အသက်ခုနစ်နှစ်အရွယ် ပါကစ္စတန်မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ခဲ့သူအား သေဒဏ်လေးကြိမ်ချမှတ်



နေအိမ်မှပျောက်ဆုံးသွားပြီးနောက် အလောင်းကို အမှိုက်ပုံတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။ပါကစ္စတန်နိုင်ငံမှာ အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့အသက် ၂၄ နှစ်အရွယ် အိုင်မ်ရင်အလီ အမည်ရှိ အမျိုးသားကို တရားရုံးက သေဒဏ်လေးကြိမ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

မုဒိမ်းကျင့်အသတ်ခံရသည့် ဇိုင်နက်ဘ်အန်ဆာရီ



ပါကစ္စတန်နိုင်ငံ Kasur မြို့မှာနေထိုင်တဲ့ ဇိုင်နက်ဘ်အန်ဆာရီ အမည်ရှိ မိန်းကလေးငယ်ဟာ ပြီးခဲ့တဲ့လအတွင်း မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဇိုင်နက်ဘ်ဟာ နေအိမ်မှပျောက်ဆုံးသွားပြီးနောက် ရက်အနည်းငယ်အကြာ ဇန်နဝါရီ ၉ ရက်က သူမရဲ့အလောင်းကို အမှိုက်ပုံတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

မိန်းကလေးငယ်ဟာ မုဒိမ်းကျင့်ပြီး လည်ပင်းညှစ်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ရာ ဒေသခံတွေကြား ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။

သေဒဏ်လေးကြိမ် ချမှတ်ခံရသည့် တရားခံ အိုင်မ်ရင်အလီ



မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုကို Kasur မြို့မှာ ဒေါသတကြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းများဖြစ်ကာ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ Kasur မြို့ဟာ ပန်ဂျပ်ပြည်နယ်မြို့တော် လာဟိုးတောင်ဘက် ၁၂ မိုင်အကွာမှာ တည်ရှိတဲ့မြို့ ဖြစ်ပါတယ်။

ပါကစ္စတန်တရားရုံးက ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) စီရင်ချမှတ်တဲ့ တရားခွင်ကို မုဒိမ်းကျင့်အသတ်ခံတဲ့ မိန်းကလေးငယ်ရဲ့ဖခင် လာရောက်ခဲ့ကြောင်းနဲ့ တရားရုံမှာ လုံခြုံရေးထူထပ်စွာ ချထားခဲ့ကြောင်း သိရပါတယ်။ အလီကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ လူသတ်မှုနဲ့ အကြမ်းဖက်မှုတို့ဖြင့် သေဒဏ်လေးကြိမ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အြ့ပင် ဓမ္မတာနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုဖြင့် ထောင်ဒဏ်တစ်သက်နဲ့ အလွန်များပြားတဲ့ ဒဏ်ငွေလည်း ချမှတ်ခဲ့ကြောင်း သိရပါတယ်။

ဇိုင်နက်ဘ်ကို ခေါ်ဆောင်သွားသည့် CCTV မှတ်တမ်းပုံရိပ်



ဇိုင်နက်ဘ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားအလီဟာ အခင်းဖြစ်ရာ နယ်မြေအတွင်း အခြား မိန်းကလေးတွေ အသတ်ခံရမှုများနဲ့လည်း ဆက်စပ်နေကြောင်း ရဲတပ်ဖွဲ့နဲ့ ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်တို့က ပြောထားပါတယ်။ ၎င်းဟာ အနည်းဆုံး လွန်ခဲ့တဲ့ တစ်နှစ်အတွင်း အမှုများကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အလီရဲ့အမှုကို စစ်ဆေးရောမှာ ဒါဇင်နဲ့ချီတဲ့ မျက်မြင်သက်သေတွေက တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ကြပြီး DNA စစ်ဆေးမှုနဲ့ မုသားဖော်စက် အပါအဝင် မူခင်းဆေးပညာဆိုင်ရာ သက်သက် အထောက်အထား စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့က အလီကို ဇန်နဝါရီလ နှောင်းပိုင်းမှာ ဖမ်းဆီးရမိခဲ့ပြီးနောက် ဇိုင်နက်ဘ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အလီက မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပြီးနောက် ၎င်းရဲ့ရှေ့နေက အမှုကိစ္စ လိုက်ပါဆောင်ရွက်ခြင်း ရုပ်သိမ်းခဲ့ပါတယ်။





အလီကို ဖမ်းဆီးရမိစဉ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲရာမှာလည်း Kasur မြို့မှာ ဖြစ်ပွားခဲ့တဲ့ အခင်းဖြစ်နေရာမှ နမူနာတွေနဲ့ ၎င်းရဲ့ DNA လည်း ကိုက်ညီခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်က ပြောခဲ့ပါတယ်။

မိန်းကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကို Kasur မြို့အပြင် ပါကစ္စတန်ရှိ အခြား ဒေသတွေမှာလည်း ပြည်သူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။

ဇိုင်နက်ဘ် ပျောက်ဆုံးသွားခဲ့စဉ်က ရဲတပ်ဖွဲ့ထံ လူပျောက်တိုင်ကြားခဲ့ပေမဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ သူမရဲ့ မိသားစုက ပြောထားပါတယ်။

ဇိုင်နက်ဘ်ရဲ့ ဆွေမျိုးသားချင်းတွေက မိန်းကလေးငယ်ရဲ့ ပျောက်ဆုံးမသွားမီ နောက်ဆုံးမြင်ကွင်းပါဝင်တဲ့ CCTV မှတ်တမ်းကို ရယူနိုင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကတော့ အဆိုပါ CCTV မှတ်တမ်းကိုပင် ရယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

CCTV မှတ်တမ်းဗီဒီယိုအရ မိန်းကလေးငယ်ကို အမျိုးသားတစ်ဦးက သူမ ပျောက်ဆုံးသွားခဲ့တဲ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းမှာ လက်ဆွဲခေါ်ဆောင်သွားခဲ့တာ တွေ့ခဲ့ရပြီး အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။

ဇိုင်နက်ဘ်ဖြစ်ရပ်အပေါ် ဆိုရှယ်မီဒီယာမှာလည်း ဒေါသတကြီး တုံ့ပြန်မှုတွေရှိခဲ့ပြီး hashtag #JusticeforZainab ဟာ ကမ္ဘာတစ်ဝှမ်း ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ ပြောဆိုမှုအများဆုံး အကြောင်းအရာလည်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။

SHARE FROM DUWUN 
အသက်ခုနစ်နှစ်အရွယ် ပါကစ္စတန်မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ခဲ့သူအား သေဒဏ်လေးကြိမ်ချမှတ် အသက်ခုနစ်နှစ်အရွယ် ပါကစ္စတန်မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ခဲ့သူအား သေဒဏ်လေးကြိမ်ချမှတ် Reviewed by Unknown on February 17, 2018 Rating: 5

No comments:

Powered by Blogger.