ရုပ်ရည်အရမ်းလှပေမယ့် အနုပညာလောကမှာ အောင်မြင်မှု မရခဲ့တဲ့ ဘောလီးဝုဒ် ဆယ်လီဘရစ်တီ များ



Bollywood မင်းသမီးတွေက ရုပ်ရည်ရော၊ သရုပ်ဆောင် စွမ်းရည်ပါ တော်တဲ့ ဆယ်လီဘရစ်တီတွေ အဖြစ် ကမ္ဘာ့ရုပ်ရှင်လောကမှာ ကျော်ကြားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်လှတိုင်း၊ သရုပ်ဆောင် တော်တိုင်း အောင်မြင်မှု မရနိုင်ပါဘူး။ Bollywood မှာလည်း ရုပ်ရည် အရမ်းလှတဲ့သူ ဖြစ်ပေမယ့် သရုပ်ဆောင် လောကမှာ အောင်မြင်မှု မရခဲ့တဲ့ ဆယ်လီဘရစ်တီတွေ ရှိပါတယ်။ ဆယ်လီဘရစ်တီတွေထဲ က နာမည်ကြီး ရုပ်ရှင်အချို့မှာ သရုပ်ဆောင် လုပ်ခဲ့ပေမယ် ပရိသတ်တွေရဲ့ အားပေးမှု မရခဲ့တဲ့ ရုပ်အလှဆုံး မင်းသမီး ၁၀ ယောက် ကို ဖော်ပြထားပါတယ်။

Riya Sen



Riya Sen က music video တွေ အများကြီးမှာ သရုပ်ဆောင်လုပ်ခဲ့ပြီး Bollywood ဇာတ်ကား Style ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ပါတယ်။ Jhankar Beats, Hinglish နဲ့ Shaadi No.1 ဆိုတဲ့ ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး အလှူအတန်းတွေ အတွက် ရံပုံငွေ ရှာတဲ့နေရာတွေမှာလည်း အားတက်သရော ပါဝင်တဲ့ မင်းသမီး ဖြစ်ပါတယ်။ အခြား ရုပ်ရှင် ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို မရခဲ့ပါဘူး။

Soha Ali Khan



Soha Ali Khan ရဲ့ အမေဟာ မင်းသမီး Sharmila Tagore က Bollywood မှာ အောင်မြင်မှု ရတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပေမယ့် Soha အနေနဲ့ ပရိသတ် အားပေးမှု မရခဲ့ပါဘူး။ Soha က သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကား Dil Maange More မှာ Shahid Kapoor နဲ့ ဇာတ်ပြိုင် နေရာမှာ သရုပ်ဆောင်ခွင့် ရခဲ့ပြီး Rang De Basanti နဲ့ Tum Mile ဇာတ်ကားတွေမှာလည်း သရုပ်ဆောင် လုပ်ခဲ့ပါတယ်။ Soha က လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးနေဆဲ ဖြစ်ပေမယ့် ကျော်ကြားမှု မရခဲ့ပါဘူး။

Celina Jaitly



Celina Jaitly က Miss India 2001 ဖြစ်ပြီး Miss Universe မှာလည်း အဆင့် ၅ ရခဲ့တဲ့ ရုပ်ရည် အရမ်းလှတဲ့သူ ဖြစ်ပါတယ်။ Jaitly က No Entry, Tom Dick and Harry နဲ့ Golmaal Returns စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ မှာ သရုပ်ဆောင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှု အများကြီး မရခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။

Genelia D'Souza



အရမ်းလှတဲ့ မင်းသမီး လို့ ပရိသတ် အများစု တင်စားခံရတဲ့ Genelia D'Souza က သရုပ်ဆောင် အလုပ်မှာ ပရိသတ် ရဲ့ အားပေးမှု မရခဲ့ပါဘူး။ Genelia က Tujhe Meri Kasam ဇာတ်ကားမှာ Ritesh Deshmukh နဲ့ အပြိုင် သရုပ်ဆောင်ပြီး Bollywood ကို ရောက်လာတာ ဖြစ်ပါတယ်။ အခြား Telugu ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပြီး Jaane Tu…Ya Jaane na.. ရုပ်ရှင်မှာ Imran Khan နဲ့ သရုပ်ဆောင်ခဲ့တာက အရမ်းကို ပရိသတ်တွေ ကြိုက်တဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ Genelia က Bollywood ရုပ်ရှင်တွေမှာ အောင်မြင်မှု မရခဲ့ပဲ သရုပ်ဆောင် လုပ်တဲ့ အချိန်မှာလည်း ဝေဖန်မှု အများအပြားနဲ့ ကြုံခဲ့ရပါတယ်။

Esha Deol



မိသားစုက အနုပညာ လောက က သူတွေ ဖြစ်ပေမယ့် Esha Deol က Bollywood မှာ အောင်မြင်မှု အများကြီး မရခဲ့ပါဘူး။ Koi Mere Dil Se Poochhe ဆိုတဲ့ ရုပ်ရှင်မှာ စသရုပ်ဆောင်ခဲ့ပြီး Best Debutant Female ဆု အတွက် တစ်ကြိုပေး ခံရတဲ့ သူ ဖြစ်ပါတယ်။ LOC Kargil, Dhoom, Insan, Kaal, No Entry နဲ့ Main Aisa Hi Hoon စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း Deol က ပရိသတ် အားပေးမှု အများကြီး မရခဲ့ပါဘူး။

