ဟန္လင္းကို ခ်စ္သူမ်ားေန႕မွာ Surprise လုပ္လိုက္တဲ့ ေမဦး



ပရိသတ္ႀကီးေရ ဒီေန႕ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႕မွာက်ေရာက္တဲ့ Valentine Day ေန႕ေလးမို႔ ခ်စ္သူစုံတြဲေတြကေတာ့ ေပ်ာ္႐ႊင္ေနၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ပရိသတ္ေတြလိုပဲ ခ်စ္သူကို အမွတ္တရလက္ေဆာင္ေလးေတြေပးၿပီး ေခ်ာကလက္နဲ႕ အ႐ုပ္ေလးေတြနဲ႕အတူ Surprise လုပ္ၾကတဲ့ နာမည္ႀကီးဆယ္လီမ်ားစြာရွိၾကပါတယ္။

ျမန္မာျပည္ရဲ႕ ခ်စ္စရာအေကာင္းဆုံး လိင္တူစုံတြဲေလးျဖစ္တဲ့ မိတ္ကပ္ေမဦးနဲ႕ဟန္လင္း တို႔စုံတြဲကေတာ့ ခ်စ္သူမ်ားေန႕ကို ၾကည္ၾကည္ႏူးႏူးေလး စတင္လိုက္ပါတယ္။

နာမည္ႀကီးမိတ္ကပ္ပညာရွင္ ေမဦးကေတာ့ ဟန္လင္းကို ႏွင္းဆီပန္းလွလွေလးေတြနဲ႕ခင္းက်င္းျပင္ဆင္ၿပီး ရိုမက္တစ္ဆန္ဆန္ Surprise လုပ္လိုက္တာျဖစ္ပါတယ္။















ေမဦးရဲ႕ Surprise ေလးေၾကာင့္ ဟန္လင္းတစ္ေယာက္ ဘယ္ေလာက္ေတာင္ေပ်ာ္ေနလဲဆိုတာ သူ႕ရဲ႕ ေဖ့ဘုတ္အေကာင့္မွာ မွ်ေဝထားတာေတြ႕ရပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ ျမင္ကြင္းေလးကေတာ့ မိန္းကေလးပရိသတ္ေတြနဲ႕ သာမန္ခ်စ္သူစုံတြဲေတြကိုေတာင္ အားက်သြားေစတဲ့အထိ လူေျပာမ်ားေနပါတယ္။

LGBT ျဖစ္ေပမယ့္ တစ္ေယာက္နဲ႕ တစ္ေယာက္ အရမ္းခ်စ္ၾကတဲ့ စုံတြဲေလးမို႔ သူတို႔ကို ခ်စ္ခင္အားေပးေနတဲ့သူေတြရွိသလို ေဝဖန္သူအခ်ိဳ႕လည္း ရွိေနတာပါ။

သူတို႔ခ်စ္သူႏွစ္ဦးကေတာ့ ဘယ္လိုအခက္အခဲအတားအဆီးေတြပဲရွိရွိ ႏွစ္ေယာက္အတူတူ တစ္ဘဝလုံးလက္တြဲသြားမယ္လို႔ ဆိုပါတယ္။သူတို႔ႏွစ္ဦးဟာ ခရီးေတြအတူတူထြက္ေလ့ရွိၿပီး ဒီႏွစ္ခ်စ္သူမ်ားေန႕မွာလည္း ခရီးထြက္ဖို႔ ေလယာဥ္လက္မွတ္ေလးတစ္စုံကိုပါ လက္ေဆာင္ထည့္ေပးထားတာကိုေတြ႕ရပါတယ္။ 

ပရိသတ္ႀကီးေရာ ေမဦးနဲ႕ ဟန္လင္း တို႔စုံတြဲေလးလိုပဲ ဒီေန႕ခ်စ္သူမ်ားေန႕မွာ ဘာလက္ေဆာင္ေလးေတြရၿပီးၿပီလဲ ခ်စ္သူနဲ႕အတူရွိျဖစ္မွာလား ဆိုတာ ေျဖခဲ့ဦးေနာ္။

