အမေရိကန်သမ္မတအဖြစ် ပြိုင်ဘက် ဟီလာရီကလင်တန်ကို အလဲထိုးအနိုင်ယူခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ 2011 ခုနှစ်တုန်းကတည်းက သွားလိုရာ သွားဖို့အတွက် Boeing 757 အမျိုးအစား ဇိမ်ခံလေယာဉ်တစ်စီးကို ပေါင်သန်း 80 အသုံးပြုပြီး
ဝယ်ယူခဲ့ပါတယ်။ ဒီလေယာဉ်နဲ့ ၀ါရှင်တန် အိမ်ဖြူတော်မှာနေထိုင်တဲ့ လက်ရှိသမ္မတအိုဘာမားဆီကို အာဏာလွှဲပြောင်း
ရေးကိစ္စ သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ ထရမ့်သမ္မတရာထူး ရယူပြီးနောက်ပိုင်းမှာတော့ အစိုးရကိစ္စရပ်တွေအတွက် အသုံးပြုရန် မလိုတော့ပါဘူး။ အမေရိကန်သမ္မတအဆက်ဆက် စီးနင်းခဲ့ကြတဲ့ Air Force One ကို ဆက်ခံအသုံးပြုရတော့မှာမို့ ဖြစ်ပါတယ်။ သန်း
ကြွယ်သူဌေးဘ၀ကနေ သမ္မတရာထူးကို တက်လှမ်းနိုင်ခဲ့တဲ့ ထရမ့်ဟာ သူဝယ်ယူခဲ့တဲ့ လေယာဉ်ထဲမှာ ဇိမ်ခံပစ္စည်းတွေ ထည့်သွင်းတပ်ဆင်ခဲ့ပါတယ်။
အမေရိကန် အကြွယ်ဝဆုံးပုဂ္ဂိုလ်တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ထရမ့်ဟာ ပေါင်သန်း 80 တန် လေယာဉ်ထဲမှာ သားရေစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ထိုင်ခုံ 43 လုံး၊ အဆင့်မြင့်နည်းပညာသုံး Screen များ၊ ရွှေနဲ့ပြုလုပ်ထားတဲ့ အသက်ကယ် ခါးပတ်များ တပ်ဆင်ပေးထားပါတယ်။
ရွှေဘောင်တွေနဲ့ ပြုလုပ်ထားတဲ့ King Size အိပ်ယာပါ အခန်းတစ်ခု၊ ရွှေရေပိုက်ခေါင်းတပ်ထားတဲ့ လက်ဆေးစင်၊ အဆင်
မြင့် အိပ်ခန်းတွင်းအသုံးအဆောင်တွေ ပါဝင်ပါတယ်။ လေယာဉ်အင်ဂျင်ကတော့ စွမ်းဆောင်ရည်မြင့် Rolls Royce အင်
ဂျင်တွေကို အသုံးပြုထားပြီး၊ 57 လက်မ မျက်နှာပြင်ရှိ တီဗွီတစ်လုံးလည်း ပါဝင်ပါတယ်။
လေယာဉ်အမြှီးပိုင်းမှာ ကုတင်နှစ်လုံးပါ အခန်းတစ်ခုပါဝင်သေးပြီး၊ ပိုးဖဲကတ္တီပါတွေနဲ့ အလှဆင်ထားပါတယ်။ အကောင်းစားမွေ့ယာကို ထည့်သွင်းထားပြီး၊ သစ်သားနဲ့ဖန်တီးထားတဲ့ အဖိုးတန်ပရိဘောဂတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလေယာဉ်ဟာ ထရမ့် စီးပွားရေးလုပ်ငန်းရှင်ဘ၀က အပြည်ပြည်ဆိုင်ရာ သွားတဲ့အခါမှာ အသုံးပြုခဲ့တဲ့လေယာဉ်ဖြစ်ပါ
တယ်။ ထရမ့်ဟာ လက်ရှိသမ္မတအိုဘားမားဆီကနေ 2017 ဇန်န၀ါရီလ 20 ရက်နေ့မှာ တရားဝင် အာဏာလွှဲပြောင်း ယူသွားမှာ ဖြစ်ပါတယ်။
SHARE FROM နတ်စည်တော် (Shwemom)
ရွှေအတိပြီးတဲ့ရေချိုးခန်းအပါအဝင်ရုပ်ရှင်ရုံလည်းပါတဲ့ ဒေါ်နယ်ထရမ့်ရဲ့ တန်ဖိုးကြီးဇိမ်ခံလေယာဉ်

Reviewed by Unknown
on
February 11, 2018
Rating:
No comments:
Post a Comment