Minissha Lamba



Minissha Lamba က Bollywood ကို Yahaan ရုပ်ရှင်ကားမှာ သရုပ်ဆောင် လုပ်ပြီး ဝင်လာတာ ဖြစ်ပြီး Bachna Ae Haseeno, Well Done Abba နဲ့ Bheja Fry 2 စတဲ့ ဇာတ်ကားတွေမှာလည်း သရုပ်ဆောင် လုပ်ခဲ့ပါတယ်။ ဇာတ်ကားတွေ အများကြီး သရုပ်ဆောင်ခဲ့ပေမယ့်လည်း Lamba က လူသိများတဲ့ သရုပ်ဆောင် မဖြစ်ခဲ့ပါဘူး။

Ayesha Takia Azmi



အရမ်းလှတဲ့ Ayesha Takia Azmi က Tarzan: The Wonder Car against Vatsal Seth ဇာတ်ကားနဲ့ Bollywood ရုပ်ရှင်လောကကို ရောက်လာတာဖြစ်ပါတယ်။ Takia က အဲ့ဇာတ်ကားနဲ့ Best Debutant ဆုကို ရခဲ့ပြီး Dor ရုပ်ရှင်နဲ့လည်း Best Actress ဆုကို ရခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Prabhudeva ရဲ့ Wanted ရုပ်ရှင်မှာ Salman Khan နဲ့ သရုပ်ဆောင်ခဲ့ပြီး အရမ်းကို လူသိများတဲ့ သရုပ်ဆောင် ဖြစ်ခဲ့ပါတယ်။ Takia က အရမ်းလှတဲ့သူ အဖြစ် ပရိသတ်တွေက အားပေမယ့်လည်း Bollywood မှာ အချိန်တိုပဲ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။

Ameesha Patel



Ameesha Patel က Bollywood မှာ အရမ်းလှတဲ့ မင်းသမီး တစ်ယောက် အဖြစ် ကျော်ကြားပြီး Hrithik Roshan နဲ့ သရုပ်ဆောင်ခဲ့တဲ့ Kaho Naa Pyar Hai ရုပ်ရှင်နဲ့လည်း ပရိသတ်တွေ အားပေးမှု ရခဲ့တဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။ Akshaye Khanna, Bobby Deol တို့နဲ့ Ameesha တို့ သရုပ်ဆောင်ထားတဲ့ Humraaz ရုပ်ရှင်ကားမှာ Ameesha က Best Actress ဆု အတွက် တစ်ကြိုပေးခြင်း ခံခဲ့ရပါတယ်။ Ameesha က သရုပ်ဆောင်တဲ့ ဇာတ်ကား အများစုမှာ ပရိသတ် အားပေးမှု ရခဲ့ပေမယ့် အနိမ့်၊အမြင့် အများကြီး နဲ့ အနုပညာ အလုပ်တွေ လုပ်နေရတဲ့ မင်းသမီး ဖြစ်ပါတယ်။

Preity Zinta



Kal Ho Naa Ho, Veer Zaara, Dil Chahta Hai, Salaam Namaste ရုပ်ရှင် ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ Preity Zinta က အနုပညာ လောကမှာ အချိန်တိုပဲ အလုပ်လုပ်ခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။ Dil Se and Soldier ရုပ်ရှင်ဇာတ်ကားနဲ့ best Female Debut ဆိုကို ရခဲ့ပြီး အနုပညာ အလုပ်တွေ လုပ်ဖို့ လုပ်ခဲ့ပြီး Ishq in Paris ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကို ရိုက်ခဲ့ပါတယ်။ အဲ့ဇာတ်ကားမှာ ထင်သလောက် Zinta က အောင်မြင်မှု မရခဲ့ပါဘူး။

Shruti Hassan



Shruti Hassan​ ကလည်း Bollywood မှာ အရမ်းလှတဲ့ မင်းသမီး အဖြစ် နာမည်ကြီးပေမယ့် သရုပ်ဆောင် လောကမှာ အောင်မြင်မှု အရနည်းခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။ Rocky Handsome နဲ့ Ramayya Vasthavayya စတဲ့ နာမည်ကြီး ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး အဆိုတော်လည်း လုပ်ခဲ့ပါတယ်။ 
 
SHARE FROM Zan(Momolay)
ရုပ်ရည်အရမ်းလှပေမယ့် အနုပညာလောကမှာ အောင်မြင်မှု မရခဲ့တဲ့ ဘောလီးဝုဒ် ဆယ်လီဘရစ်တီ များ ရုပ်ရည်အရမ်းလှပေမယ့် အနုပညာလောကမှာ အောင်မြင်မှု မရခဲ့တဲ့ ဘောလီးဝုဒ် ဆယ်လီဘရစ်တီ များ Reviewed by Unknown on February 17, 2018 Rating: 5

No comments:

Powered by Blogger.