




















ဝေဖန်သူတွေကို ဒဲ့ပဲဖြေရှင်းလိုက်တဲ့ ဒိန်းပိုပိုဒေါင်

ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း နိုင်ငံကျော်ဟာသ သရုပ်ဆောင်ဦးဒိန်းဒေါင်ရဲ့ သမီးဖြစ်သူဒိန်းပိုပိုဒေါင် ကတော့ဗေဒင်ဆရာအောင်ချစ်ပို ကိစ္စနဲ့ပတ်သတ်ပြီး မတရားအနိုင်ကျင့်စော်ကားခံနေရ တဲ့အမျိုးသမီးတွေ ဘက်ရပ်တည်ကာ သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောကြားခဲ့ တာပဲဖြစ်ပါတယ်။ အဲ့လိုသူမထုတ်ဖော်ပြောကြားခဲ့တဲ့ အပေါ်တစ်ချို့သောပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်းခံနေရပါတယ်။ နာမည်ကြီးချင်လို့ လုပ်တာပါဆိုတဲ့ ပရိသတ်တစ်ချို့ရဲ့ စကားသံတွေအပေါ် သူမကတော့အခုလို့ပဲ ပြောပြလာ ခဲ့ပါတယ်။  

သူမလုပ်ခဲ့တဲ့ အမှန်တရားအတွက် ဘယ်သူတွေတိုက်ခိုက်ပါစေ သူမကတော့မမှုဘူးလို့ဆိုပါတယ်။အချိန်တန် ရင်ဘယ်သူမှားလည်း မှန်လည်းဆိုတာ ဘုရားကဆုံးဖြတ်ပေးသွားမှာပါ။နာမည်ကြီးချင်လို့ လုပ်တာဆိုပြီး အတွေးအခေါ်မရှိ ပညာမတက် အသိဉာဏ်ကင်းမဲ့ ဆင်ခြင်ထုံတရားနည်းပါးတဲ့ Brainless တွေအတွက် သူမကတော့ Neglectပါ လို့ သူမရဲ့ လူမှုကွန်ယက်မှာရေးသားခဲ့တာ ပဲဖြစ်ပါတယ်။

သူမဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ(၇)ရက်နေ့မှာတော့ ဗေဒင်ဆရာအောင်ချစ်ပိုကို စမ်းချောင်မြို့မရဲစခန်းမှာ သွားရောက်တိုင်ကြား အမှုဖွင့်တိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။သူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ကိုင်တွယ်ထိတွေ့ စော်ကားမှုတွေကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ပြောကြားခဲ့တဲ့အပေါ် ချီးကျူးသူ ပရိသတ်တွေ ရှိသလိုဝေဖန်မှုတွေလည်းရှိနေတာပဲ ဖြစ်ပါတယ်။ဒိန်းပိုပိုဒေါင်ကို ချစ်တဲ့ပရိသတ်တွေကတော့ သူမကို ဝန်းရံပေးလိုက်ကြပါအုန်းနော်။  

သတင်းအရင်းအမြစ် - Myat Noe Oo
ဝေဖန်သူတွေကို ဒဲ့ပဲဖြေရှင်းလိုက်တဲ့ ဒိန်းပိုပိုဒေါင် ဝေဖန်သူတွေကို ဒဲ့ပဲဖြေရှင်းလိုက်တဲ့ ဒိန်းပိုပိုဒေါင် Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.