်ဖို့ ကျောင်းကိုတစ်ခေါက်ပြန်သွား ၊ မြေးကိုအိမ်ကို ပြန်ခေါ် ၊ နေ့လည်ကျောင်းကို တစ်ခေါက်ပြန်ပို့ ၊ ပြီးတော့ သူမက ပြန်လာ ၊ ညနေတစ်ခါထပ်သွား ၊ မြေးကိုခေါ်ပြီးပြန်လာ..စုစုပေါင်း ၈ခေါက်(၁၅မိုင်) ဖြစ်ပါတယ်။ သူမ မြေးဖြစ်သူကို ဒီလိုနေ့စဉ်ပို့နိုင်ဖို့ သူမရဲ့ ကျမ်းမာရေးကို အလွန်ဂရုစိုက်ရပြီး ဆေးဝါးများကို အမြဲမှီ၀ဲနေရတယ်လို့ ဆိုပါတယ်။

အဖွားရဲ့ ဂရုစိုက် လေ့ကျင့်မှုကြောင့် Haowen လေးဟာ ကျောင်းစာကောင်းစွာ သင်နိုင်သလို အနည်းငယ်အကွာအေ၀းကို လမ်းလျှောက်နိုင်နေပါပြီ။ ဒါပေမယ့် ဘော့ပင်တွေ ခဲတံတွေကိုင်တဲ့နေရာမှာတော့ သူ့ရဲ့ရောဂါကြောင့် ပြဿနာတွေ ရှိနေဆဲပါ။ ဒါပေမယ့် သူဟာ စာတော်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သင်္ချာဘာသာရပ် ကို အလွန်စိတ်၀င်စားတယ်လို့ သိရပါတယ်။

“သူ့အတွက် ပညာရေးက အရေးအကြီးဆုံးပဲ ၊ ကျွန်မလုပ်ပေးနိုင်တာလည်း ဒါပဲရှိတယ် ၊ ကျွန်မလမ်းလျှောက်နိုင်သေးသ၍ ကျွန်မမြေးကို အခုလိုပဲ ကျောင်းကိုပို့နေဦးမှာပါ ၊ ဂရုစိုက်နေဦးမှာပါ ၊ ကျွန်မအသက်အရွယ်နဲ့ အခုလို ခရီးအေ၀းကြီးကို ခေါက်တုန့်ခေါက်ပြန် ပို့ရတာကို ပင်ပန်းတယ်လို့ တစ်ခါမှမခံစားမိပါဘူး” လို့ အဘွားဖြစ်သူ Shi Yuying က ဆိုပါတယ်။ မြေးဖြစ်သူအပေါ်မှာထားတဲ့ အဘွား Shi Yuying ရဲ့မေတ္တာကတော့ အံသြချီးကျူးဖို့ကောင်းလှပါတော့တယ်။

SHARE FROM သုတဇုန်
ေျမးအတြက္ ၁၅မုိင္ခရီးကုိ ေန႔စဥ္၀ွွီးခ်ဲလ္တြန္းရင္း လမ္းေလွ်ာက္ေနတဲ့ ၇၅ႏွစ္အရြယ္ဘြားဘြား ေျမးအတြက္ ၁၅မုိင္ခရီးကုိ ေန႔စဥ္၀ွွီးခ်ဲလ္တြန္းရင္း လမ္းေလွ်ာက္ေနတဲ့ ၇၅ႏွစ္အရြယ္ဘြားဘြား Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.