Source - C W
ရောဂါဆိုးတစ်ခုဖြင့် ဆေးရုံးရောက်ရှိနေတဲ့ ဒေါ်စံပယ်
မြန်မာအနုပညာလောကရဲ့ နာမည်ကြီးဇာတ်ပို့ဇာတ်ရံတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒေါ်စံပယ်ကို ပရိသတ်များ မြင်ရင်သိမယ်ထင်ပါတယ်။ ဆင်းရဲသူတစ်ယောက်ဖြစ်ပေမယ် အနုပညာလောကမှာကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် ပုံဖော်နိုင်သူတစ်ယောက်လည်းဖြစ်ကြောင်း သိရမှာပါ။ ဒီကနေ့ ဒေါ်စံပယ်ကို ဆေးရုံတင်ခဲ့ရကြောင်း သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ဇာတ်ပို့သရုပ်ဆောင်ဒေါ်စံပယ်ကို မြောက်ဥက္ကလာတော်ဝင်အထူး ဆေးရုံကိုတင်ခဲ့ရကြောင်း သိရပါတယ်။ ဒေါ်စံပယ်ကတော့ လက်ရှိအထူးကြပ်မတ်ဆောင်မှာ နှလုံးရောဂါဖြင့် ကုသခံနေရကြောင်း သိရပါတယ်။ နွမ်းပါးလှတဲ့သရုပ်ဆောင် ဇတ်ပိုတစ်ယောက်မို့ ကူညီမှုများ လိုအပ်နေကြောင်း သိရပါတယ်။
အသက်အရွယ်ကြီးရင့်သူတစ်ယောက်ဖြစ်ပြီး လက်တလောဇာတ်ကားတွေမှာမတွေ့ရသဖြင့် ပရိသတ်အချို့ရဲ့ မေးမြန်းမှုမာျးလည်း တွေ့ရပါတယ်။ ရိုက်ကူးမှုမရှိတော့ပဲ လက်ရှိဆေးရုံမှာ အရေးပေါ်လူနာအဖြင့် ကုသခံနေရတဲ့ဒေါ်စံပယ်အကြောင်း မျှဝေပေးရင် ကုသိုလ်ယူလိုက်ပါတယ်။
Source - C W
Reviewed by Unknown
on
February 13, 2018
Rating:
No comments:
Post a Comment