လွ်ာေကာင္းရင္ တစ္နာရီကုိ ၂ ေသာင္း၀င္ေငြ ရမယ့္ အလုပ္



Dream Job ဆုိတဲ့ အမည္ နဲ႔ အညီ ေခၚယူ Offer ေပးထားတဲ့ အလုပ္ ဟာ ေခ်ာကလက္ျမည္းစမ္းသူ လုပ္ေပးရမွာ ျဖစ္ပါတယ္။

ေဖာ္ျပထားသလုိပါပဲ သူ႔ကုိ ရရွိမယ့္ လစာ ဟာ တစ္နာရီကုိ ၉ ေပါင္ႏႈန္း (၁၂.၄၄ ေဒၚလာ) ျဖစ္တဲ့အတြက္ ျမန္မာေငြ နဲ႔ တြက္ၾကည့္ရင္ တစ္နာရီ ကုိ ေငြ ၂ ေသာင္းနီးပါး ၀င္ေငြ ရရွိမွာ ျဖစ္ပါတယ္။

အခု အလုပ္အတြက္ လုိအပ္တဲ့ အဂၤလိပ္စာ အရည္အခ်င္းကလည္း သိပ္မရွိပါဘူး။ ပတ္စပုိ႔စ္ စာအုပ္ ၁ အုပ္ရယ္၊ အဂၤလိပ္စကား ကၽြမ္းကၽြမ္းက်င္က်င္ ေျပာတတ္ရင္ကုိ အဆင္ေျပပါတယ္။

ေခ်ာကလက္ေတြကုိ ျမည္းစမ္းၿပီးတဲ့အခါမွာ အခ်ိဳ၊ အခါး ၊ ဖန္ခ်ဳိ၊ အစိမ့္ စတဲ့ အရသာေတြကုိ ခဲြျခား ေပးရမွာ ျဖစ္ပါတယ္။ ဒီ အလုပ္ကုိ ေခၚယူတဲ့ Mondelez ဟာ ေခ်ာကလက္ေတြ နဲ႔ ႏုိ႔ထြက္ပစၥည္းေတြကုိ ကမာၻကုိ တင္ပုိ႔ေနတဲ့ ကုမၸဏီႀကီး တစ္ခု ျဖစ္ပါတယ္။ အဂၤလန္ အေနာက္ေျမာက္ပုိင္းမွာ ရွိတဲ့ ကုမၸဏီ ရုံးခ်ဳပ္မွာ အလုပ္ဆင္းရမွာ ျဖစ္ၿပီး ေဖေဖာ္၀ါရီ လ ၁၆ ရက္ေန႔ စၿပီး ေခၚယူမယ့္ ေဖာင္ ကုိ ေလွ်ာက္ထားႏိုင္ေနၿပီ ျဖစ္ပါတယ္။ ပေရာဂ်က္ ကာလ အတြက္ တစ္ႏွစ္ ခန္႔အပ္သြားမွာ ျဖစ္ၿပီး တျခား ဘယ္လုိ ပညာအရည္အခ်င္းမွ တတ္ကၽြမ္းဖုိ႔ မလိုပါဘူး။







လွ်ာေကာင္းဖုိ႔ပဲ လုိပါတယ္ လုိ႔ ကုမၸဏီက ဆုိပါတယ္။

Source – cantwait2say

လျှာကောင်းရင် တစ်နာရီကို ၂ သောင်း၀င်ငွေ ရမယ့် အလုပ်

Dream Job ဆိုတဲ့ အမည် နဲ့ အညီ ခေါ်ယူ Offer ပေးထားတဲ့ အလုပ် ဟာ ချောကလက်မြည်းစမ်းသူ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဖော်ပြထားသလိုပါပဲ သူ့ကို ရရှိမယ့် လစာ ဟာ တစ်နာရီကို ၉ ပေါင်နှုန်း (၁၂.၄၄ ဒေါ်လာ) ဖြစ်တဲ့အတွက် မြန်မာငွေ နဲ့ တွက်ကြည့်ရင် တစ်နာရီ ကို ငွေ ၂ သောင်းနီးပါး ၀င်ငွေ ရရှိမှာ ဖြစ်ပါတယ်။

အခု အလုပ်အတွက် လိုအပ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းကလည်း သိပ်မရှိပါဘူး။ ပတ်စပို့စ် စာအုပ် ၁ အုပ်ရယ်၊ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရင်ကို အဆင်ပြေပါတယ်။

ချောကလက်တွေကို မြည်းစမ်းပြီးတဲ့အခါမှာ အချို၊ အခါး ၊ ဖန်ချို၊ အစိမ့် စတဲ့ အရသာတွေကို ခွဲခြား ပေးရမှာ ဖြစ်ပါတယ်။ ဒီ အလုပ်ကို ခေါ်ယူတဲ့ Mondelez ဟာ ချောကလက်တွေ နဲ့ နို့ထွက်ပစ္စည်းတွေကို ကမ္ဘာကို တင်ပို့နေတဲ့ ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါတယ်။ အင်္ဂလန် အနောက်မြောက်ပိုင်းမှာ ရှိတဲ့ ကုမ္ပဏီ ရုံးချုပ်မှာ အလုပ်ဆင်းရမှာ ဖြစ်ပြီး ဖေဖော်ဝါရီ လ ၁၆ ရက်နေ့ စပြီး ခေါ်ယူမယ့် ဖောင် ကို လျှောက်ထားနိုင်နေပြီ ဖြစ်ပါတယ်။ ပရောဂျက် ကာလ အတွက် တစ်နှစ် ခန့်အပ်သွားမှာ ဖြစ်ပြီး တခြား ဘယ်လို ပညာအရည်အချင်းမှ တတ်ကျွမ်းဖို့ မလိုပါဘူး။

လျှာကောင်းဖို့ပဲ လိုပါတယ် လို့ ကုမ္ပဏီက ဆိုပါတယ်။

Source – cantwait2say
လွ်ာေကာင္းရင္ တစ္နာရီကုိ ၂ ေသာင္း၀င္ေငြ ရမယ့္ အလုပ္ လွ်ာေကာင္းရင္ တစ္နာရီကုိ ၂ ေသာင္း၀င္ေငြ ရမယ့္ အလုပ္ Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.