ကေလးဖ်က္ခ်ဖို့တိုက္တြန္းထားတဲ့ေၾကာ္ျငာမွာ သမီးျဖစ္သူ၏ပံုကို အသံုးျပဳခဲ့ျခင္းေၾကာင့္ မိခင္ျဖစ္သူရဲ့တံု႔ျပန္မႈ



ဒီတစ္ခါမွာေတာ့ ကေလးဖ်က္ခ်ဖို့တိုက္တြန္းထားတဲ့ေၾကာ္ျငာမွာ မသန္စြမ္းေဝဒနာရွင္သမီး၏ပံုကို အသံုးျပဳခဲ့ျခင္းေၾကာင့္ မိခင္ျဖစ္သူမွ သမီးအတြက္ ကာကြယ္ေတာင္းဆိုခဲ့တဲ့အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။   ။

အသက္9နွစ္အ႐ြယ္ ဆိုဖီရာဟာ ေမြးရာပါ’ရက္ဒ္’ေရာဂါ ေဝဒနာရွင္တစ္ဦးျဖစ္ပါတယ္။ထိုေရာဂါမွာ သူမ၏ဦးေႏွာက္ဖြ႔ံၿဖိဳးမႈကိုထိခိုက္ေစတဲ့အျပင္ စကားေျပာျခင္းလမ္းေလွ်ာက္ျခင္း၊အစာစားျခင္း၊အသက္ရွဴျခင္းတို႔ကို ထိခိုက္ေစရုံသာမက ရုပ္ပိုင္းဆိုင္ရာလည္း မ်ားစြာထိခိုက္ေစပါတယ္။

အဆိုပါဆိုဖီယာ၏ဓာတ္ပံုကို တြစ္တာမွာ “ကိုယ္ဝန္ေဆာင္မိခင္မ်ားအားလံုး အမိုင္နိုဓာတ္ကိုစစ္ေဆးရမည္။အမိုင္နိုဓါတ္မေအာင္လွ်င္ ကေလးဖ်က္ခ်ရန္ စဥ္းစားသင့္သည္။ မသန္စြမ္းကေလးမ်ားေမြးဖြားလာပါက မိဘနွစ္ပါးလံုးကို အဖက္ဖက္တြင္ ဒုကၡေပးနိုင္သည္” ဟု ေဖာ္ျပေရးသားကာ ေၾကာ္ျငာအျဖစ္ အသံုးျပဳခဲ့ပါတယ္။







ထိုသို႕ မိမိကေလးပံုကို လူမႈကြန္ယက္တြင္ ေလွာင္ေျပာင္ဖြယ္ အသံုးျပဳ သည္ကို မိခင္ျဖစ္သူ နေတလီဝီဗာ မွ တြစ္တာကို အေရးယူရန္ တင္ျပခဲ့သည္။ သို႔ေသာ္ ေၾကာ္ျငာမ်ားမွာ တြစ္တာ၏ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္ျခင္းမရွိဟု ေကာက္ခ်က္ခ်၍ တြစ္တာမွ အေရးယူျခင္းမျပဳခဲ့ေပ။ နေတလီမွာ စိတ္ေသာကေရာက္ကာ ေထာက္ပံ့သူတခ်ိဳ႕နွင့္ ဒုတိယအႀကိမ္ တြစ္တာကို အေရးယူရန္ ထပ္မံတင္ျပမွသာ တြစ္တာမွ အေရးယူခဲ့သည္။ ပထမအႀကိမ္အမွားအတြက္လည္း တြစ္တာမွ နေတလီအား ေတာင္းပန္ထားခဲ့သည္။

လူအခ်င္းခ်င္း ခြဲျခားဆက္ဆက္ျခင္းသည္ တခ်ိေနရာတြင္လက္ခံနိုင္ဖြယ္ရွိေသာ္လည္း မသန္စြမ္းသူ ကိုယ္လက္အဂၤါခ်ိဳ႕တဲ့သူမ်ားကို ေလွာင္ေျပာင္ခြဲျခားျခင္းသည္ စိတ္ဓာတ္နွင့္ဆိုင္ေသာအမွား (moral crime) ျဖစ္ပါတယ္။   ။

SHARE FROM ေျပာခ်င္လြန္းလို႔ 

ကလေးဖျက်ချဖို့တိုက်တွန်းထားတဲ့ကြော်ငြာမှာ သမီးဖြစ်သူ၏ပုံကို အသုံးပြုခဲ့ခြင်းကြောင့် မိခင်ဖြစ်သူရဲ့တုံ့ပြန်မှု

