ကင်ဆာအကြိတ်တွေကို ဖျက်ဆီးမယ့် ဆေးအသစ် စမ်းသပ်အောင်မြင်ပြီဖြစ်



စတန်းဖို့ဒ်တက္ကသိုလ်မှ ဆေးသုတေသနအဖွဲ့က ကင်ဆာကြိတ်တွေကို တိုက်ဖျက်မယ့် ကင်ဆာရောဂါ ကာကွယ်ဆေးအသစ်ကို တီထွင်စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။  ကာကွယ်ဆေးကို ကနဦးပိုင်းမှာ ကြွက်တွေကို စမ်းသပ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာကြောင့် ယခုအခါမှာ လူသားတွေနဲ့ ထပ်မံစမ်းသပ်ဦးမှာဖြစ်ပါတယ်။ အဆိုပါ ကာကွယ်ဆေးဟာ ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်မှာပြန့်ပွားနေတဲ့ ကင်ဆာအကြိတ်တွေကို တိုက်ခိုက်ပေးမှာဖြစ်ပါတယ်။

ဆေးသုတေသနပညာရှင်တွေက ကင်ဆာဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ကြွက်တွေကို ဆေးထိုးသွင်းစမ်းသပ်ပြီးနောက် ဝေဒနာအရှင်းပျောက်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။ ကြွက်တွေကို စမ်းသပ်မှုရလဒ် အောင်မြင်ခဲ့ပြီးတဲ့နောက် လူသားတွေကို ထပ်မံစမ်းသပ်ဖို့ သွေးကင်ဆာရောဂါသည်တွေကို စတန်းဖို့ဒ်ဆေးသုတေသနက လိုက်လံရှာဖွေလျက်ရှိနေပါတယ်။

လတ်တလောမှာတော့ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ ဓာတုနဲ့ဓာတ်ရောင်ခြည်ကုထုံးတွေသုံးပြီး ကုသနေကြပါတယ်။ ဒါပေမယ့် အဆိုပါကုထုံးတွေက ရရှိလာတဲ့ကျန်းမာရေး အကျိုးဆက်တွေကတော့ ဆိုးဝါးလှပါတယ်။ ယခုတွေ့ရမယ့် ကာကွယ်ဆေးကတော့ ကင်ဆာဆဲလ်တွေ တည်ရှိရာနေရာကိုပဲ ကာကွယ်ဆေးရောက်မှာဖြစ်တဲ့အတွက်ကြောင့် ဆိုးကျိုးဖြစ်နိုင်ချေ နည်းတဲ့အပြင် ငွေကုန်ရကျိုး နပ်လိမ့်မယ်လို့ သိရပါတယ်။













ကင်ဆာကာကွယ်ဆေး သုတေသနမှာ ဌာနမှုးဖြစ်သူ Ronald Levy က ကာကွယ်ဆေးကို ဘယ်လိုကင်ဆာအမျိုးအစားမျိုးမဆို သုံးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးရဲ့အဓိကရည်ရွယ်ချက်ကတော့ ဇီဝခုခံစွမ်းအားကိုမြှင့်တင်ပေးတာပဲဖြစ်ပါတယ်။ ထိုကုသမှုဟာ ခုခံအားစနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးပြီး ကင်ဆာကြိတ်တွေရှိတဲ့နေရာတွေက ရောဂါဆဲလ်တွေကို သတ်ပြီး ထပ်မပြန့်နှံ့နိုင်အောင်လည်း တားဆီးပေးမှာဖြစ်ပါတယ်။

ကာကွယ်ဆေးမှာ ဓာတ်ပြုပစ္စည်း(၂)မျိုး ပေါင်းစပ်ပါဝင်မှာဖြစ်ပါတယ်။ ပထမတစ်မျိုးမှာ DNA ပါဝင်ပြီး ဒုတိယတစ်မျိုးမှာတော့ ပဋိဇီဝဆေးပါဝင်မှာဖြစ်ပါတယ်။ (၂)မျိုးပေါင်းစပ်ပြီးတဲ့အခါမှာတော့ ကင်ဆာဖြစ်ရာနေရာက အလုပ်မလုပ်တော့တဲ့ သွေးဖြူဥတီဆဲလ်တွေကို အလုပ်ပြန်လုပ်စေပြီး ကင်ဆာဆဲလ်အကြိတ်တွေကို ဖျက်ဆီးခိုင်းတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ကာကွယ်ဆေးတွေ ဘယ်လိုပဲပေါ်ပေါက်ပါစေ၊ ကာကွယ်ဆေးထိုးသွင်းရတဲ့ ပမာဏပေါ်မူတည်ပြီး ကင်ဆာဝေဒနာရှင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကို အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့တော့ ယူဆရပါတယ်။

SHARE FROM လင်းလင်း(ShweMom)
ကင်ဆာအကြိတ်တွေကို ဖျက်ဆီးမယ့် ဆေးအသစ် စမ်းသပ်အောင်မြင်ပြီဖြစ် ကင်ဆာအကြိတ်တွေကို ဖျက်ဆီးမယ့် ဆေးအသစ် စမ်းသပ်အောင်မြင်ပြီဖြစ်


Reviewed by Unknown on February 02, 2018 Rating: 5

No comments:

Powered by Blogger.