ဘုဏ္းသိုက္နဲ႔ ျပန္အဆင္ေျပၿပီဆုိတာ မဟုတ္ပါဘူးလို႔ ျငင္းလိုက္တဲ့ ခ်မ္းခ်မ္း



ပရိသတ္ေတြကေတာ့ သူတုိ႔အဆင္ေျပသြားၿပီထင္လို႔ ဝမ္းသာေနၾကတာပါ။ခ်မ္းခ်မ္းနဲ႔ ဘုဏ္းသိုက္ဟာ Valentine's Day မွာ တျခားမိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ ညစာစားရင္း တရင္းတႏွီးရွိခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာေပမဲ့ ခ်မ္းခ်မ္းကေတာ့ ခင္ပြန္းျဖစ္သူ ဘုဏ္းသိုက္နဲ႔ ျပန္အဆင္မေျပေသးပါဘူးလို႔ ဆုိပါတယ္။
 
ဒီေန႔ (ေဖေဖာ္ဝါရီလ ၁၅ ရက္) ညေနမွာ အလင္းတန္း အႏုပညာဂ်ာနယ္က ခ်မ္းခ်မ္းနဲ႔ ဘုဏ္းသိုက္တို႔ပါဝင္တဲ့ ဗီဒီယိုဖိုင္တစ္ခုတင္ထားတာျဖစ္ၿပီး အဲဒီဗီဒီယိုဖိုင္အရ သူတုိ႔ႏွစ္ဦး ျပန္အဆင္ေျပသြားၿပီလို႔ အားလံုးက ယူဆထားၾကတာ ျဖစ္ပါတယ္။

ဗီဒီယိုဖိုင္ထဲမွာ ပန္းစည္းကိုကိုင္ၿပီး ထုိင္ေနတဲ့ ဘုဏ္းသိုက္ရဲ႕ပါးကို ခ်မ္းခ်မ္းက နမ္းလိုက္တာ ျဖစ္ၿပီး မိတ္ေဆြသူငယ္ခ်င္းေတြက ေပ်ာ္ရႊင္စြာ ၾသဘာေပးေနၾကတာ ျဖစ္ပါတယ္။ ဘုဏ္းသိုက္ကလည္း ခ်မ္းခ်မ္းကို ျပန္နမ္းဖုိ႔ အားလံုးက ဝိုင္းေတာင္းဆုိၾကတဲ့အတြက္ ျပန္နမ္းၿပီး ရယ္ေမာေနၾကပါတယ္။

စင္ျမင့္ေပၚမွာ သီခ်င္းဆုိ ေဖ်ာ္ေျဖေနတဲ့ ခ်မ္းခ်မ္းကို ဘုဏ္းသိုက္က စင္ေအာက္ကေန အားေပးခဲ့ၿပီးေနာက္  ႏွင္းဆီပန္းပြင့္ေလး တစ္ပြင့္လည္း စင္ေပၚ တက္ေပးခဲ့ပါေသးတယ္။







ဗီဒီယိုထဲမွာ သူတုိ႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက အရမ္းကို ရင္းႏွီးခ်စ္ခင္ပံုရေနေပမဲ့ ခ်မ္းခ်မ္းကေတာ့ အဆင္ျပန္ေျပတယ္ဆုိတာ မဟုတ္ေၾကာင္း၊ သူတုိ႔ရဲ႕ဆက္ဆံေရးက တင္းတင္းတင္းမာမာမဟုတ္ဘဲ ဒီလုိပဲ တရင္းတႏွီးရွိၾကေၾကာင္းနဲ႔ အဆင္ေျပၿပီဆုိရင္ ေျပာမွာျဖစ္ေၾကာင္း Duwun Media ကို ေျဖၾကားခဲ့ပါတယ္။

"အဆင္မေျပေသးပါဘူး။ ပန္းစည္းေပးတယ္ဆုိတာကလည္း ဂုဏ္ျပဳတဲ့အေနနဲ႔ လာၿပီးပးတာပါ။ ဘာမွမဟုတ္ပါဘူး" လို႔ ခ်မ္းခ်မ္းက ေျပာခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Duwun Media က ဘုဏ္းသိုက္ကို ဆက္သြယ္ေမးျမန္းေပမဲ့ ဖုန္းေျဖၾကားျခင္း မရွိေသးပါဘူး။

သ႐ုပ္ေဆာင္ ဆုပန္ထြာအပါအဝင္ မိတ္ေဆြအခ်ဳိ႕နဲ႔ သူတုိ႔ႏွစ္ဦးဟာ ျပင္ဦးလြင္ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

