မုဒိန္းသမားေတြရဲ႕သားေကာင္ထဲ ေယာကၤ်ားေလးေတြပါဝင္ေနၿပီလား



ျမန္မာနိုင္ငံမွာ အနိုင္က်င့္ေစာ္ကားခံရမငေတြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ပိုတိုးကား ျဖစ္ပြားလ်က္ရွိပါတယ္။ နစ္နာအေစာ္ကားခံရသူေတြဟာ အသက္႐ြယ္အားျဖင့္ငယ္႐ြယ္သူေလးေတြ ျဖစ္ၾကပါတယ္။ မေန႕က ခ်စ္သူမ်ားေန႕မွာေတာ့ မႏၱေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕ သံလွ်က္ေမာ္အေရွ႕ရပ္ကြက္တြင္ (၅) ႏွစ္အ႐ြယ္ ေယာက္်ားေလးအား အဓမၼျပဳက်င့္မႈ တစ္ခု ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ 

သံလွ်က္ေမာ္အေရွ႕ရပ္ကြက္ ေန ေမာင္သက္ၿဖိဳးေအာင္ အသက္(၁၇)ႏွစ္က တစ္ရပ္ကြက္တည္းေန (၅) ႏွစ္အ႐ြယ္ ေယာက္်ားေလးအား ၈၆ လမ္း ၈၇ လမ္းၾကားရွိ သားေရစက္႐ုံေဟာင္းဝင္း အတြင္းသို႔ေခၚ၍ စအိုအား လိင္ဆက္ဆံခဲ့ျခင္းျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ထိုသို႔ လိင္ဆက္ဆံခံရသည့္အတြက္ (၅) ႏွစ္အ႐ြယ္ ေယာက္်ားေလးမွာ စအိုကြဲ ဒဏ္ရာရရွိၿပီး မႏၱေလးအေထြေထြေရာဂါကုေဆး႐ုံသို႔ တင္ပို႔ခဲ့ရတယ္လို႔လည္း သိရပါတယ္။ 







၎ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ဓမၼတာႏွင့္ဆန႔္က်င္ၿပီး ကာမဆက္ယွက္သူ ေမာင္သက္ၿဖိဳးေအာင္ အား အမွတ္(၇) ရဲစခန္းတြင္ (ပ) ၇၀/၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၇ ျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ သိရပါတယ္။ မိန္းကေလးအမ်ားအျပားဟာ ေစာ္ကားမႈခံရေပမယ့္ ယေန႕အခ်ိန္မွာေတာ့ ေယာကၤ်ားေလးတို႔ဘဝဟာလည္း လုံၿခဳံမႈမရွိေတာ့ပါ။ မုဒိန္းမႈျပဳလုပ္သူေတြကို ႀကီးေလးေသာျပစ္ဒဏ္မ်ားခ်မ်တ္ေရးကိုလည္း ျပည္သူလူထုတစ္ရပ္လုံး ပူးေပါင္းေဆာင္႐ြက္ေနၾကၿပီျဖစ္ပါတယ္။ 

source - The Fifth Wave New

မုဒိန်းသမားတွေရဲ့သားကောင်ထဲ ယောင်္ကျားလေးတွေပါဝင်နေပြီလား

မြန်မာနိုင်ငံမှာ အနိုင်ကျင့်စော်ကားခံရမငတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုတိုးကား ဖြစ်ပွားလျက်ရှိပါတယ်။ နစ်နာအစော်ကားခံရသူတွေဟာ အသက်ရွယ်အားဖြင့်ငယ်ရွယ်သူလေးတွေ ဖြစ်ကြပါတယ်။ မနေ့က ချစ်သူများနေ့မှာတော့ မန္တလေးမြို့ မဟာအောင်မြေမြို့ သံလျှက်မော်အရှေ့ရပ်ကွက်တွင် (၅) နှစ်အရွယ် ယောက်ျားလေးအား အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

သံလျှက်မော်အရှေ့ရပ်ကွက် နေ မောင်သက်ဖြိုးအောင် အသက်(၁၇)နှစ်က တစ်ရပ်ကွက်တည်းနေ (၅) နှစ်အရွယ် ယောက်ျားလေးအား ၈၆ လမ်း ၈၇ လမ်းကြားရှိ သားရေစက်ရုံဟောင်းဝင်း အတွင်းသို့ခေါ်၍ စအိုအား လိင်ဆက်ဆံခဲ့ခြင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ လိင်ဆက်ဆံခံရသည့်အတွက် (၅) နှစ်အရွယ် ယောက်ျားလေးမှာ စအိုကွဲ ဒဏ်ရာရရှိပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ တင်ပို့ခဲ့ရတယ်လို့လည်း သိရပါတယ်။ 

၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ယှက်သူ မောင်သက်ဖြိုးအောင် အား အမှတ်(၇) ရဲစခန်းတွင် (ပ) ၇၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ မိန်းကလေးအများအပြားဟာ စော်ကားမှုခံရပေမယ့် ယနေ့အချိန်မှာတော့ ယောင်္ကျားလေးတို့ဘဝဟာလည်း လုံခြုံမှုမရှိတော့ပါ။ မုဒိန်းမှုပြုလုပ်သူတွေကို ကြီးလေးသောပြစ်ဒဏ်များချမျတ်ရေးကိုလည်း ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ 

source - The Fifth Wave New
မုဒိန္းသမားေတြရဲ႕သားေကာင္ထဲ ေယာကၤ်ားေလးေတြပါဝင္ေနၿပီလား မုဒိန္းသမားေတြရဲ႕သားေကာင္ထဲ ေယာကၤ်ားေလးေတြပါဝင္ေနၿပီလား Reviewed by Unknown on February 15, 2018 Rating: 5

No comments:

Powered by Blogger.