ေဂ်ဘီနဲ႔ ဆလီနာတို႔ႏွစ္ေယာက္ လမ္းခြဲဖို႔အေၾကာင္းေတြ ဖန္လာၿပီလား …?



ဂ်က္စတင္ဘီဘာနဲ႔ ဆလီနာဂိုးမက္ဇ္တို႔ ခ်စ္သူႏွစ္ဦးဟာ အခုတေလာမွာေတာ့ ဆက္ဆံေရးအဆင္မေျပဘဲ ကေတာက္ကဆေတြ မၾကာခဏ ျဖစ္ေနတယ္လို႔ သိရပါတယ္။ ႏွစ္ဦးၾကားမွာ ျငင္းခုန္၊ ရန္ျဖစ္တာေတြက ဆက္တိုက္ဆိုသလို ျဖစ္ေနၿပီး လမ္းခြဲၾကေတာ့မွာလားလို႔ေတာင္ ထင္စရာရိွတယ္လို႔ အတြင္းစကားေတြက ဆိုပါတယ္။

အေၾကာင္းကေတာ့ ဆလီနာက နယူးေယာက္ၿမိဳ႕မွာ အလုပ္လုပ္ေနခ်ိန္ ေဂ်ဘီတစ္ေယာက္က သူ႔မိခင္နဲ႔အတူ အလည္အပတ္ခရီးထြက္ေနတဲ့ ကိစၥအေပၚ ဆလီနာက မေက်နပ္ျဖစ္ေနတယ္ဆိုတဲ့ ကိစၥေၾကာင့္ပဲ ျဖစ္ပါတယ္။ ဇန္န၀ါရီလ အေစာပိုင္းက ေဂ်ဘီဟာ သူ႔မိခင္နဲ႔အတူ ေမာ္ဒိုက္ကို အပန္းေျဖခရီးထြက္ေနခဲ့ၿပီး လမ္းခရီးတစ္ေလွ်ာက္မွာ ဆလီနာက ဖုန္းေတြ ေတာက္ေလွ်ာက္၊ မရပ္မနား ေခၚေနခဲ့တာေၾကာင့္ ေဂ်ဘီတစ္ေယာက္၊ စိတ္တိုၿပီး ဖုန္းကို Silent လုပ္ပစ္လုိက္တဲ့အထိပဲလို႔ သိရပါတယ္။







ေဂ်ဘီဟာ ဆလီနာ႔အေပၚ ဂရုစိုက္ပါတယ္။ သို႔ေပမယ့္ သူမရဲ႕အျပဳအမူေတြနဲ႔ ပတ္သက္လာတဲ့အခါမွာေတာ့ သည္းခံႏိုင္စြမ္းက အတိုင္းအတာတစ္ခုအထိ ရိွေနတာေၾကာင့္ ဒီစုံတြဲရဲ႕ အေျခအေနဟာ စိုးရိမ္စရာ ျဖစ္ေနၿပီလားဆိုတာေတာ့ ေမးခြန္းထုတ္စရာရိွတယ္လို႔ ျပည္ပသတင္းေတြက ေဖာ္ျပၾကပါတယ္။ တစ္ဖက္က ၾကည့္ျပန္ေတာ့လည္း သူတို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးဟာ ခိုင္ၿမဲေနေသးတယ္လို႔လည္း သိရပါတယ္။

သို႔ေပမယ့္ သူတို႔ရဲ႕အခ်စ္ဇာတ္လမ္းကို တစ္ေလာကလုံးကို ခ်ျပေနတာမ်ိဳးထက္ သူတို႔ႏွစ္ဦးတည္းၾကားမွာပဲ ပုဂၢလိကဆန္ဆန္ထားဖို႔ ရည္ရြယ္ထားၾကပုံေတာ့ ေပၚပါတယ္။ ဆလီနာ႔အေနနဲ႔ကလည္း ေဂ်ဘီနဲ႔ အတူရိွေနလိုက္တိုင္း သူမရဲ႕မိခင္ကို အေၾကာင္းစုံ ျပန္ျပန္ရွင္းျပေနရလို႔ ႏွစ္ေယာက္ကိစၥကို သီးသန္႔အေနနဲ႔ လွ်ိဳ႕၀ွက္ထားခ်င္ပုံလည္းရတယ္လို႔ သိရပါတယ္။

အလင္းဦး (Shwemom)

ဂျေဘီနဲ့ ဆလီနာတို့နှစ်ယောက် လမ်းခွဲဖို့အကြောင်းတွေ ဖန်လာပြီလား …?

