အမ်ိဳးသားမ်ား ကြန္ဒံုးသံုးတဲ့အခါ မွားယြင္းစြာ လုပ္ေဆာင္ေနၾကတဲ့ အရာ ၅ခု



ကြန္ဒံုးဟာ လိင္ပိုင္ဆိုင္းရာ ကူးစက္ေရာဂါမ်ားနွင့္ ကိုယ္ဝန္မရေအာင္ တားဆီးတဲ့ေနရာမွုာ ၉၇ရာခိုင္နႈန္းထိ အက်ိဳးထိေရာက္မႈရွိပါတယ္။ သို႔ေသာ္ မွန္ကန္စြာ အသံုးမျပဳဘူးဆိုလွ်င္ေတာ့ ကိုယ္ဝန္နွင့္ အျခားေနာက္ဆက္တြဲ အရာမ်ား ရရွိလာနိုင္ပါတယ္။ အခ်ိဳ႕ေတြ ကြန္ဒံုးသံုးလ်က္နွင့္ ကိုယ္ဝန္ရလာျခင္း၊ ေရာဂါပိုးမ်ား ကူးစက္ျခင္းဟာ ကြန္ဒံုးကို နည္းစနစ္မွန္မွန္ မသံုးျခင္းေၾကာင့္ ျဖစ္ပါတယ္။

၁။ကြန္ဒံုးကိုမွန္ကန္စြာမသံုးျခင္း

အမ်ိဳးသားအမ်ားစုဟာ မိမိပါတနာျဖင့္ အရင္လိင္ဆက္ဆံျပီး သုတ္ရည္မထြက္ခင္ အခ်ိန္က်မွ ကြန္ဒံုးကိုစြပ္ကာ အသံုးျပဳတတ္ၾကပါတယ္။ ဒီလိုလုပ္ျခင္းဟာ ကိုယ္ဝန္မရဖို႔အတြက္ အာမမခံနိုင္ပါဘူး။ သုတ္ရည္မထြက္ခင္ ပထမ သုတ္အရည္ၾကည္ျဖင့္ပင္ တစ္ခါတစ္ရံမွာ မေမွ်ာ္လင့္ဘဲ ကိုယ္ဝန္ရတတ္ပါတယ္။

၂။မစစ္ေဆးျခင္း







အမ်ားစုဟာ ကြန္ဒံုးဝယ္တဲ့အခါ အေလာတၾကီးျဖင့္ စိတ္လႈပ္ရွားစြာနွင့္ ဝယ္တဲ့အတြက္ ကြန္ဒံုးကို မစစ္ေဆးတတ္ၾကပါဘူး။ ကြန္ဒံုးရဲ႕ သက္တမ္း၊စစ္မွန္မႈရွိမရွိ ၊ အျပစ္အနာအဆာ ပါ၊မပါကို စစ္ေဆးဖို႔ရာ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ ဒါေတြေၾကာင့္ပဲ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲျပႆနာေတြကို ခံစားလာေစပါတယ္။

၃။အခ်ိန္မတိုင္မီ ကြန္ဒံုးခြ်တ္ျခင္း

အမ်ိဳးသားေတြ လုပ္တတ္တဲ့ ေနာက္ထပ္အမွားတစ္ခုပါပဲ။ အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ လုပ္ေဆာင္မႈ မျပီးဆံုးေသးဘဲ ကြန္ဒံုးကို ခြ်တ္ပစ္တတ္တဲ့ အက်င့္ရွိပါတယ္။ မလိုလားအပ္တဲ့ အေျခအေနေတြ မျဖစ္ေပၚလိုလွ်င္ေတာ့ အမ်ိဳးသားမ်ားဟာ စိတ္ရွည္ရွည္ထားကာ အားလံုးျပီးဆံုးသြားမွ ကြန္ဒံုးကိုခြ်တ္သင့္ပါတယ္။

