တစ်ကမ္ဘာလုံးက ပရိသတ်အချစ်တွေရယူထားတဲ့ ဂျူမုံမင်းသားရဲ့ သုံးမွှာပူးသားလေးတွေ


















တစ်ကမ်ဘာလုံးက ပရိသတ်အချစ်တွေရယူထားတဲ့ ဂျူမုံမင်းသားရဲ့ သုံးမွှာပူးသားလေးတွေ

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ ဆောင်အီဂွတ်ကိုတော့ မြန်မာပရိသတ်တွေအနေနဲ့ ဂျူမုံ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ မှတ်မိနေကြမယ်ထင်ပါတယ်။အသက်(၄၆)နှစ်အရွယ် မင်းသား ဆောင်အီဂွတ် တစ်ယောက် အိမ်ထောင်ကျပြီးနောက် ထူးထူးခြားခြား သုံးမွှာပူး ယောကျာ်းလေး(၃)ယောက် ပိုင်ဆိုင်ထားရပါတယ်။သူ့အတွက် ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုလိုဖြစ်တဲ့ ကလေး(၃)ယောက်ဟာ ပရိသတ်တွေအတွက်လည်း အချစ်ပိုနေရတဲ့ ကလေးတွေဖြစ်ပါတယ်။သူတို့လေးတွေဟာ လာမယ့်မတ်လ(၁၂)ရက်နေ့မှာ အသက်(၆)နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ 

နာမည်ကြီးမင်းသားရဲ့ ကလေးတွေဖြစ်တာနဲ့အညီ အဖေတူအမေတူ သားချောလေးတွေမို့ ရုပ်ရည်လေးတွေက ချစ်စရာကောင်းနေတာဖြစ်ပါတယ်။သားလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးပိုင်ဆိုင်ထားတဲ့ သူ့အတွက်တော့ အနုပညာအလုပ်တွေထက်တောင် ပိုပြီး တန်ဖိုးထားစရာဖြစ်နေပါတယ်။

သူဟာ (၂၀၀၈)ခုနှစ် မတ်လက ဆိုးလ်တရားရုံးမှာ ဇနီးသည်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း လက်တွဲမြဲနေတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။သူ့ရဲ့ ဇနီးသည်ကိုတော့ ရုပ်သံအစီစဉ်တွေမှာ သိပ်ပြီး ပွဲထုတ်လေ့မရှိပေမယ့်လည်း ဇနီးဖြစ်သူဟာ အနေအေးတယ်လို့ လည်း သိရပါတယ်။သားလေးတွေနဲ့အတူ တစ်နေ့တာကို ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ လှုပ်ရှားမှုလေးတွေကို ကိုရီးယားရုပ်သံလိုင်းအချို့မှာ ပြသလျက်ရှိပါတယ်။အဆိုပါရုပ်သံလိုင်းကတော့ အာရှက ပရိသတ်တွေအတွက်ပါ စိတ်ဝင်စားစရာဖြစ်နေပြီး သူတို့သားအဖကို ချီးကျုးစကားဆိုကြပါတယ်။

ဆောင်အီဂွတ်ဟာ ဇာတ်ရုပ်ပီပြင်လွန်းပြီး သူပါ၀င်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒယ်ဟန် ၊ မင်ဂွတ် ၊ မန် ဆယ် တို့ သုံးယောက်ကတော့ အရွယ်လေးရလာလေ ပိုချစ်စရာကောင်းပြီး ဖခင်ကိုလည်း ပိုပြီးကပ်လာတာကို တွေ့ရပါတယ်။

သူတို့ရဲ့ ပုံလေးတွေကို လွမ်းနေတဲ့ပရိသတ်တွေရှိလား။  

SHARE FROM MYANMARLOAD 
















တစ်ကမ္ဘာလုံးက ပရိသတ်အချစ်တွေရယူထားတဲ့ ဂျူမုံမင်းသားရဲ့ သုံးမွှာပူးသားလေးတွေ တစ်ကမ္ဘာလုံးက ပရိသတ်အချစ်တွေရယူထားတဲ့ ဂျူမုံမင်းသားရဲ့ သုံးမွှာပူးသားလေးတွေ Reviewed by Unknown on February 02, 2018 Rating: 5

No comments:

Powered by Blogger.