မိန္းကေလးေတြဟာ နဂိုကတည္းက အရမး္ကို အေသးစိတ္ျပီး ေတြးေခၚပံု၊ စဥ္းစားပံုကအစ အေသးစိတ္က်ပါတယ္။ ဒီလိုမိန္းကေလးေတြက အရမး္ခ်စ္ရတဲ့ ခ်စ္သူတစ္ေယာက္ကိုရထားတ့ဲအခါမွာေတာ့ ဘယ္သူမွေတာင္ စဥ္းစာမိမွာ မဟုတ္တဲ့ ေပါက္ေပါက္ရွာရွာ အေတြးေတြကို ေတြးလာတတ္ၾကပါတယ္။ ဒီလိုအေတြးေတြကပဲ သူတုိ႔ကို ေပ်ာ္ေစသလုိ တစ္ခါတေလ ဒီလိုအေတြးေတြကပဲ သူတို႔ကို စိတ္ညစ္ေစျပန္ပါတယ္။ တကယ္လို႔ သင့္ေကာင္မေလးဟာ ခုေဖာ္ျပမယ့္ အခ်က္ေတြနဲ႔ ကိုက္ညီေနရင္ေတာ့ သင့္ကို အရမး္ခ်စ္လို႔ပါ။
(၁) ဖုန္းမကိုင္တဲ့အခါ
ခ်စ္သူဖုန္းမကိုင္တဲ့အခါ မိန္းကေလးေတြအတြက္ေတာ့ ကမၻာပ်က္သလိုပါပဲ။ အၾကိမ္ၾကိမ္ဆက္ေပမယ့္ လံုးဝမကိုင္တာ၊ ဒါမွမဟုတ္ စက္ပိတ္ထားတဲ့အခါ၊ ဆက္သြယ္မႈဧရိယာျပင္ပေရာက္တဲ့အခါေတြမွာ မိန္းကေလးေတြက ေပါက္ေပါက္ရွာရွာအေတြးေတြကို စေတြးပါေတာ့တယ္။ ခ်စ္သူကို လူဆိုးေတြကမ်ားဖမ္းသြားသလား၊ ဒါမွမဟုတ္ ေသမ်ားေသသြားတာလားလို႔ေတြးျပီး အရူးမီးဝိုင္းျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ သင့္ဖုန္းမွာ ခ်စ္သူဆီက miss call ေတြအမ်ားၾကီးေတြ႕ရင္ေတာ့ သူေတာ္ေတာ္စိတ္ပူေနတယ္ဆိုတာကို သင္သိထားလိုက္ပါ။
(၂) အေအာ္ခံရတဲ့အခါ
ခ်စ္သူက ေအာ္လိုက္တဲ့အခ်ိန္မွာ မိန္းကေလးေတြအတြက္ကေတာ့ ရင္ထဲကို ျမွားအေခ်ာင္း ၁၀၀ ေလာက္တစ္ျပိဳင္တည္း စိုက္သြားသလို ခံစားရပါတယ္။ ဒီိလိုအခ်ိန္မွာ မိန္းကေလးေတြေတြးတာက ခ်စ္သူက သူ႔ကို မခ်စ္ေတာ့ဘူး၊ တန္ဖိုးမထားေတာ့ဘူးဆိုျပီး ေတြးတတ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ခ်စ္သူက အသစ္ေတြ႕သြားလို႔ သူ႕ကို စိတ္မရွည္ေတာ့တာဆိုျပီး ေတြးတတ္ပါတယ္။ အဲဒီ့အေတြးေတြက သူတုိ႔ကို အရမး္နာက်င္ေစတာေၾကာင့္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက သူတုိ႔ကို ေအာ္တာကို မၾကိဳက္တာပါ။
(၃) စမ္းသပ္တာမေအာင္ျမင္တဲ့အခါမွာ
မိနး္ကေလးေတြဟာ ခ်စ္သူကို အျမဲတမ္း စမ္းသပ္ေနၾကတဲ့သူေတြျဖစ္ပါတယ္။ ခ်စ္သူက ကိုယ့္ကို စိတ္ရွည္ရွည္နဲ႔ ေခ်ာ႔ရဲ႕လား၊ ကိုယ့္ကိုအေလွ်ာ့ေပးရဲ႕လား၊ အရင္ေလာက္ခ်စ္ေသးရဲ႕လား၊ ဘာေတြေျပာင္းလဲသြားလဲဆိုတာကို အျမဲတမ္း အကဲခတ္ေနတတ္တဲ့ သူေတြျဖစ္ပါတယ္။ သူတို႔ကအဲလို စမ္းသပ္ခ်င္လို႔ တမင္ဆိုးၾကတဲ့အခါေတြ ရွိပါတယ္။ အဲလို အခ်ိန္မွာ ခ်စ္သူက စိတ္မရွည္တဲ့အခါ၊ စမ္းသပ္တာမေအာင္ျမင္တဲ့အခါ အရမး္ေတြ ဝမ္းနည္းသြားၾကရပါတယ္။ အေၾကာင္းကေတာ့ သူတုိ႔ကို ခ်စ္သူက အခ်စ္ေလ်ာ႔သြားျပီလို႔ ထင္သြားလို႔ပါ။
