ဝိတ်ချပြီးနောက် အရင်ထက် ပိုလှလာတဲ့ အိချောပို


အိချောပိုကတော့ Body အလှကြောင့် နာမည်ကြီးနေတဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။ ဂစ်တာ Shape လို လှပတဲ့ ကောက်ကြောင်းအလှ ပိုင်ရှင်ပါ။ မြန်မာဝတ်စုံပဲ ၀တ်ဝတ်၊ ခေတ်ဆန်ဆန်ဝတ်စုံကိုပဲ ၀တ်ဝတ် အားလုံးနဲ့ လိုက်ဖက် နေသူပါ။

အခုနောက်ပိုင်းမှာတော့ အိချောပိုတစ်ယောက် သိသိသာသာကို ၀ိတ်ကျသွားပြီး ပိုလှလာပါတယ်။ အိချောပိုကလည်း သူမ  ကြိုးစားဝိတ်ချနေတဲ့ အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။”ကိုယ်ဝိတ်ချနေတယ်ဆိုတာ လှချင်လို့ပါ😉 … ကိုယ်အလှပြင်တယ်ဆိုတာ ယူ့အတွက်ပါ … ယူရယ် …” ဆိုပြီး ဇန်န၀ါရီ (၂၃)တုန်းက တင်ခဲ့ပါသေးတယ်။














အခုနောက်ဆုံးတင်ထားတဲ့ ပုံတွေ(ဘိလိယက်ခုံပေါ်က ပုံတွေ)ကတော့ “ ချစ်နိုးနိုး” ဇာတ်ကားရိုက်ကွင်းက ပုံလေးတွေပါ။ ဒီကားမှာတော့ သူမရဲ့ ဇာတ်ကောင်က အငြိမ့်မင်းသမီးလေး နိုးနိုးကနေ ကြော်ငြာမော်ဒယ် မင်းသမီးနိုးနိုး ဖြစ်သွားတဲ့ “ နိုးနိုး” ဆိုတဲ့ ဇာတ်ကောင်ပါ။

ဝိတ်ချနေတဲ့ သူမရဲ့ ကြိုးစားမှုတွေကတော့ အခု အရာထင်နေပါပြီ။ ဒါပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ လက်ရှိ BODY လေးက Perfect ဖြစ်နေပြီမို့ ဒီထက် ပိုပိန်သွားမှာကို စိတ်ပူနေကြပါတယ်။ မိန်းကလေးပရိသတ်တွေကတော့ စူစူရဲ့ ၀ိတ်ချနည်းကို သိချင်၊ စိတ်ဝင်စားနေကြပါတယ်။

SHARE FROM CELE NOW
ဝိတ်ချပြီးနောက် အရင်ထက် ပိုလှလာတဲ့ အိချောပို ဝိတ်ချပြီးနောက် အရင်ထက် ပိုလှလာတဲ့ အိချောပို Reviewed by Unknown on February 07, 2018 Rating: 5

No comments:

Powered by Blogger.