၄။ေသခ်ာဝတ္ပါ။







ကြန္ဒံုးမသံုးဖူးေသးသူ အမ်ိဳးသားျဖစ္ေစ ၊ သဘာရင့္ဝါရင့္ အမ်ိဳးသားမ်ားျဖစ္ေစ ကြန္ဒံုးမွာပါဝင္တဲ့ အညႊန္းကို ေသခ်ာစြာဖတ္ျပီး ဝတ္ဆင္ဖို႔ လိုအပ္ပါလိ့မ္မယ္။ မဟုတ္ပါက ကြန္ဒံုးေပါက္ၿပဲမႈမ်ား ျဖစ္ျပီး ေနာက္ဆက္တြဲ ဘာေတြျဖစ္မလဲဆိုတာေတာ့ သိတဲ့အတုိင္းပါပဲ။

၅။ဘယ္လိုဝတ္မလဲ

ကြန္ဒံုးဝတ္တဲ့အခါ စိတ္ရွည္ရွည္ထားျပီး လိင္အဂၤါေထာင္မတ္ေတာ့မွ ဝတ္ပါ။ လိင္အဂၤါ ေထာင္မတ္တဲ့အခ်ိန္မွာ ဝတ္ဆင္ျခင္းက ပိုမိုလည္း လြယ္ကူေစျပီး ကြန္ဒံုးေပါက္ၿပဲမႈ နွင့္အျခားျပႆနာမ်ားမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ လိင္အဂၤါမေထာင္မတ္ေသးဘဲ ဝတ္ဆင္မယ္ဆိုလွ်င္ေတာ့ အခန္႔မသင့္လွ်င္ ကြန္ဒံုးဟာ သင့္အမ်ိဳးသမီးရဲ႕ လိင္အဂၤါထဲမွာ က်န္ရွိေနခဲ့နိုင္ပါတယ္။

ကဲ…ဘဒိုတို႔ သတိထားလို႔ရေအာင္ ေျပာေပးတာပါ

SHARE FROM DEAN (ေရႊအင္းေလး)

အမျိုးသားများ ကွန်ဒုံးသုံးတဲ့အခါ မှားယွင်းစွာ လုပ်ဆောင်နေကြတဲ့ အရာ ၅ခု

ကွန်ဒုံးဟာ လိင်ပိုင်ဆိုင်းရာ ကူးစက်ရောဂါများနှင့် ကိုယ်ဝန်မရအောင် တားဆီးတဲ့နေရာမှုာ ၉၇ရာခိုင်နှုန်းထိ အကျိုးထိရောက်မှုရှိပါတယ်။ သို့သော် မှန်ကန်စွာ အသုံးမပြုဘူးဆိုလျှင်တော့ ကိုယ်ဝန်နှင့် အခြားနောက်ဆက်တွဲ အရာများ ရရှိလာနိုင်ပါတယ်။ အချို့တွေ ကွန်ဒုံးသုံးလျက်နှင့် ကိုယ်ဝန်ရလာခြင်း၊ ရောဂါပိုးများ ကူးစက်ခြင်းဟာ ကွန်ဒုံးကို နည်းစနစ်မှန်မှန် မသုံးခြင်းကြောင့် ဖြစ်ပါတယ်။

၁။ကွန်ဒုံးကိုမှန်ကန်စွာမသုံးခြင်း

အမျိုးသားအများစုဟာ မိမိပါတနာဖြင့် အရင်လိင်ဆက်ဆံပြီး သုတ်ရည်မထွက်ခင် အချိန်ကျမှ ကွန်ဒုံးကိုစွပ်ကာ အသုံးပြုတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကိုယ်ဝန်မရဖို့အတွက် အာမမခံနိုင်ပါဘူး။ သုတ်ရည်မထွက်ခင် ပထမ သုတ်အရည်ကြည်ဖြင့်ပင် တစ်ခါတစ်ရံမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရတတ်ပါတယ်။