(၄) ခ်စ္သူကိုၾကည့္လိုက္တဲ့အခါတိုင္းမွာ
ခ်စ္သူကိုအရမ္းခ်စ္တဲ့မိန္းကေလးေတြမွာ ထူးျခားတဲ့ အျမင္တစ္ခုရွိပါတယ္။ အဲဒါကေတာ့ ခ်စ္သူကို ေသေသခ်ာခ်ာ ျပင္ဆင္လိုက္ရင္ ဘယ္မင္းသားနဲ႔မဆိုယွဥ္ႏိုင္တဲ့ ရုပ္မ်ိဳးလို႔ထင္ၾကတာပါပဲ။ သူတို႔မ်က္လံုးထဲမွာ ခ်စ္သူကို အရမး္ေခ်ာတယ္လို႔ျမင္ျပီး ခ်စ္သူကို တျခားေကာင္မေလးေတြ ၾကိဳက္သြားမွာကို ၾကိတ္ျပီးပူပန္ေနတတ္ပါတယ္။ အမွန္တကယ္ကေတာ့ သူတုိ႔ခ်စ္သူက သူတုိ႔မ်က္လံုးထဲမွာပဲလွျပီး က်န္တဲ့သူေတြက သူတုိ႔ရွိေနမွန္းေတာင္ မသိၾကပါဘူး။
(၅) ခ်စ္သူကအရမ္းဂရုစိုက္တဲ့အခ်ိန္ေတြမွာ
ခ်စ္သူကို အရမး္ခ်စ္တဲ့မိန္းကေလးေတြဟာ ခ်စ္သူဆီကဂရုစိုက္မႈေတြ အမ်ားၾကီးရတဲ့အခ်ိန္ေတြက်ရင္ သူတုိ႔ေလာက္ ကံေကာင္းတဲ့သူ ဘယ္သူမွမရွိေတာ့ဘူးလို႔ ထင္တတ္ၾကပါတယ္။ ဒီလိုခ်စ္သူမ်ိဳးကိုရထားတာ အရမ္းကိုကံေကာင္းတာပဲလို႔ ေတြးေနတတ္ၾကပါတယ္။ ဒီလိုအခ်ိန္ဆို ခ်စ္သူရဲ႕ အျပစ္ေတြအားလံုးကို ျပည္ဖံုးကားခ်လိုက္ၾကပါတယ္။
SHARE FROM Em Em (Shwemom)
ချစ်သူကို အရမ်းချစ်တဲ့ မိန်းကလေးတွေပဲ တွေးတတ်တဲ့ ပေါက်ပေါက်ရှာရှာအတွေးများ
မိန်းကလေးတွေဟာ နဂိုကတည်းက အရမး်ကို အသေးစိတ်ပြီး တွေးခေါ်ပုံ၊ စဉ်းစားပုံကအစ အသေးစိတ်ကျပါတယ်။ ဒီလိုမိန်းကလေးတွေက အရမး်ချစ်ရတဲ့ ချစ်သူတစ်ယောက်ကိုရထားတ့ဲအခါမှာတော့ ဘယ်သူမှတောင် စဉ်းစာမိမှာ မဟုတ်တဲ့ ပေါက်ပေါက်ရှာရှာ အတွေးတွေကို တွေးလာတတ်ကြပါတယ်။ ဒီလိုအတွေးတွေကပဲ သူတို့ကို ပျော်စေသလို တစ်ခါတလေ ဒီလိုအတွေးတွေကပဲ သူတို့ကို စိတ်ညစ်စေပြန်ပါတယ်။ တကယ်လို့ သင့်ကောင်မလေးဟာ ခုဖော်ပြမယ့် အချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင့်ကို အရမး်ချစ်လို့ပါ။
(၁) ဖုန်းမကိုင်တဲ့အခါ
ချစ်သူဖုန်းမကိုင်တဲ့အခါ မိန်းကလေးတွေအတွက်တော့ ကမ်ဘာပျက်သလိုပါပဲ။ အကြိမ်ကြိမ်ဆက်ပေမယ့် လုံးဝမကိုင်တာ၊ ဒါမှမဟုတ် စက်ပိတ်ထားတဲ့အခါ၊ ဆက်သွယ်မှုဧရိယာပြင်ပရောက်တဲ့အခါတွေမှာ မိန်းကလေးတွေက ပေါက်ပေါက်ရှာရှာအတွေးတွေကို စတွေးပါတော့တယ်။ ချစ်သူကို လူဆိုးတွေကများဖမ်းသွားသလား၊ ဒါမှမဟုတ် သေများသေသွားတာလားလို့တွေးပြီး အရူးမီးဝိုင်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သင့်ဖုန်းမှာ ချစ်သူဆီက miss call တွေအများကြီးတွေ့ရင်တော့ သူတော်တော်စိတ်ပူနေတယ်ဆိုတာကို သင်သိထားလိုက်ပါ။
(၂) အအော်ခံရတဲ့အခါ
