ဖုန်းအားသွင်းပြီး ဘေးမှာထားအိပ်ခဲ့တဲ့ (၁၄)နှစ်သမီးလေး ဓာတ်လိုက်သေဆုံး
အခုခေတ်လူတွေဟာ သူတို့ရဲ့ ဖုန်းကိုပဲ အားကိုးပြီး နေ့စဉ်ဘဝကို လည်ပတ်နေကြရတာပါ။ ဖုန်းမရှိဘဲနဲ့ ကိစ္စတော်တော်များများကို ပြီးမြောက်အောင် လုပ်လို့မရဘဲ အိမ်မှာ ဖုန်းမေ့ကျန်ခဲ့တဲ့နေ့မျိုးဆိုရင် တစ်နေ့လုံးအဆင်မပြေတော့ပါဘူး။ အိမ်ပြန်ရောက်ရင်လည်း တစ်နေ့လုံး အသုံးပြုထားတဲ့ဖုန်းကို အားသွင်းကြပါတယ်။ အများအားဖြင့် အားသွင်းကြတဲ့အချိန်ကတော့ ဖုန်းမသုံးတောတဲ့အိပ်ချိန်မှာ အားသွင်းလျက်တန်းလန်း ပစ်ထားတတ်ပါတယ်။
ဗီယက်နမ်မိခင်တစ်ဦးကတော့ သမီးဖြစ်သူ အိပ်ပျော်နေစဉ် ဓာတ်လိုက်သေဆုံးသွားပြီးနောက် သမီးဖြစ်သူကို အိပ်နေတုန်း ဖုန်းအားသွင်းခွင့်ပေးခဲ့မိတာကို နောင်တရနေပြီဖြစ်ပါတယ်။ တစ်မနက်မှာ မိခင်ဖြစ်သူက (၁၄)နှစ်အရွယ် သမီး Le Thi Xoan ကို ကျောင်းသွားဖို့ လာနှိုးပြီး သမီးဖြစ်သူ နိုးမလာခဲ့တော့တဲ့အခါမှာ အထိတ်တလန့် ဖြစ်သွားခဲ့ပါတယ်။
Xoan ကို ဆေးရုံချက်ချင်းပို့ခဲ့ပေမယ့် ဆေးရုံရောက်ရောက်ချင်းပဲ လူနာသေဆုံးကြောင်း ဆရာဝန်တွေ အတည်ပြုခဲ့ပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းက ဓာတ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း မိဘတွေ သိလိုက်ရချိန်မှာတော့ အံ့အားသင့်ထိတ်လန့်သွားခဲ့ကြပါတယ်။ Xoan ဟာ အားသွင်းထားတဲ့ သူ့ iPhone ကို ဘေးမှာ ထားအိပ်ခဲ့တာဖြစ်ပြီး အားသွင်းကြိုးက ပေါက်ပြဲနေခဲ့ပါတယ်။
အားသွင်းကြိုးရဲ့အပေါ် ရော်ဘာအဖုံးက ပေါက်နေတဲ့အတွက် အထဲကဝိုင်ယာကြိုးတွေ အပြင်ထွက်နေခဲ့ပြီး Xoan ဟာ ဈေးကြီးတဲ့ iPhone အားသွင်းကြိုး အသစ်မဝယ်ဘဲ တိပ်နဲ့သာပတ််ပြီး သုံးနေခဲ့တာပါ။ အားသွင်းကြိုးက iPhone ကြိုးအစစ် ဟုတ်မဟုတ်တော့ အတည်မပြုရသေးပေမယ့် Apple က ထုတ်တဲ့ အားသွင်းကြိုးဟာ လက်မ (၂၀)အရှည်ရှိပြီး ယခု အားသွင်းကြိုးက တိုနေခဲ့တာကိုတော့ ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
SHARE FROM White (Shwemom)
Reviewed by Unknown
on
February 02, 2018
Rating:
No comments:
Post a Comment