
ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ဆလီနာဂိုးမက်ဇ် တို့စုံတွဲကတော့ နိုင်ငံတကာက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုများစွာရရှိနေတဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်ပါတယ်။


ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာကျရောက်ခဲ့တဲ့ ချစ်သူများနေ့ကို ကမ္ဘာတစ်လွှားက ဆယ်လီတွေတော်တော်များများ သက်ဆိုင်သူတွေကိုယ်စီနဲ့ဖြတ်သန်းခဲ့သလို  ဘီဘာ နဲ့ ဆလီနာကလည်း တစ်နေ့လုံး အတူတူရှိခဲ့ကြပါတယ်။






ဆလီနာနဲ့ VD မှာ အတူတူ ရှိခဲ့တဲ့ ဘီဘာ

ကမ်ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ဆလီနာဂိုးမက်ဇ် တို့စုံတွဲကတော့ နိုင်ငံတကာက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုများစွာရရှိနေတဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး ရှေ့သွားနောက်လိုက်ညီတဲ့ သူတို့စုံတွဲဟာ Baby သီချင်းလေးမှာအတူတူပါ၀င်ခဲ့ချိန်ကစပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ယနေ့ထိ ချစ်သက်တမ်းများစွာဖြတ်ကျော်လာခဲ့တာပါ။ သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားပြီးနောက်မှာ ပရိသတ်တွေကတော့ သူတို့အတူရှိနေတဲ့လှုပ်ရှားမှုပုံလေးတွေကို ပိုပြီး အာရုံစိုက်လာကြပါတယ်။

ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာကျရောက်ခဲ့တဲ့ ချစ်သူများနေ့ကို ကမ်ဘာတစ်လွှားက ဆယ်လီတွေတော်တေ်ာများများ သက်ဆိုင်သူတွေကိုယ်စီနဲ့ဖြတ်သန်းခဲ့သလို ဘီဘာ နဲ့ ဆလီနာကလည်း တစ်နေ့လုံး အတူတူရှိခဲ့ကြပါတယ်။

အသက်(၂၃)နှစ်အရွယ် ဘီဘာ နဲ့ အသက်(၂၅)နှစ်အရွယ် ချစ်သူ ဆလီနာ တို့ဟာ Valentine Day နေ့မှာ နှစ်ယောက်သား ဘုရားကျောင်းအတူတက်ခဲ့ပြီး Beverly Hills မှာ ညစာအတူတူထွက်စားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမတိုင်ခင်က ဆလီနာဟာ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ Coach New York Fashion Week ပွဲကို တက်ရောက်ခဲ့ပြီး ချစ်သူများနေ့မှာ သူမရဲ့ ဘဲဘဲ ဘီဘာနဲ့အတူတူဖြတ်သန်းဖို့ အားချင်းပဲ လော့အင်ဂျလိစ် ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက် ညစားအတူတူစားရင်း စကားတွေဖောင်ဖွဲ့ ကြည်နူးနေတဲ့ မြင်ကွင်းတွေကိုတော့ Just Jared သတင်းဌာနက အမိအရရိုက်ယူထားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလေးတွေမြင်ရတော့ အားကျမိပြီလား ပရိသတ်ကြီးရေ။

SHARE FROM MYANMARLOAD 


ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ဆလီနာဂိုးမက်ဇ် တို့စုံတွဲကတော့ နိုင်ငံတကာက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုများစွာရရှိနေတဲ့ ဆယ်လီစုံတွဲတစ်တွဲဖြစ်ပါတယ်။


ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာကျရောက်ခဲ့တဲ့ ချစ်သူများနေ့ကို ကမ္ဘာတစ်လွှားက ဆယ်လီတွေတော်တော်များများ သက်ဆိုင်သူတွေကိုယ်စီနဲ့ဖြတ်သန်းခဲ့သလို ဘီဘာ နဲ့ ဆလီနာကလည်း တစ်နေ့လုံး အတူတူရှိခဲ့ကြပါတယ်။





ဆလီနာနဲ့ VD မှာ အတူတူ ရှိခဲ့တဲ့ ဘီဘာ ဆလီနာနဲ့ VD မှာ အတူတူ ရှိခဲ့တဲ့ ဘီဘာ
Reviewed by Unknown on February 15, 2018 Rating: 5

No comments:

Powered by Blogger.