လေယာဉ်ပျံသန်းပြေးဆွဲမှုဟာ စရိတ်စက ကြီးမားသလို ဝန်ဆောင်ခ နှုန်းထားကလည်း တစ်ခြားခရီးသည်ယာဉ်တွေနဲ့ အဆပေါင်းများစွာ ကွာခြားပါတယ်။ အချိန်တိုအတွင်း မိမိသွားလိုရာကို ရောက်နိုင်ခြင်းဆိုတဲ့ အားသာချက်ကြောင့် ပုံမှန်အသုံးပြုသူတွေကလည်း နေ့စဉ်နဲ့အမျှပါ။
အခုတော့ ဒူဘိုင်းမှ အမ်စတာဒမ်မြို့ဆီကို ဦးတည်ပျံသန်းလာတဲ့ Transavia Airlines အမည်ရ လေကြောင်းလိုင်းဟာ ခရီးသည်တစ်ဦးရဲ့ လုပ်ဆောင်မှုကြောင့် လမ်းခုလတ် ဗီယင်နာမြို့မှာပင် ဆင်းသက်ခဲ့ပါတယ်။ အဆိုပါ ခရီးသည်ဟာ အလုံပိတ်ထားတဲ့ လေယာဉ်ပေါ်မှာ လေ”တဘူဘူ”လည်နေပြီး၊ ဒက်ခ်ျလူမျိုးနှစ်ယောက်နဲ့ ရှေ့နောက် ထိုင်ရတယ်လို့ ဆိုပါတယ်။
ဘယ်လိုမှ မခံရပ်နိုင်အောင် အနံ့အသက်တွေက ပြင်းလာတော့ လေယာဉ်ပေါ်ပါ ခရီးသည်တွေကပင် အနံ့ဆိုးဆိုးကြီးကို ရိပ်မိခဲ့ပြီး အသံတွေ ကျယ်လောင်ကျယ်လောင်နဲ့ စတင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒက်ခ်ျနှစ်ဦးကလည်း အဆိုပါအမျိုးသားကို အောင့်အည်းသည်းခံထားဖို့၊ ဒီလောက်ပြင်းတဲ့ အနံ့နဲ့ဆို အကုန်ဒုက္ခရောက်နိုင်ကြောင်း တောင်းပန်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအမျိုးသားကလည်း ဘာအစားမှားလာတယ်မသိ၊ ဘယ်လိုမှတောင်းပန်တာမရဘဲ သူကိုယ်တိုင် နှာခေါင်းကိုပိတ်ပြီး လေလည်မြဲပါဘဲ။ နောက်ဆုံး ဒက်ခ်ျအမျိုးသားနှစ်ဦးက လေယာဉ်မယ်လေးတွေ၊ လေယာဉ်ဝန်ထမ်းတွေကို သွားရောက် တိုင်ကြားခဲ့ပါတယ်။ ဒါလည်း အဆိုပါအမျိုးသားက လေလည်မြဲပါဘဲ။ ဒီလိုနဲ့ လေယာဉ်မှူးတွေက ဗီယင်နာမြို့က လေယာဉ်ကွင်းတစ်ခုကို အရေးပေါ်ဆင်းသတ်ခွင့် တောင်းပြီး ကာယကံရှင်အမျိုးသားကို ချန်ထားရစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ခရီးသည်တစ်ချို့ကတော့ ဒီအဖြစ်အပျက်ကို မသိဘဲ အရေးပေါ်ဆင်းသက်ခဲ့ရလို့ ခရီးစဉ်နှောင့်နှေးခြင်းအတွက် လေကြောင်းလိုင်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အဆိုပါ လေလည်သူရဲ့ အနီးအနားမှာ နေရာရတယ်ဆိုတဲ့ အမျိုးသမီးနှစ်ဦးက ” ဘာဖြစ်တယ်မသိပါဘူး … ကျွန်မတို့ လေယာဉ်ပေါ်က အူကြောင်ကြောင် ဆင်းခဲ့ရတယ် … သူတို့ကိုလည်း မသိပါဘူး (ဒက်ခ်ျနှစ်ဦးကို ရည်ရွယ်ဟန်ရှိ) “လို့ ဆိုပါတယ်။
အခြားတစ်ဦးကလည်း လေယာဉ်ဝန်ထမ်းတွေရဲ့ အဖြစ်သည်းမှုကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ” ဒီဝေဖန်မှုကိုတော့ လက်မခံနိုင်ပါဘူး … ဒါက အရေးပေါ်အခြေအနေပါ … ကျွန်ေတာ်တို့ လေကြောင်းလိုင်း ဝန်ထမ်းတွေက ဘယ်လိုအခြေအနေမှာ ဘယ်လိုကိုင်တွယ်ရမလဲ သင်တန်းကောင်းကောင်း ပေးထားသူတွေပါ … ဒီအဖြစ်အပျက်က တစ်ခြားခရီးသည်တွေကို စာနာထောက်ထားခြင်းကြောင့် လေကြောင်းလိုင်းဝန်ထမ်းတွေက တာဝန်ခံပြီး ဖြေရှင်းရတဲ့ သဘောပါ “လို့ ဖြေရှင်းခဲ့ပါတယ်။
SHARE FROM နတ်စည်တော် (Shwemom)
ခရီးသည်တစ်ဦးက လေအလွန်အကျွံလည်လို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ လေယာဉ်
Reviewed by Unknown
on
February 17, 2018
Rating:
No comments:
Post a Comment