အပြာဇာတ်ကားတွေ၊ အပြာဝက်ဘ်ဆိုဒ်တွေဆိုတာ အမေရိကန်ကဲ့သို့သော နိုင်ငံကြီးမှာ လူကြည့်အများဆုံး ဝက်ဘ်ဆိုက်တွေ၊ ဇာတ်ကားတွေ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အသက် (၁၈)နှစ်နဲ့ (၃၀)ကြားမှာရှိတဲ့ (၈၀)%ဟာ အပြာဇာတ်ကားကြည့်ကြောင်း ရှက်နေတဲ့သူတွေတော့ မဟုတ်ပါဘူး။
အပြာဇာတ်ကား အပြာဝက်ဘ်ဆိုဒ်တွေကလည်း အသက်အရွယ် ဆင်ဆာပိုင်းမှာ အလွန်အားနည်းချက်တွေရှိနေပြီး လွယ်လင့်တကူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ဆိုဒ်တွေ ဖြစ်နေတာကို အားလုံးလည်း အသိဖြစ်မှာပါ။ အခကြေးငွေလည်း ပေးစရာ မလိုပါဘူး။ ဒီအချက်မှာ အဓိက နစ်နာသူတွေက အပြာဇာတ်ကား သရုပ်ဆောင်တွေ ဖြစ်ပါတယ်။
သူတို့တစ်တွေဟာ ထိုက်တန်တဲ့ အနုပညာကြေး ရခဲ့တယ်ဆိုတာ မှန်ပေမယ့်၊ တစ်ခြားမော်ဒယ်တွေလို ပုံရိပ်အသုံးပြုခနဲ့ ထင်ပေါ်ကျော်ကြားမှုကြေးကတော့ မရသလောက်ပါဘဲ။ ဒါကို ဖြေရှင်းဖို့နဲ့ အပြာဇာတ်ကားတွေ စည်းနဲ့ကမ်းနဲ့ ကြည့်ရှုဖို့ Vice Industry Token က စတင်ကန့်သတ်မှုတွေ ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
Vice Industry Token ရဲ့ အဆိုအရ မိမိဝယ်ယူလိုသော ပစ္စည်းတစ်ခု၊ ကြည့်ရှုလိုသော ဇာတ်ကားတစ်ခုကို အခကြေးငွေပေးရတာ ဘောဂဗေဒသဘောတရားအရ သင့်တင်လျှောက်ပတ်ပါတယ်လို့ ဆိုပါတယ်။ VIT ဟာ ဝက်ဆိုဒ်ကနေ ထိန်းချုပ်ထားတဲ့ ကြော်ငြာအခြေခံကို ပြင်ဆင်ဖို့ ရည်ရွယ်နေပြီး၊ Blockchain တစ်ခု ဖန်တီးဖို့ ရည်ရွယ်ပါတယ်။
ဆိုလိုရင်းကတော့ ဒီလို သူတို့ထိန်းချုပ်နိုင်ပြီဆိုရင် သူတို့နဲ့ ပါတနာဖြစ်နေတဲ့ အပြာဆိုဒ်တွေရဲ့ ဝင်ရောက်ကြည့်ရှုမှုနှုန်းကို စနစ်တကျ ကန့်သန်နိုင်မှာဖြစ်ပြီး၊ ဒီနည်းအားဖြင့် ကြည့်ရှုလိုသူတွေဟာ မိမိတို့ ကြည့်ရှုလိုတဲ့ ဝက်ဘ်ဆိုဒ်တွေက ဇာတ်ကားတွေကို အခကြေးငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကို သူတို့က ‘Revolutionary adult cryprocurrency’ လုပ်တယ်လို့ ဆိုပါတယ်။
၎င်းဝက်ဘ်ဆိုဒ်မှာ ကြေညာထားတာက ” အပြာဖျော်ဖြေရေးအတွက် မူလသတ်မှတ်ချက်တွေကတော့ ကြည့်ရှုသူတွေဟာ ဇာတ်ကားတစ်ခုချင်းကိုဖြစ်စေ Subscription လုပ်၍ဖြစ်စေ ကြည့်ရှုရမှာ ဖြစ်ပါတယ် .. ဒါပေမယ့် အလကားဆိုတဲ့ကဏ္ဍကလည်း သေချာပေါက် လိုအပ်နေတယ်လို့ ထင်ရပေမယ့် … ဒီအတွက် ပိုက်ဆံပေးရတာမျိုးက ပိုမကောင်းဘူးလားလို့ စဉ်းစားသာကြည့်လိုက်ပါ …”
” အခုဆိုရင် VIT က အပြာဇာတ်ကားဝက်ဘ်ဆိုဒ်တွေနဲ့ အဓိကချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး၊ သူတို့ဆီကနေ ပြစရာရှိတာတွေကို VIT ကတစ်ဆင့် သင်တို့ရှေ့မှောက်ကို ရောက်လာမှာပါ … ဒီအတွက် သင်တို့က အခကြေးငွေပေးရမှာပါ … အပြာဇာတ်ကားဖျော်ဖြေရေးဟာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနီးမြှုပ်နှံရတဲ့လုပ်ငန်းဖြစ်ပြီး၊ ဒါကို သင်တို့ တို့ထိခံစားစေဖို့ VIT က စွမ်းဆောင်မှာပါ “လို့ရေးသားထားပါတယ်'
အခုဆိုရင် VIT နဲ့ ချိတ်ဆက်မှု ပြုလုပ်ထားတာ Cams com နဲ့ Exxxtasy ဝက်ဘ်ဆိုဒ်တို့ ဖြစ်ကြပြီး၊ မကြာမီမှာ တစ်ခြားဝက်ဘ်ဆိုဒ်တွေလည်း ပါဝင်ပူးပေါင်းမယ်လို့ VIT က ယုံကြည်နေပါတယ်။ အကြောင်းကတော့ မိမိတို့ ငွေကြေးရမယ့် ကိစ္စကို ဘယ်အပြာဇာတ်ကားဆိုဒ်က တာဝန်ရှိသူမဆို လိုချင်ကြမှာမို့လို့ပါဘဲ။
SHARE FROM နတ်စည်တော် (Shwemom)
အပြာဇာတ်ကားတွေကို အခကြေးငွေ ပေးကြည့်ရတော့မည်
Reviewed by Unknown
on
February 02, 2018
Rating:
No comments:
Post a Comment