လူမျိုးခြားတွေနဲ့ ချစ်ကြိုက်ခဲ့ကြတဲ့ ကိုးရီးယားအနုပညာရှင်များ


အချစ်မှာ လူမျိုးမကွဲဘူး၊ ဘာသာဆိုတာမရှိဘူး တစ်ယောက်နဲ့တစ်ယောက် ချစ်နေရရင် အရာအားလုံးပြည့်စုံတယ်လို့ ဆိုကြပါတယ်။ ဒီအတိုင်းပဲ ကိုးရီးယားအနုပညာရှင်တွေထဲမှာလည်း လူမျိုးခြားတွေနဲ့ ချစ်ကြိုက်ခဲ့တဲ့သူတွေ ရှိပါတယ်။ တစ်ချို့တွေကလည်း ပေါင်းစည်းကြရပေမယ့် တစ်ချို့တော့လည်း ကွဲကွာသွားကြပါပြီ။ ဘယ်သူတွေလဲဆိုတာ ကြည့်ရအောင်နော်။

(1) Beenzino and Stefanie Michova


ကိုးရီးယား Rappar တစ်ယောက်ဖြစ်တဲ့ Beenzino နဲ့ Tae Yang နဲ့ GD တို့ရဲ့ Good Boy ဆိုတဲ့ MTV မှာ သရုပ်ဆောင်ပေးခဲ့တဲ့ ဂျာမန်မော်ဒယ် Stefanie Michova တို့ဟာ ခုလက်ရှိ တွဲနေကြပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

(2) Song Seung Hun and Liu Yifei


ကိုးရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသား Song Seung Hun နဲ့ တရုတ်နိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး Liu Yifei တို့ဟာလည်း ချစ်ကြိုက်ဖူးခဲ့ကြပေမယ့် ခုချိန်မှာတော့လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။

(3) G-Dragon and Kiko Mizuhara


ကမ္ဘာကျော် ကိုးရီးယားအဆိုတော် G-Dragon နဲ့ ဂျပန်-အမေရိကန်ကပြား မော်ဒယ် Kiko တို့ဟာ (၅)နှစ်တာ လက်တွဲခဲ့အပြီးမှာတော့ လမ်းခွဲခဲ့ကြပါတယ်။ အနေအထိုင် သိုသိပ်တဲ့ သူတို့နှစ်ယောက်ကတော့ လူရှေ့သူရှေ့မှာ ပေါ်ပေါ်ထင်ထင် တွဲပြတာမျိုးတော့ သိပ်မရှိခဲ့ကြပါဘူး။

(4) Choo Sung Hoon and Yano Shiho


ကိုးရီးယားဂျပန် MMA Fighter တစ်ဦးဖြစ်တဲ့ Choo Sung Hoon နဲ့ ဂျပန်မော်ဒယ် Yano Shiho တို့ဟာဆိုရင် လက်ထပ်ပြီးလို့ Sarang လို့ခေါ်တဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပြီး ဖြစ်ပါတယ်။

(5) Bae Doo Na and Jim Sturgess


ကိုးရီးယားမင်းသမီး Bae Doo Na နဲ့ အင်္ဂလန်မင်းသား Jim Sturgess တို့ဟာ ချစ်သူသက်တမ်း (၅)နှစ်အကြာမှာ လမ်းခွဲခဲ့ကြပါတယ်။
(6) Tang Wei and Kim Tae Yong


ကိုးရီးယားလူမျိုး ဒါရိုက်တာ Kim Tae Yong နဲ့ တရုတ်မင်းသမီး Tang Wei တို့ဟာ ဇာတ်လမ်းရိုက်ကူးရင်းနဲ့ မေတ္တာမျှခဲ့ကြပြီးနောက် (၂၀၁၄)မှာ လက်ထပ်ခဲ့ကြပါတယ်။

(7) Chae Rim and Gao Xingqi (Jiame Gao)


ဂျင်ဆန်းမီလို့ လူသိများခဲ့တဲ့ မင်းသမီးချော Chae Rim နဲ့ တရုတ်မင်းသား Gao Xingqi တို့ဟာ ဇာတ်ကားတစ်ကားမှာ ဆုံစည်းမေတ္တာမျှခဲ့ပြီးနောက် (၂၀၁၄)ခုနှစ်မှာ လက်ထပ်လိုက်ကြပါတယ်။

SHARE FROM Em Em(Auntymay)
လူမျိုးခြားတွေနဲ့ ချစ်ကြိုက်ခဲ့ကြတဲ့ ကိုးရီးယားအနုပညာရှင်များ လူမျိုးခြားတွေနဲ့ ချစ်ကြိုက်ခဲ့ကြတဲ့ ကိုးရီးယားအနုပညာရှင်များ Reviewed by Unknown on February 07, 2018 Rating: 5

No comments:

Powered by Blogger.