ခပ်ဟော့ဟော့ အပြင်းစားရိုက်ချက်များကြားက လုလုအောင်
မြန်မာနိုင်ငံရဲ့ ပုရိသပရိသတ်တို့အားပေးမှုအများဆုံး နဲ့ လူသိအများဆုံးမော်ဒယ်လ်ဖြစ်တဲ့ လုလုအောင်ကတော့ တိုင်းရင်းသူတစ်ယောက်ရဲ့ ထူးခြားတဲ့လှပမှုမျိုးနဲ့ ရင့်ကျက် အလှကိုပိုင်ဆိုင်ထားတာပါ။ အောင်မြင်တဲ့ Photo Model တစ်ယောက်အပြင် MTV ရိုက်ကွင်း အချို့မှာလည်း သူမကိုမကြာခဏ မြင်တွေ့ရတက်ပါတယ်။
Jenevy Sui ဆို အဆိုတော်သစ်လေး သီဆိုထားတဲ့ First Kiss ဆိုတဲ့သီချင်းလေးမှာတော့ မင်းသားချော တိုင်ရွှန်နဲ့အတူ တွဲဖက်ကာသရုပ်ဆောင်ထားပါတယ်။ သာမန်ကြားဖူးနေကြ အချစ်သီချင်းလေးများနဲ့အတူ ကွဲထွက်နေတဲ့ အချစ်သီချင်းလေးတစ်ပုဒ်ဖြစ်သလို သရုပ်ဆောင်မှုပိုင်းမှာလည်း Sexy ကျကျနဲ့ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားတာ ကိုတွေ့ရပါတယ်။
သူမကတော့ သရုပ်ဆောင်ပိုင်းမကျွမ်းကျင်တာကြောင့် သူမအားသာရာ Photo Model တစ်ယောက်အနေနဲ့သာ ရပ်တည်သွားမှာလို့ ဆိုပါတယ်။ လတ်တလောမှာတော့ မဂ္ဂဇင်းကာဗာများနဲ့ ပြက္ခဒိန်ရိုက်ကူးများနဲ့ အဆက်မပြတ်လှုပ်ရှားနေရတာကိုလည်း မြင်တွေ့ရပါတယ်။
လက်ရှိမှာတော့ Single Mom တစ်ယောက်အဖြစ် ရပ်တည်ကာ သမီးငယ်လေး တစ်ယောက် နဲ့အတူ ဘဝကိုကြံကြံခိုင်စွာ ရပ်တည်နေနိုင်တဲ့ သူမရဲ့စိတ်ဓာတ်ကတော့ လေးစား စရာပါပဲ ။သရုပ်ဆောင်ပိုင်းမှာ မြင်တွေ့ရခဲတဲ့ ကချင်တိုင်းရင်းသူလေး လုလုအောင် ရဲ့ MTV လေးထဲက ခပ်ဟော့ဟော့ပုံရိပ်ကလေးတစ်ချို့ကို လုလုအောင်ရဲ့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
SHARE FROM MYANMARLOAD
Reviewed by Unknown
on
February 02, 2018
Rating:
No comments:
Post a Comment