ဘုဏ္းသိုက္နဲ႕ ခ်မ္းခ်မ္းတို႕ဟာ ၂၀၁၃ခုနွစ္ ဇူလိုင္(၁၇)ရက္ေန႕က လက္ထပ္ခဲ့ၾကတာ ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ Saint Mary's Cathedral မွာ မဂၤလာ လက္ထပ္ပြဲကို က်င္းပခဲ့ၾကတာ ျဖစ္ပါတယ္။ အိမ္ေထာင္သက္ ၄ ႏွစ္နဲ႔ သမီးေလးတစ္ေယာက္ရွိပါတယ္။ ၂၀၁၇ခုႏွစ္ ႏုိဝင္ဘာလ ၂၄ ရက္ေန႔ထုတ္ ေၾကးမုံ သတင္းစာ မွာ ခင္ပြန္း ျဖစ္သူ ဘုဏ္းသုိက္နဲ႔ တရားဝင္ကြာရွင္းလုိက္ၿပီဆုိတာကုိ ေၾကညာခဲ့တာျဖစ္ပါတယ္။

SHARE FROM DUWUN

ဘုဏ်းသိုက်နဲ့ ပြန်အဆင်ပြေပြီဆိုတာ မဟုတ်ပါဘူးလို့ ငြင်းလိုက်တဲ့ ချမ်းချမ်း

ပရိသတ်တွေကတော့ သူတို့အဆင်ပြေသွားပြီထင်လို့ ဝမ်းသာနေကြတာပါ။ချမ်းချမ်းနဲ့ ဘုဏ်းသိုက်ဟာ Valentine's Day မှာ တခြားမိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ညစာစားရင်း တရင်းတနှီးရှိခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပေမဲ့ ချမ်းချမ်းကတော့ ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်နဲ့ ပြန်အဆင်မပြေသေးပါဘူးလို့ ဆိုပါတယ်။
 
ဒီနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညနေမှာ အလင်းတန်း အနုပညာဂျာနယ်က ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ခုတင်ထားတာဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်အရ သူတို့နှစ်ဦး ပြန်အဆင်ပြေသွားပြီလို့ အားလုံးက ယူဆထားကြတာ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ပန်းစည်းကိုကိုင်ပြီး ထိုင်နေတဲ့ ဘုဏ်းသိုက်ရဲ့ပါးကို ချမ်းချမ်းက နမ်းလိုက်တာ ဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းတွေက ပျော်ရွှင်စွာ သြဘာပေးနေကြတာ ဖြစ်ပါတယ်။ ဘုဏ်းသိုက်ကလည်း ချမ်းချမ်းကို ပြန်နမ်းဖို့ အားလုံးက ဝိုင်းတောင်းဆိုကြတဲ့အတွက် ပြန်နမ်းပြီး ရယ်မောနေကြပါတယ်။

စင်မြင့်ပေါ်မှာ သီချင်းဆို ဖျော်ဖြေနေတဲ့ ချမ်းချမ်းကို ဘုဏ်းသိုက်က စင်အောက်ကနေ အားပေးခဲ့ပြီးနောက် နှင်းဆီပန်းပွင့်လေး တစ်ပွင့်လည်း စင်ပေါ် တက်ပေးခဲ့ပါသေးတယ်။

ဗီဒီယိုထဲမှာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကို ရင်းနှီးချစ်ခင်ပုံရနေပေမဲ့ ချမ်းချမ်းကတော့ အဆင်ပြန်ပြေတယ်ဆိုတာ မဟုတ်ကြောင်း၊ သူတို့ရဲ့ဆက်ဆံရေးက တင်းတင်းတင်းမာမာမဟုတ်ဘဲ ဒီလိုပဲ တရင်းတနှီးရှိကြကြောင်းနဲ့ အဆင်ပြေပြီဆိုရင် ပြောမှာဖြစ်ကြောင်း Duwun Media ကို ဖြေကြားခဲ့ပါတယ်။

"အဆင်မပြေသေးပါဘူး။ ပန်းစည်းပေးတယ်ဆိုတာကလည်း ဂုဏ်ပြုတဲ့အနေနဲ့ လာပြီးပးတာပါ။ ဘာမှမဟုတ်ပါဘူး" လို့ ချမ်းချမ်းက ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Duwun Media က ဘုဏ်းသိုက်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းဖြေကြားခြင်း မရှိသေးပါဘူး။

သရုပ်ဆောင် ဆုပန်ထွာအပါအဝင် မိတ်ဆွေအချို့နဲ့ သူတို့နှစ်ဦးဟာ ပြင်ဦးလွင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၄ နှစ်နဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ မှာ ခင်ပွန်း ဖြစ်သူ ဘုဏ်းသိုက်နဲ့ တရားဝင်ကွာရှင်းလိုက်ပြီဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

SHARE FROM DUWUN
ဘုဏ္းသိုက္နဲ႔ ျပန္အဆင္ေျပၿပီဆုိတာ မဟုတ္ပါဘူးလို႔ ျငင္းလိုက္တဲ့ ခ်မ္းခ်မ္း ဘုဏ္းသိုက္နဲ႔ ျပန္အဆင္ေျပၿပီဆုိတာ မဟုတ္ပါဘူးလို႔ ျငင္းလိုက္တဲ့ ခ်မ္းခ်မ္း


Reviewed by Unknown on February 15, 2018 Rating: 5

No comments:

Powered by Blogger.