၂။မစစ်ဆေးခြင်း

အများစုဟာ ကွန်ဒုံးဝယ်တဲ့အခါ အလောတကြီးဖြင့် စိတ်လှုပ်ရှားစွာနှင့် ဝယ်တဲ့အတွက် ကွန်ဒုံးကို မစစ်ဆေးတတ်ကြပါဘူး။ ကွန်ဒုံးရဲ့ သက်တမ်း၊စစ်မှန်မှုရှိမရှိ ၊ အပြစ်အနာအဆာ ပါ၊မပါကို စစ်ဆေးဖို့ရာ မေ့လျော့နေတတ်ကြပါတယ်။ ဒါတွေကြောင့်ပဲ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားလာစေပါတယ်။

၃။အချိန်မတိုင်မီ ကွန်ဒုံးချွတ်ခြင်း

အမျိုးသားတွေ လုပ်တတ်တဲ့ နောက်ထပ်အမှားတစ်ခုပါပဲ။ အမျိုးသားတွေဟာ သူတို့ရဲ့ လုပ်ဆောင်မှု မပြီးဆုံးသေးဘဲ ကွန်ဒုံးကို ချွတ်ပစ်တတ်တဲ့ အကျင့်ရှိပါတယ်။ မလိုလားအပ်တဲ့ အခြေအနေတွေ မဖြစ်ပေါ်လိုလျှင်တော့ အမျိုးသားများဟာ စိတ်ရှည်ရှည်ထားကာ အားလုံးပြီးဆုံးသွားမှ ကွန်ဒုံးကိုချွတ်သင့်ပါတယ်။

၄။သေချာဝတ်ပါ။

ကွန်ဒုံးမသုံးဖူးသေးသူ အမျိုးသားဖြစ်စေ ၊ သဘာရင့်ဝါရင့် အမျိုးသားများဖြစ်စေ ကွန်ဒုံးမှာပါဝင်တဲ့ အညွှန်းကို သေချာစွာဖတ်ပြီး ဝတ်ဆင်ဖို့ လိုအပ်ပါလိ့မ်မယ်။ မဟုတ်ပါက ကွန်ဒုံးပေါက်ပြဲမှုများ ဖြစ်ပြီး နောက်ဆက်တွဲ ဘာတွေဖြစ်မလဲဆိုတာတော့ သိတဲ့အတိုင်းပါပဲ။

၅။ဘယ်လိုဝတ်မလဲ

ကွန်ဒုံးဝတ်တဲ့အခါ စိတ်ရှည်ရှည်ထားပြီး လိင်အင်္ဂါထောင်မတ်တော့မှ ဝတ်ပါ။ လိင်အင်္ဂါ ထောင်မတ်တဲ့အချိန်မှာ ဝတ်ဆင်ခြင်းက ပိုမိုလည်း လွယ်ကူစေပြီး ကွန်ဒုံးပေါက်ပြဲမှု နှင့်အခြားပြဿနာများမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ လိင်အင်္ဂါမထောင်မတ်သေးဘဲ ဝတ်ဆင်မယ်ဆိုလျှင်တော့ အခန့်မသင့်လျှင် ကွန်ဒုံးဟာ သင့်အမျိုးသမီးရဲ့ လိင်အင်္ဂါထဲမှာ ကျန်ရှိနေခဲ့နိုင်ပါတယ်။

ကဲ…ဘဒိုတို့ သတိထားလို့ရအောင် ပြောပေးတာပါ

SHARE FROM DEAN (ရွှေအင်းလေး)
အမ်ိဳးသားမ်ား ကြန္ဒံုးသံုးတဲ့အခါ မွားယြင္းစြာ လုပ္ေဆာင္ေနၾကတဲ့ အရာ ၅ခု အမ်ိဳးသားမ်ား ကြန္ဒံုးသံုးတဲ့အခါ မွားယြင္းစြာ လုပ္ေဆာင္ေနၾကတဲ့ အရာ ၅ခု Reviewed by Unknown on February 13, 2018 Rating: 5

No comments:

Powered by Blogger.