ချစ်သူက အော်လိုက်တဲ့အချိန်မှာ မိန်းကလေးတွေအတွက်ကတော့ ရင်ထဲကို မြှားအချောင်း ၁၀၀ လောက်တစ်ပြိုင်တည်း စိုက်သွားသလို ခံစားရပါတယ်။ ဒီိလိုအချိန်မှာ မိန်းကလေးတွေတွေးတာက ချစ်သူက သူ့ကို မချစ်တော့ဘူး၊ တန်ဖိုးမထားတော့ဘူးဆိုပြီး တွေးတတ်ပါတယ်။ နောက်တစ်ခုကတော့ ချစ်သူက အသစ်တွေ့သွားလို့ သူ့ကို စိတ်မရှည်တော့တာဆိုပြီး တွေးတတ်ပါတယ်။ အဲဒီ့အတွေးတွေက သူတို့ကို အရမး်နာကျင်စေတာကြောင့် မိန်းကလေးတော်တော်များများက သူတို့ကို အော်တာကို မကြိုက်တာပါ။
(၃) စမ်းသပ်တာမအောင်မြင်တဲ့အခါမှာ
မိနး်ကလေးတွေဟာ ချစ်သူကို အမြဲတမ်း စမ်းသပ်နေကြတဲ့သူတွေဖြစ်ပါတယ်။ ချစ်သူက ကိုယ့်ကို စိတ်ရှည်ရှည်နဲ့ ချော့ရဲ့လား၊ ကိုယ့်ကိုအလျှော့ပေးရဲ့လား၊ အရင်လောက်ချစ်သေးရဲ့လား၊ ဘာတွေပြောင်းလဲသွားလဲဆိုတာကို အမြဲတမ်း အကဲခတ်နေတတ်တဲ့ သူတွေဖြစ်ပါတယ်။ သူတို့ကအဲလို စမ်းသပ်ချင်လို့ တမင်ဆိုးကြတဲ့အခါတွေ ရှိပါတယ်။ အဲလို အချိန်မှာ ချစ်သူက စိတ်မရှည်တဲ့အခါ၊ စမ်းသပ်တာမအောင်မြင်တဲ့အခါ အရမး်တွေ ဝမ်းနည်းသွားကြရပါတယ်။ အကြောင်းကတော့ သူတို့ကို ချစ်သူက အချစ်လျော့သွားပြီလို့ ထင်သွားလို့ပါ။
(၄) ချစ်သူကိုကြည့်လိုက်တဲ့အခါတိုင်းမှာ
ချစ်သူကိုအရမ်းချစ်တဲ့မိန်းကလေးတွေမှာ ထူးခြားတဲ့ အမြင်တစ်ခုရှိပါတယ်။ အဲဒါကတော့ ချစ်သူကို သေသေချာချာ ပြင်ဆင်လိုက်ရင် ဘယ်မင်းသားနဲ့မဆိုယှဉ်နိုင်တဲ့ ရုပ်မျိုးလို့ထင်ကြတာပါပဲ။ သူတို့မျက်လုံးထဲမှာ ချစ်သူကို အရမး်ချောတယ်လို့မြင်ပြီး ချစ်သူကို တခြားကောင်မလေးတွေ ကြိုက်သွားမှာကို ကြိတ်ပြီးပူပန်နေတတ်ပါတယ်။ အမှန်တကယ်ကတော့ သူတို့ချစ်သူက သူတို့မျက်လုံးထဲမှာပဲလှပြီး ကျန်တဲ့သူတွေက သူတို့ရှိနေမှန်းတောင် မသိကြပါဘူး။
(၅) ချစ်သူကအရမ်းဂရုစိုက်တဲ့အချိန်တွေမှာ
ချစ်သူကို အရမး်ချစ်တဲ့မိန်းကလေးတွေဟာ ချစ်သူဆီကဂရုစိုက်မှုတွေ အများကြီးရတဲ့အချိန်တွေကျရင် သူတို့လောက် ကံကောင်းတဲ့သူ ဘယ်သူမှမရှိတော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒီလိုချစ်သူမျိုးကိုရထားတာ အရမ်းကိုကံကောင်းတာပဲလို့ တွေးနေတတ်ကြပါတယ်။ ဒီလိုအချိန်ဆို ချစ်သူရဲ့ အပြစ်တွေအားလုံးကို ပြည်ဖုံးကားချလိုက်ကြပါတယ်။
SHARE FROM Em Em (Shwemom)
ခ်စ္သူကို အရမ္းခ်စ္တဲ့ မိန္းကေလးေတြပဲ ေတြးတတ္တဲ့ ေပါက္ေပါက္ရွာရွာအေတြးမ်ား
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment