ဂိုးသမားလေးရေ.....

မြန်မာဘောလုံးပရိသတ်ကြီးရဲ့အချစ်တော်ဂိုးသမားလေးဆန်းဆက်နိုင်ဟာဗယ်လင်တိုင်းဒေးမတိုင်ခင်မှာပဲသူချစ်ရတဲ့ကောင်မလေးနဲ့လမ်းခွဲပြတ်စဲသွားခဲ့ရရှာပါတယ်။အကြောင်းအရင်းကိုထုတ်မပြောခဲ့ကြပေမယ့်ဆန်းဆက်နိုင်နဲ့သူရဲ့ချစ်သူကူးကူးလို့ချစ်စနိုးခေါ်ကြတဲ့နန်းနှင်းနန္ဒာအေးနှစ်ယောက်စလုံးရဲ့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာလမ်းခွဲလိုက်ကြပြီလို့အဓိပ္ပါယ်ဆန်ဆန်စာသားတွေကိုရေးတင်ခဲ့ကြပါတယ်။
နောက်ဆုံးသတင်းတွေအရတော့သူတို့တကယ်လမ်းခွဲလိုက်ကြပြီဆိုတာပါပဲ။လှပတဲ့ချစ်ပုံပြင်လေးတစ်ပုဒ်ရဲ့အဆုံးသတ်ပေါ့။
ဆန်းဆက်နိုင်တို့ရဲ့ချစ်သက်တမ်းဟာအချိန်ကာလအားဖြင့်မကြာသေးဘူးလို့ဆိုရမှာပါ။မလေးရှားဆီးဂိမ်းမှာဆန်းဆက်နိုင်လက်စွမ်းတွေပြပြီးအတောက်ပဆုံးဖြစ်နေတဲ့အချိန်မှာဒီချစ်ဇာတ်လမ်းလေးအစပျိုးခဲ့တာပါ။ကူးကူးဟာစင်ကာပူမှာနေထိုင်တာဖြစ်ပြီးကွာလာလမ်ပူကိုဘောလုံးပွဲလာကြည့်ရင်းကူကူးနဲ့ဆန်းဆက်နိုင်တို့ရဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ဓာတ်ပုံတွေလူမှုကွန်ယက်ပေါ်မှာပျံ ့နှံ ့လာခဲ့တာပါ။အားလုံးထင်တဲ့အတိုင်းတကယ်ဖြစ်လာပါတယ်။
ဆန်းဆက်နိုင်မလေးရှားဆီးဂိမ်းကကနေရန်ကုန်ကိုပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့နှစ်ယောက်တွဲနေကြပြီဆိုတဲ့သတင်းတွေထွက်လာပါတော့တယ်။
ဒါပေမယ့်အနေဝေးနေတဲ့ချစ်သူတေအဖို့Relationshipတစ်ခုကိုခိုင်မာအောင်တည်ဆောက်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ကူးကူးကစင်္ကာပူမှာနေထိုင်သူုဖြစ်ပြီးဆန်းဆက်နိုင်ကရန်ကုန်မှာနေထိုင်သူဖြစ်တဲ့အတွက်LDRSဘဝကိုသူတို့အနေနဲ့ဆက်လက်ခံစားနိုင်ခြင်းမရှိတော့ဘူးထင်ပါရဲ့။
အခုတော့သူတို့ပြတ်သွားကြပါပြီ။ဂိုးသမားလေးဆန်းဆက်နိုင်အတွက်ချောကလက်မစားရတဲ့ဗယ်လင်တိုင်းတစ်ခုဖြစ်သွားရပါပြီ။ဆန်းဆက်နိုင်ဟာလောလောဆယ်ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူဘာလီယူနိုက်တက်နဲ့AFC Cupပြိုင်ပွဲကန်ဖို့အင်ဒိုနီးရှားကိုရောက်နေပါတယ်။
စင်င်္ကာပူကကောင်မလေးကျွေးတဲ့ချောကလက်မစားရလည်းအင်ဒိုသူလေးကျွေးတဲ့ချောကလက်စားခဲ့ပေါ့နော်
ဂိုးသမားလေးရေ.....
SHARE FROM MYANMARLOAD
ဗယ်လင်တိုင်းဒေးမတိုင်ခင်ရည်းစားနဲ့ပြတ်သွားတဲ့ဆန်းဆက်နိုင်

Reviewed by Unknown
on
February 11, 2018
Rating:
No comments:
Post a Comment