ေသဒဏ္ေပးခံရဖို႔မ်ားတဲ့ ဗယ္လင္တိုင္းေဒး လူသတ္သမား



ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ဗယ္လင္တိုင္းေဒးမွာ နီကိုလပ္စ္ ခရုဇ္(၁၉ ႏွစ္)ဟာ တကၠစီကို စီးၿပီး သူ႔ကို ထုတ္ပယ္ခဲ့တဲ့ Parkland မွာရွိတဲ့ Marjory Stoneman Douglas အထက္တန္းေက်ာင္းကို ေရာက္လာပါတယ္။ ေရာက္ေရာက္ခ်င္းပဲ အိတ္ထဲမွာ အသင့္ပါလာတဲ့ AR-15 ရိုင္ဖယ္ေသနတ္နဲ႔ ျမင္ျမင္သမွ်ကို ပစ္ခတ္ပါေတာ့တယ္။ ဒီေသနတ္ဟာ ခရုဇ္ကိုယ္တိုင္ ၂၀၁၇  ေဖေဖာ္၀ါရီလက တရား၀င္၀ယ္ယူထားတဲ့ ေသနတ္ပါ။ စိတ္ႀကိဳက္ပစ္ခတ္ၿပီးခ်ိန္မွာေတာ့ ခရုဇ္ဟာ ေသနတ္နဲ႔ သူရဲ႕က်ည္ကာအက်ီ ၤေတြကို လႊင့္ပစ္လိုက္ၿပီး ထြက္ေျပးေနတဲ့ ေက်ာင္းသားေတြၾကားမွာ ကိုယ္ေယာင္ေဖ်ာက္ကာ ေက်ာင္း၀င္းထဲကေန ထြက္လာပါတယ္။

အဲဒီေနာက္ Walmart စတိုးေအာက္က  Subway စားေသာက္ဆိုင္မွာ အေအး၀င္ေသာက္ၿပီး McDonald ဆိုင္ေတာင္ ထိုင္လိုက္ပါေသးတယ္။ အဲဒီေနာက္ မွာေတာ့ ေအးေအးသက္သာ လမ္းေလွ်ာက္ေနတဲ့ ခရုဇ္ကို ရဲတစ္ေယာက္ကေတြ႔ၿပီး ဖမ္းဆီးလိုက္ပါတယ္။

ဒီအေၾကာင္းေတြကိုေတာ့ အေမရိကန္တစ္ႏုိင္ငံလံုး အထိတ္တလန္႔ျဖစ္ပြားေစခဲ့တဲ့ လူသတ္မႈႀကီးကို က်ဴးလြန္သူ ခရုဇ္က တရားရံုးမွာ စစ္ေဆးခံေနစဥ္ ေျပာျပေနတာပါ။ ဒါ့အျပင္ တာ၀န္ရွိသူေတြကို သူသတ္ခဲ့တဲ့ လူ(၁၇)ေယာက္နဲ႔ ပတ္သတ္ၿပီးေတာ့လည္း ေဟာခန္းလမ္းမေပၚမွာရွိတဲ့လူေတြကို အရင္ပစ္ေၾကာင္း ၊ ၿပီးမွ စာသင္ခန္းေတြထဲကို တစ္ခန္း၀င္ တစ္ခန္းထြက္နဲ႕ ပစ္တာျဖစ္ေၾကာင္း ရွင္းျပလိုက္ပါေသးတယ္။







ဒီလိုဆိုးရြားလွတဲ့ လူသတ္မႈႀကီးကို က်ဴးလြန္ခဲ့တဲ့ ခရုဇ္ကို ဖေလာ္ရီဒါတရားရံုးက ေသဒဏ္ခ်မွတ္ဖြယ္ရွိေၾကာင္းလည္း သိရပါတယ္။ ဒါေပမယ့္ ခရုဇ္ရဲ႕ ေရွ႕ေန မယ္လီစာမက္ေနးလ္ကေတာ့ အခုလို ကာကြယ္ေျပာၾကားၿပီး ျပစ္ဒဏ္ကို ေလ်ာ႔ေစဖို႔ ႀကိဳးစားခဲ့ပါတယ္။ “ခရုဇ္ဟာ သူလုပ္ခဲ့တဲ့ အမွားအတြက္  ေနာင္တရေနၿပီျဖစ္ေၾကာင္း ၊ သူ႔ကိုယ္သူ သတ္မေသေစဖို႔အတြက္လည္း ေစာင့္ၾကည့္ေနရေၾကာင္း ၊ သူဟာ ၀မ္းနည္းေနေၾကာင္း” ေျပာၾကားခဲ့ပါတယ္။ ဆက္ၿပီးေတာ့လည္း မယ္လီစာက ခရုဇ္ဟာ ဥာဏ္ရည္မမွီတဲ့ေရာဂါ ၊ စိတ္က်ေရာဂါေတြကို ခံစားေနရသူတစ္ဦးျဖစ္ၿပီး အသက္ဆံုးရံႈးခဲ့တဲ့ ကေလးတိုင္းရဲ႕ မိဘေတြနဲ႔ ေတြ႕ဆံုဖို႔ ႀကိဳးစားကာ ရွင္းျပသြားဦမယ္လို႔လည္း ဆိုပါတယ္။

ရံုးတင္စစ္ေဆးေနဆဲ ဒီအမႈဟာ အၿပီးသတ္ဆံုးျဖတ္ခ်က္ခ်ဖို႔ ၾကာဦးမွာျဖစ္ေပမယ့္ အစိုးရေရွ႕ေနေတြကေတာ့ ခရုဇ္ကို ေသဒဏ္ေပးဖို႔အတြက္သာ ေမွွွ်ာ္လင့္ေနေၾကာင္း သိရွိရပါတယ္။

