မိုးဟေကိုနဲ့ ရုပ်ရှင်ရိုက်ချင်တယ်ဆိုတဲ့ ရွှေထူး



အဆိုတော် ရွှေထူးတစ်ယောက် သီချင်းတွေကြားမှာအောင်မြင်ရုံမက ရုပ်ရှင်ကားကြီးတစ်ကားလဲ ရိုက်ထားဖူးတဲ့သူတစ်ယောက်ပါ။ သူဟာ နောက်ပိုင်းမှာလဲ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးသွားဖို့ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင် နေတိုး ၊မိုးစက်ဝိုင် တို့နဲ့အတူ ပက်ပက်စက်စက်ညှို့ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး ရုံတင်ပြသခဲ့ပြီးလဲဖြစ်ပါတယ် ။ အဆိုပါဇာတ်ကားမှာ ရွှေထူးရဲ့ သရုပ်ဆာင်ချက်တွေကိုလဲ ပရိသတ်တွေက အားပေးကြပါတယ်။ နောက်တကားကိုတော့ မင်းသမီးရွှေမှုံရတီနဲ့ ရိုက်ကူးသွားဖို့ရှိတယ်လို့သိရပါတယ်။

ရွှေထူးကတော့ သူရိုက်ချင်တဲ့ မင်းသမီးကိုလဲ ခုလိုဘဲပြောပြသွားခဲ့ပါတယ်။ သူရိုက်ချင်တဲ့ မင်းသမီးကတော့ " ကျွန်တော် မမိုးဟေကိုနဲ့ ရိုက်ချင်ပါတယ်။သူကို ကြိုက်တယ် ၊ကြိုက်တယ်ဆိုတာသူ့အနုပညာကို ငယ်ငယ်ထဲကအားပေးတာပါ။ idol တော့မဟုတ်ဘူး ။idol ဆိုတာက သူဘာလုပ်လုပ်အားပေးတာမျိုးအဲ့လိုအဟုတ်ပါဘူး အနုပညာကိုအားပေးတာပါ၊ နောက်ပြီး ကုလားစင်လေးမို့ ကြိုက်တာ။ကျွန်တော်လဲ ကုလားစင် ဘဲ" တဲ့လေ။











အဆိုတော် ရွှေထူး က သူ့ရဲ့ " I " တစ်ကိုယ်တော် တေးစီးရီး ကို မကြာခင်မှာ ထွက်ရှိတော့မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ရန်ကုန်၊ Orchid Hotel မှာ စာနယ်ဇင်း မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ ရွှေထူးရဲ့ ပရိသတ်ကြီးရေ သူ့ကို ချစ်ရင် Share သွားကြပါဦးနော်။ ချစ်တဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 

SHARE FROM KKK(momolay)
မိုးဟေကိုနဲ့ ရုပ်ရှင်ရိုက်ချင်တယ်ဆိုတဲ့ ရွှေထူး မိုးဟေကိုနဲ့ ရုပ်ရှင်ရိုက်ချင်တယ်ဆိုတဲ့ ရွှေထူး
Reviewed by Unknown on February 17, 2018 Rating: 5

No comments:

Powered by Blogger.