SHARE FROM SHWEMOM
ဂိမ်းဇာတ်ကောင် Jill Valentine ကို အသက်သွင်းလိုက်တဲ့ Cosplayer မလေး
Cosplay ဆိုတာကတော့ Costume play ဆိုတဲ့ စကားလုံးကို အကျဉ်းချုံး ထားတာပါ။ Anime ဇာတ်ကောင်နဲ့ Video game တွေကို နှစ်သက်ကြပြီး အဲ့ဒီအရာတွေထဲမှာပါတဲ့ ဇာတ်ကောင်တွေလို တုပ၀တ်ဆင် ကြသူတွေကို Cosplayer လို့ ခေါ်တာပါ။ ရုရှားသူလေး Ilona Bugaeva ကတော့ သူမရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာလို့ ပြောလို့ရတဲ့ Cosplay တွေကြောင့် နာမည်ကြီးနေသူပါ။ သူမကလည်း နာမည်ကြီး Cosplayer တွေထဲက တစ်ယောက်ပါ။
သူမဖန်တီးခဲ့တဲ့ လက်ရာတွေကတော့ အများကြီးပါ။ ရုပ်ပြောင်းရုပ်လွှဲ တော်သူလေးလို့တောင် ပြောလို့ရပါတယ်။ ဂိမ်းထဲဇာတ်ကောင်တွေ၊ ဇာတ်ကားထဲက ဇာတ်ကောင်တွေ အများကြီးကို ဖန်တီးပြခဲ့ဖူးပါတယ်။ သူမဖန်တီးခဲ့တဲ့ အထဲမှာ ဆိုရင် အရမး်ကိုနာမည်ကြီးတဲ့ Game of Thrones, The Witcher, Bioshock တို့ထဲက ဇာတ်ကောင်စရိုက်တွေ လည်း ပါပါတယ်။ ဟယ်ရီပေါ်တာဇာတ်ကားထဲက ဇာတ်ကောင်ပုံစံမျိုးကိုလည်း ဖန်တီးပြင်ဆင်ခဲ့ဖူးပါတယ်။
အခုလည်း Jill Valentine ဆိုတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်ကို cosplay လုပ်ခဲ့ပါတယ်။ Jill Valentine ကတော့ ဂျပန် ဗီဒီယိုဂိမ်းကုမ္ပဏီ Capcom ကနေ ထုတ်တဲ့ ကြောက်စရာ ဗီဒီယိုဂိမ်းအမျိုးအစားဖြစ်တဲ့ Resident Evil ဆိုတဲ့ ဗီဒီယိုဂိမ်းထဲက ဇာတ်ကောင်ပါ။ အဲ့ဒီဇာတ်ကောင်ကို Ilona Bugaeva က အသက်သွင်းခဲ့ပါတယ်။ တကယ့်ကို ပြောင်မြောက်တဲ့ Cosplay လက်ရာဆိုတာကိုတော့ အောက်ကပုံတွေကို ကြည့်ရင်သိနိုင်ပါတယ်။
SHARE FROM SHWEMOM
Reviewed by Unknown
on
February 01, 2018
Rating:
No comments:
Post a Comment