ဂျက်စတင်ဘီဘာနဲ့ ဆလီနာဂိုးမက်ဇ်တို့ ချစ်သူနှစ်ဦးဟာ အခုတလောမှာတော့ ဆက်ဆံရေးအဆင်မပြေဘဲ ကတောက်ကဆတွေ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။ နှစ်ဦးကြားမှာ ငြင်းခုန်၊ ရန်ဖြစ်တာတွေက ဆက်တိုက်ဆိုသလို ဖြစ်နေပြီး လမ်းခွဲကြတော့မှာလားလို့တောင် ထင်စရာရှိတယ်လို့ အတွင်းစကားတွေက ဆိုပါတယ်။

အကြောင်းကတော့ ဆလီနာက နယူးယောက်မြို့မှာ အလုပ်လုပ်နေချိန် ဂျေဘီတစ်ယောက်က သူ့မိခင်နဲ့အတူ အလည်အပတ်ခရီးထွက်နေတဲ့ ကိစ္စအပေါ် ဆလီနာက မကျေနပ်ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကြောင့်ပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ အစောပိုင်းက ဂျေဘီဟာ သူ့မိခင်နဲ့အတူ မော်ဒိုက်ကို အပန်းဖြေခရီးထွက်နေခဲ့ပြီး လမ်းခရီးတစ်လျှောက်မှာ ဆလီနာက ဖုန်းတွေ တောက်လျှောက်၊ မရပ်မနား ခေါ်နေခဲ့တာကြောင့် ဂျေဘီတစ်ယောက်၊ စိတ်တိုပြီး ဖုန်းကို Silent လုပ်ပစ်လိုက်တဲ့အထိပဲလို့ သိရပါတယ်။

ဂျေဘီဟာ ဆလီနာ့အပေါ် ဂရုစိုက်ပါတယ်။ သို့ပေမယ့် သူမရဲ့အပြုအမူတွေနဲ့ ပတ်သက်လာတဲ့အခါမှာတော့ သည်းခံနိုင်စွမ်းက အတိုင်းအတာတစ်ခုအထိ ရှိနေတာကြောင့် ဒီစုံတွဲရဲ့ အခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေပြီလားဆိုတာတော့ မေးခွန်းထုတ်စရာရှိတယ်လို့ ပြည်ပသတင်းတွေက ဖော်ပြကြပါတယ်။ တစ်ဖက်က ကြည့်ပြန်တော့လည်း သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ခိုင်မြဲနေသေးတယ်လို့လည်း သိရပါတယ်။

သို့ပေမယ့် သူတို့ရဲ့အချစ်ဇာတ်လမ်းကို တစ်လောကလုံးကို ချပြနေတာမျိုးထက် သူတို့နှစ်ဦးတည်းကြားမှာပဲ ပုဂ္ဂလိကဆန်ဆန်ထားဖို့ ရည်ရွယ်ထားကြပုံတော့ ပေါ်ပါတယ်။ ဆလီနာ့အနေနဲ့ကလည်း ဂျေဘီနဲ့ အတူရှိနေလိုက်တိုင်း သူမရဲ့မိခင်ကို အကြောင်းစုံ ပြန်ပြန်ရှင်းပြနေရလို့ နှစ်ယောက်ကိစ္စကို သီးသန့်အနေနဲ့ လျှို့၀ှက်ထားချင်ပုံလည်းရတယ်လို့ သိရပါတယ်။

အလင်းဦး (Shwemom)
ေဂ်ဘီနဲ႔ ဆလီနာတို႔ႏွစ္ေယာက္ လမ္းခြဲဖို႔အေၾကာင္းေတြ ဖန္လာၿပီလား …? ေဂ်ဘီနဲ႔ ဆလီနာတို႔ႏွစ္ေယာက္ လမ္းခြဲဖို႔အေၾကာင္းေတြ ဖန္လာၿပီလား …? Reviewed by Unknown on February 01, 2018 Rating: 5

No comments:

Powered by Blogger.