ဒီတစ်ခါမှာတော့ ကလေးဖျက်ချဖို့တိုက်တွန်းထားတဲ့ကြော်ငြာမှာ မသန်စွမ်းဝေဒနာရှင်သမီး၏ပုံကို အသုံးပြုခဲ့ခြင်းကြောင့် မိခင်ဖြစ်သူမှ သမီးအတွက် ကာကွယ်တောင်းဆိုခဲ့တဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ။

အသက်9နှစ်အရွယ် ဆိုဖီရာဟာ မွေးရာပါ’ရက်ဒ်’ရောဂါ ဝေဒနာရှင်တစ်ဦးဖြစ်ပါတယ်။ထိုရောဂါမှာ သူမ၏ဦးနှောက်ဖွ့ံဖြိုးမှုကိုထိခိုက်စေတဲ့အပြင် စကားပြောခြင်းလမ်းလျှောက်ခြင်း၊အစာစားခြင်း၊အသက်ရှူခြင်းတို့ကို ထိခိုက်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာလည်း များစွာထိခိုက်စေပါတယ်။

အဆိုပါဆိုဖီယာ၏ဓာတ်ပုံကို တွစ်တာမှာ “ကိုယ်ဝန်ဆောင်မိခင်များအားလုံး အမိုင်နိုဓာတ်ကိုစစ်ဆေးရမည်။အမိုင်နိုဓါတ်မအောင်လျှင် ကလေးဖျက်ချရန် စဉ်းစားသင့်သည်။ မသန်စွမ်းကလေးများမွေးဖွားလာပါက မိဘနှစ်ပါးလုံးကို အဖက်ဖက်တွင် ဒုက္ခပေးနိုင်သည်” ဟု ဖော်ပြရေးသားကာ ကြော်ငြာအဖြစ် အသုံးပြုခဲ့ပါတယ်။

ထိုသို့ မိမိကလေးပုံကို လူမှုကွန်ယက်တွင် လှောင်ပြောင်ဖွယ် အသုံးပြု သည်ကို မိခင်ဖြစ်သူ နတေလီဝီဗာ မှ တွစ်တာကို အရေးယူရန် တင်ပြခဲ့သည်။ သို့သော် ကြော်ငြာများမှာ တွစ်တာ၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းမရှိဟု ကောက်ချက်ချ၍ တွစ်တာမှ အရေးယူခြင်းမပြုခဲ့ပေ။ နတေလီမှာ စိတ်သောကရောက်ကာ ထောက်ပံ့သူတချို့နှင့် ဒုတိယအကြိမ် တွစ်တာကို အရေးယူရန် ထပ်မံတင်ပြမှသာ တွစ်တာမှ အရေးယူခဲ့သည်။ ပထမအကြိမ်အမှားအတွက်လည်း တွစ်တာမှ နတေလီအား တောင်းပန်ထားခဲ့သည်။

လူအချင်းချင်း ခွဲခြားဆက်ဆက်ခြင်းသည် တချိနေရာတွင်လက်ခံနိုင်ဖွယ်ရှိသော်လည်း မသန်စွမ်းသူ ကိုယ်လက်အင်္ဂါချို့တဲ့သူများကို လှောင်ပြောင်ခွဲခြားခြင်းသည် စိတ်ဓာတ်နှင့်ဆိုင်သောအမှား (moral crime) ဖြစ်ပါတယ်။ ။

SHARE FROM ပြောချင်လွန်းလို့ 
ကေလးဖ်က္ခ်ဖို့တိုက္တြန္းထားတဲ့ေၾကာ္ျငာမွာ သမီးျဖစ္သူ၏ပံုကို အသံုးျပဳခဲ့ျခင္းေၾကာင့္ မိခင္ျဖစ္သူရဲ့တံု႔ျပန္မႈ ကေလးဖ်က္ခ်ဖို့တိုက္တြန္းထားတဲ့ေၾကာ္ျငာမွာ သမီးျဖစ္သူ၏ပံုကို အသံုးျပဳခဲ့ျခင္းေၾကာင့္ မိခင္ျဖစ္သူရဲ့တံု႔ျပန္မႈ Reviewed by Unknown on February 12, 2018 Rating: 5

No comments:

Powered by Blogger.