SHARE FROMအောင်ခန့်
မန္တလေးကကောင်မလေးကို ရင်ခုန်သွားစေခဲ့တဲ့ ဘစိုင်း
ရင်ခုန်ပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့လေးဟာ ဒီကနေ့မှာ ကျရောက်လို့နေပြီဖြစ်သလို အပေါင်းအသင်းတွေ၊ အတွဲတွေကြားမှာလည်း Surprise လေးတွေ၊ ချစ်ကြည်နူးစရာလက်ဆောင်လေးတွေဟာလည်း ရောက်လို့နေပါပြီ။ ထို့အတူ လူငယ်မိန်းကလေးတွေကြားမှာ အားကျစရာအဖြစ်အပျက်လေးတစ်ခုကလည်း မန္တလေးရွှေမြို့တော်ကြီးမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်လေးကို ကိုယ်တိုင်ဦးစီး ဇာတ်ကခဲ့တာကတော့ အားလုံးရဲ့အချစ်တော် ဘစိုင်းလို့ချစ်စနိုးခေါ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ပါ။
မြန်မာပြည်မှာကံအကောင်းဆုံး ကောင်မလေးတွေထဲက တစ်ဦးဖြစ်ခဲ့သူကတော့ Swe Yee Moe Wai ဆိုတဲ့ ကောင်မလေးပါ။ SAI Cosmetix ရဲ့ ကံထူးရှင် ၁၀ ဦးထဲကတစ်ဦးဖြစ်ပြီး သူကတော့ SAI Cosmetix Eyeshadow, Lipstick ၅ချောင်း, ချောကလက်တွေနဲ့ပန်းစည်းပါဝင်တဲ့ Grand Prize ကြီးကို ပေါက်သွားတာကြောင့် စိုင်းစိုင်းကိုယ်တိုင် မန္တလေးထိသွားပြီး သူ့ရဲ့ပရိသတ်ကို Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။
ပုံလေးထဲမှာဆိုရင် ဘောလုံးတွေ၊ ပစ္စည်းတွေကိုင်ပြီး ကားပေါ်ကရုတ်တရက်ဆင်းချလာတဲ့ စိုင်းစိုင်းကြီးကို တွေ့လိုက်ရတဲ့အခါ ရင်ခုန်အံ့သြသွားတဲ့ မျက်မှန်နဲ့ကောင်မလေးကို ကြည်နူးဖွယ်ရာ တွေ့ရမှာပါ။ စိုင်းစိုင်းဟာ ဒီလိုမျိုး Surprise တွေကို အရင်ကလည်း လုပ်ဖူးပြီး ဒီကနေ့ Valentine's Day မှာတော့ ဒီအဖြစ်အပျက်ဟာ ကောင်မလေးတွေကြား စိတ်ကူးယဉ်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တာ အမှန်ပါ။
ကောင်မလေးဟာ တက္ကသိုလ်ကျောင်းသူလေးဖြစ်ပြီး သူ့ရဲ့ချစ်ခင်သူမိတ်ဆွေ သူငယ်ချင်းများကလည်း သူ့ကို Wall Post များရေးကာ Congratulation လုပ်ထားတာကို စိတ်ကြည်နူးဖွယ်ရာ မြင်တွေ့ရပါသေးတယ်။ မိုမိုလေးကလည်း ကံထူးရှင်ညီမလေးအတွက် ထပ်ဆင့် Congratulation လုပ်လိုက်ပါတယ်နော်... ချစ်သူများနေ့မှာ အားလုံးပဲ ပိုပိုပြီးချစ်နိုင်ကြပါစေ... <3
SHARE FROM အောင်ခန့်
Reviewed by Unknown
on
February 13, 2018
Rating:
No comments:
Post a Comment