Source : May Oo and Han lin fb

ဟန်လင်းကို ချစ်သူများနေ့မှာ Surprise လုပ်လိုက်တဲ့ မေဦး

ပရိသတ်ကြီးရေ ဒီနေ့ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာကျရောက်တဲ့ Valentine Day နေ့လေးမို့ ချစ်သူစုံတွဲတွေကတော့ ပျော်ရွှင်နေကြမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေလိုပဲ ချစ်သူကို အမှတ်တရလက်ဆောင်လေးတွေပေးပြီး ချောကလက်နဲ့ အရုပ်လေးတွေနဲ့အတူ Surprise လုပ်ကြတဲ့ နာမည်ကြီးဆယ်လီများစွာရှိကြပါတယ်။

မြန်မာပြည်ရဲ့ ချစ်စရာအကောင်းဆုံး လိင်တူစုံတွဲလေးဖြစ်တဲ့ မိတ်ကပ်မေဦးနဲ့ဟန်လင်း တို့စုံတွဲကတော့ ချစ်သူများနေ့ကို ကြည်ကြည်နူးနူးလေး စတင်လိုက်ပါတယ်။

နာမည်ကြီးမိတ်ကပ်ပညာရှင် မေဦးကတော့ ဟန်လင်းကို နှင်းဆီပန်းလှလှလေးတွေနဲ့ခင်းကျင်းပြင်ဆင်ပြီး ရိုမက်တစ်ဆန်ဆန် Surprise လုပ်လိုက်တာဖြစ်ပါတယ်။

မေဦးရဲ့ Surprise လေးကြောင့် ဟန်လင်းတစ်ယောက် ဘယ်လောက်တောင်ပျော်နေလဲဆိုတာ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။ သူတို့နှစ်ဦးရဲ့ မြင်ကွင်းလေးကတော့ မိန်းကလေးပရိသတ်တွေနဲ့ သာမန်ချစ်သူစုံတွဲတွေကိုတောင် အားကျသွားစေတဲ့အထိ လူပြောများနေပါတယ်။

LGBT ဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲလေးမို့ သူတို့ကို ချစ်ခင်အားပေးနေတဲ့သူတွေရှိသလို ဝေဖန်သူအချို့လည်း ရှိနေတာပါ။

သူတို့ချစ်သူနှစ်ဦးကတော့ ဘယ်လိုအခက်အခဲအတားအဆီးတွေပဲရှိရှိ နှစ်ယောက်အတူတူ တစ်ဘဝလုံးလက်တွဲသွားမယ်လို့ ဆိုပါတယ်။သူတို့နှစ်ဦးဟာ ခရီးတွေအတူတူထွက်လေ့ရှိပြီး ဒီနှစ်ချစ်သူများနေ့မှာလည်း ခရီးထွက်ဖို့ လေယာဉ်လက်မှတ်လေးတစ်စုံကိုပါ လက်ဆောင်ထည့်ပေးထားတာကိုတွေ့ရပါတယ်။ 

ပရိသတ်ကြီးရော မေဦးနဲ့ ဟန်လင်း တို့စုံတွဲလေးလိုပဲ ဒီနေ့ချစ်သူများနေ့မှာ ဘာလက်ဆောင်လေးတွေရပြီးပြီလဲ ချစ်သူနဲ့အတူရှိဖြစ်မှာလား ဆိုတာ ဖြေခဲ့ဦးနော်။

Source : May Oo and Han lin fb
ဟန္လင္းကို ခ်စ္သူမ်ားေန႕မွာ Surprise လုပ္လိုက္တဲ့ ေမဦး ဟန္လင္းကို ခ်စ္သူမ်ားေန႕မွာ Surprise လုပ္လိုက္တဲ့ ေမဦး Reviewed by Unknown on February 13, 2018 Rating: 5

No comments:

Powered by Blogger.