SHARE FROM SHWEMOM

သေဒဏ်ပေးခံရဖို့များတဲ့ ဗယ်လင်တိုင်းဒေး လူသတ်သမား

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဗယ်လင်တိုင်းဒေးမှာ နီကိုလပ်စ် ခရုဇ်(၁၉ နှစ်)ဟာ တက္ကစီကို စီးပြီး သူ့ကို ထုတ်ပယ်ခဲ့တဲ့ Parkland မှာရှိတဲ့ Marjory Stoneman Douglas အထက်တန်းကျောင်းကို ရောက်လာပါတယ်။ ရောက်ရောက်ချင်းပဲ အိတ်ထဲမှာ အသင့်ပါလာတဲ့ AR-15 ရိုင်ဖယ်သေနတ်နဲ့ မြင်မြင်သမျှကို ပစ်ခတ်ပါတော့တယ်။ ဒီသေနတ်ဟာ ခရုဇ်ကိုယ်တိုင် ၂၀၁၇ ဖေဖော်ဝါရီလက တရား၀င်၀ယ်ယူထားတဲ့ သေနတ်ပါ။ စိတ်ကြိုက်ပစ်ခတ်ပြီးချိန်မှာတော့ ခရုဇ်ဟာ သေနတ်နဲ့ သူရဲ့ကျည်ကာအကျီ ၤတွေကို လွှင့်ပစ်လိုက်ပြီး ထွက်ပြေးနေတဲ့ ကျောင်းသားတွေကြားမှာ ကိုယ်ယောင်ဖျောက်ကာ ကျောင်း၀င်းထဲကနေ ထွက်လာပါတယ်။

အဲဒီနောက် Walmart စတိုးအောက်က Subway စားသောက်ဆိုင်မှာ အအေး၀င်သောက်ပြီး McDonald ဆိုင်တောင် ထိုင်လိုက်ပါသေးတယ်။ အဲဒီနောက် မှာတော့ အေးအေးသက်သာ လမ်းလျှောက်နေတဲ့ ခရုဇ်ကို ရဲတစ်ယောက်ကတွေ့ပြီး ဖမ်းဆီးလိုက်ပါတယ်။

ဒီအကြောင်းတွေကိုတော့ အမေရိကန်တစ်နိုင်ငံလုံး အထိတ်တလန့်ဖြစ်ပွားစေခဲ့တဲ့ လူသတ်မှုကြီးကို ကျူးလွန်သူ ခရုဇ်က တရားရုံးမှာ စစ်ဆေးခံနေစဉ် ပြောပြနေတာပါ။ ဒါ့အပြင် တာ၀န်ရှိသူတွေကို သူသတ်ခဲ့တဲ့ လူ(၁၇)ယောက်နဲ့ ပတ်သတ်ပြီးတော့လည်း ဟောခန်းလမ်းမပေါ်မှာရှိတဲ့လူတွေကို အရင်ပစ်ကြောင်း ၊ ပြီးမှ စာသင်ခန်းတွေထဲကို တစ်ခန်း၀င် တစ်ခန်းထွက်နဲ့ ပစ်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါသေးတယ်။

ဒီလိုဆိုးရွားလှတဲ့ လူသတ်မှုကြီးကို ကျူးလွန်ခဲ့တဲ့ ခရုဇ်ကို ဖလော်ရီဒါတရားရုံးက သေဒဏ်ချမှတ်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် ခရုဇ်ရဲ့ ရှေ့နေ မယ်လီစာမက်နေးလ်ကတော့ အခုလို ကာကွယ်ပြောကြားပြီး ပြစ်ဒဏ်ကို လျော့စေဖို့ ကြိုးစားခဲ့ပါတယ်။ “ခရုဇ်ဟာ သူလုပ်ခဲ့တဲ့ အမှားအတွက် နောင်တရနေပြီဖြစ်ကြောင်း ၊ သူ့ကိုယ်သူ သတ်မသေစေဖို့အတွက်လည်း စောင့်ကြည့်နေရကြောင်း ၊ သူဟာ ၀မ်းနည်းနေကြောင်း” ပြောကြားခဲ့ပါတယ်။ ဆက်ပြီးတော့လည်း မယ်လီစာက ခရုဇ်ဟာ ဉာဏ်ရည်မမှီတဲ့ရောဂါ ၊ စိတ်ကျရောဂါတွေကို ခံစားနေရသူတစ်ဦးဖြစ်ပြီး အသက်ဆုံးရံှုးခဲ့တဲ့ ကလေးတိုင်းရဲ့ မိဘတွေနဲ့ တွေ့ဆုံဖို့ ကြိုးစားကာ ရှင်းပြသွားဦမယ်လို့လည်း ဆိုပါတယ်။

ရုံးတင်စစ်ဆေးနေဆဲ ဒီအမှုဟာ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ကြာဦးမှာဖြစ်ပေမယ့် အစိုးရရှေ့နေတွေကတော့ ခရုဇ်ကို သေဒဏ်ပေးဖို့အတွက်သာ မှေှျှာ်လင့်နေကြောင်း သိရှိရပါတယ်။

SHARE FROM SHWEMOM
ေသဒဏ္ေပးခံရဖို႔မ်ားတဲ့ ဗယ္လင္တိုင္းေဒး လူသတ္သမား ေသဒဏ္ေပးခံရဖို႔မ်ားတဲ့ ဗယ္လင္တိုင္းေဒး လူသတ္သမား Reviewed by Unknown on February 16, 2018 Rating: 5

No comments:

Powered by Blogger.