အခ်စ္ကအစ မ်က္စိက ဆုိေပမယ့္လည္း တခ်ိဳ႕အခ်စ္ေတြက မ်က္ကန္းအခ်စ္ေတြ ျဖစ္တတ္ၾက ပါတယ္။ ႏွလံုးသားထဲက ေပါက္ဖြားလာတဲ့ ခ်စ္ျခင္းေတြကုိ မလြန္ဆန္ႏုိင္လုိ႔ သဘာဝတရား၊ ပတ္ဝန္း က်င္ကုိဆန္႔က်င္ၿပီး အခ်စ္သူရဲေကာင္းအျဖစ္လည္း ရာဇဝင္တြင္ သက္ေသထူလုိက္ၾကတဲ့သူေတြ လည္း ဒုနဲ႔ေဒးပါပဲ။
အင္ဒုိနီးရွားက အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ သူ႔ထက္ အသက္ ၃ ဆနီးပါး အသက္ ႀကီးတဲ့ အမ်ိဳးသမီးတစ္ဦးကုိ ေမတၱာသက္ဝင္ခဲ့လုိ႔ မုိက္ရူးရဲဆန္စြာပဲ ထိမ္းျမားလက္ထပ္ခဲ့တယ္လုိ႔ သိရပါတယ္။ ေျမာက္ပုိင္း မီနာဟာဆာမွာ ေနထုိင္တဲ့ ဆုိဖီယန္ လုိဟုိ ဒန္နယ္ဆုိသူ အမ်ိဳးသားဟာ အသက္ ၈၂ ႏွစ္အ ရြယ္နဲ႔ အဘြားအရြယ္အမ်ိဳးသမီးကုိ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ လက္ထပ္ယူခဲ့ၿပီး ေတာ့ ေပ်ာ္ရႊင္စရာ ေကာင္းတဲ့ အိမ္ေထာင္ေရးတစ္ခုကုိ ထူေထာင္ထားခဲ့ပါတယ္။
အသက္အရြယ္ကြာျခားလြန္းၿပီး အံ့အားသင့္စရာေကာင္းတဲ့ သူတုိ႔ရဲ႕ အခ်စ္ေရးနဲ႔ လက္ထပ္ထိမ္းျမား ျခင္းက အင္တာနက္စာမ်က္ႏွာေပၚ ပ်ံ႕ႏွံ႕သြားခဲ့ကာ ဆုိရွယ္အသံုးျပဳသူေတြကုိ စိတ္ဝင္စားမႈျမင့္တက္ သြားေစခဲ့ပါတယ္။ လူငယ္အမ်ိဳးသားဟာ ကားဝပ္ေရွာ့တစ္ ခုမွာအ လုပ္လုပ္ကုိင္ၿပီးေတာ့ သူ႔ရဲ႕ဇနီး သည္ အမ်ိဳးသမီး မာသာပုိတူဆုိသူနဲ႔ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ေလာက္အခ်ိန္တုန္းက ဖုန္းနံပါတ္မွား ယြင္းစြာေခၚဆုိျခင္းကေန စတင္ဆံုစည္းမိခဲ့ၾကျခင္းျဖစ္တယ္ဆုိတဲ့အေၾကာင္းကုိ သတင္းေတြမွာ ေျပာျပခဲ့ပါတယ္။
သူ႔အေနနဲ႔ ဇနီးသည္ရဲ႕ အသက္ဘယ္ေလာက္ ဘယ္အရြယ္ရွိတယ္ဆုိတာ မမႈခဲ့ပဲ တကယ္တမ္းျဖစ္ ေပၚလာတဲ့ ေမတၱာတရားကုိပဲ ေရွ႕ထားၿပီး ႏွစ္ဦးသားဆက္ဆံေရးကုိ တည္ေဆာက္ခဲ့ၾကတယ္လုိ႔ လည္း ဆုိပါတယ္။
SHARE FROM ေမ(ေရႊအင္းေလး)
အသက်အရွယ်ကိုမမှုပဲ ချစ်ခြင်းမေတ္တာသာ အဓိကဆိုတာသက်သေပြခဲ့တဲ့ အင်ဒိုနီးရှားစုံတွဲ
အချစ်ကအစ မျက်စိက ဆိုပေမယ့်လည်း တချို့အချစ်တွေက မျက်ကန်းအချစ်တွေ ဖြစ်တတ်ကြ ပါတယ်။ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းတွေကို မလွန်ဆန်နိုင်လို့ သဘာဝတရား၊ ပတ်ဝန်း ကျင်ကိုဆန့်ကျင်ပြီး အချစ်သူရဲကောင်းအဖြစ်လည်း ရာဇဝင်တွင် သက်သေထူလိုက်ကြတဲ့သူတွေ လည်း ဒုနဲ့ဒေးပါပဲ။
အင်ဒိုနီးရှားက အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ထက် အသက် ၃ ဆနီးပါး အသက် ကြီးတဲ့ အမျိုးသမီးတစ်ဦးကို မေတ္တာသက်ဝင်ခဲ့လို့ မိုက်ရူးရဲဆန်စွာပဲ ထိမ်းမြားလက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ပိုင်း မီနာဟာဆာမှာ နေထိုင်တဲ့ ဆိုဖီယန် လိုဟို ဒန်နယ်ဆိုသူ အမျိုးသားဟာ အသက် ၈၂ နှစ်အ ရွယ်နဲ့ အဘွားအရွယ်အမျိုးသမီးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ယူခဲ့ပြီး တော့ ပျော်ရွှင်စရာ ကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားခဲ့ပါတယ်။
အသက်အရွယ်ကွာခြားလွန်းပြီး အံ့အားသင့်စရာကောင်းတဲ့ သူတို့ရဲ့ အချစ်ရေးနဲ့ လက်ထပ်ထိမ်းမြား ခြင်းက အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့သွားခဲ့ကာ ဆိုရှယ်အသုံးပြုသူတွေကို စိတ်ဝင်စားမှုမြင့်တက် သွားစေခဲ့ပါတယ်။ လူငယ်အမျိုးသားဟာ ကားဝပ်ရှော့တစ် ခုမှာအ လုပ်လုပ်ကိုင်ပြီးတော့ သူ့ရဲ့ဇနီး သည် အမျိုးသမီး မာသာပိုတူဆိုသူနဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်အချိန်တုန်းက ဖုန်းနံပါတ်မှား ယွင်းစွာခေါ်ဆိုခြင်းကနေ စတင်ဆုံစည်းမိခဲ့ကြခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကို သတင်းတွေမှာ ပြောပြခဲ့ပါတယ်။
သူ့အနေနဲ့ ဇနီးသည်ရဲ့ အသက်ဘယ်လောက် ဘယ်အရွယ်ရှိတယ်ဆိုတာ မမှုခဲ့ပဲ တကယ်တမ်းဖြစ် ပေါ်လာတဲ့ မေတ္တာတရားကိုပဲ ရှေ့ထားပြီး နှစ်ဦးသားဆက်ဆံရေးကို တည်ဆောက်ခဲ့ကြတယ်လို့ လည်း ဆိုပါတယ်။
SHARE FROM မေ(ရွှေအင်းလေး)
အသက္အရြယ္ကုိမမႈပဲ ခ်စ္ျခင္းေမတၱာသာ အဓိကဆုိတာသက္ေသျပခဲ့တဲ့ အင္ဒုိနီးရွားစံုတြဲ
Reviewed by Unknown
on
February 13, 2018
Rating:
No comments:
Post a Comment