1 Pamela Anderson
2 Axl Rose
3 Melanie Griffith
4 Macaulay Culkin
5 Ozzy Osbourne
6 Jocelyn Wildenstein
7 Nick Nolte
8 Jessica Simpson
9 Matthew Perry
10 Lindsay Lohan
11 Kirstie Alley
12 Donatella Versace
ပရိသတ်ရှေ့က ပျောက်ပြီး ပြန်ပေါ်လာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အနုပညာရှင်များ
ငယ်ငယ်က စွဲလန်းနှစ်သက်ခဲ့ရတဲ့ နိုင်ငံကျော်တွေရှိပါတယ်။တချို့က ပရိသတ်နဲ့ ကင်းကွာသွားပြီး ပြန်ရောက်လာတဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ ပုံဆိုးပန်းဆိုးပုံတွေဖြစ်ကုန်ကြပါတယ်။ဒီလို အနုပညာရှင်တွေကို ရွေးခြယ်ဖော်ပြပေးလိုက်ပါတယ်။
1 Pamela Anderson
Pamela Anderson ကတော့ အရေပြားထိန်းသိမ်းမှု မလုပ်ခဲ့ပါဘူး။သူဟာ ပြီးစလွယ်နေခဲ့သူဖြစ်လို့ သူ့အရေပြားဟာ အရွယ်မတိုင်ခင်လျော့ရဲခဲ့ပြီး အလှပျက်လာတာဖြစ်ပါတယ်။
2 Axl Rose
Axl Rose ဆိုတာ တချိန်က မိန်းမချော ချောလွန်းလို့ မိန်းမလားလို့ အမေးခံရတဲ့ အဆိုတော်ဖြစ်ပြီး ခန္ဓာကိုယ်က သွယ်လျနေသူဖြစ်ပါတယ်။ဒါပေမယ့် ငယ်စဉ်က အရက်နဲ့ မူးယစ်ဆေးဝါးဒဏ်က သူ့ကို အဝလွန်စေခဲ့တာဖြစ်ပါတယ်။သူ အောင်မြင်ချိန်က အခွေပေါင်း 2.5 သန်းလောက် ရောင်းရခဲ့ပါတယ်။
3 Melanie Griffith
Melanie Griffith အရမ်းကြိုက်ခဲ့တဲ့ မိတ်ကပ်တွေက သူမကို မကယ်တင်နိုင်တော့ပါဘူး။သူမရဲ့ မိတ်ကပ် အလွန်အကျွံအသုံးပြုမှုက သူမကို ပို အိုမင်းရင့်ရော်စေတာဖြစ်ပြီး အခုတော့ သူမဟာ ရှက်လို့ အနုပညာအလုပ်တွေ နားခဲ့တာဖြစ်ပါတယ်။
4 Macaulay Culkin
Macaulay Culkin ဟာ ငယ်စဉ်က ကမ္ဘာ့ပရိသတ်ကို ဖမ်းစားခဲ့တဲ့ Home Alone က ကလေးငယ်ဖြစ်ပြီး အခုတော့ မူးယစ်ဆေးဝါးတဲ့ မဆင်မခြင်နေထိုင်မှုက သူ့ကို ပုံပျက်ခဲ့တာဖြစ်ပြီး ငယ်ငယ်က ပုံနဲ့ တခြားဆီဖြစ်ကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတာဖြစ်ပါတယ်။
5 Ozzy Osbourne
Ozzy Osbourne ကို ငယ်ငယ်က မြင်ဖူးဆို နှမြောတသမဆုံးမရှိလှပါတယ်။ဒီလိုပြောင်းလဲမှုဟာ မူးယစ်ဆေးဝါးတွေ အလွန်အကျွံသုံးစွဲခဲ့တယ်လို့ သူ့အနေနဲ့ ဝန်ခံခဲ့တာဖြစ်ပြီး အခုတော့ နုပျိုမှုတွေ တစက်မှ သူ့မျက်နှာပေါ် ရှာမရဖြစ်ခဲ့ပါပြီ။
6 Jocelyn Wildenstein
Jocelyn Wildenstein ဟာ သူ့မျက်နှာကို ဆာဂျရီလုပ်ဖို့ ဒေါ်လာ 4000000 အကုန်အကျခံခဲ့ပါတယ်။ဒီပိုက်ဆံတွေ သုံးပြီး သူ့မျက်နှာသူ ဖျက်ဆီးခဲ့သူဖြစ်ပြီး သူမဟာ အရင်က သူ့ရုပ်သူရည်နဲ့ လှပတဲ့ ရုရှားမော်ဒယ်တစ်ဦးဖြစ်ပါတယ်။သူခွဲစိတ်ပြီး မျက်နှာ ပတ်တီးဖြေတော့ သူ့ယောကျ်ားက ကြောက်ပြီး ထွက်ပြေးခဲ့ပါတယ်။
7 Nick Nolte
Nick Nolte ဟာ 1980 ကာလတုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ အောင်မြင်မှုကာလ သက်တမ်းတိုလေးဟာ သူ့ရဲ့ မဆင်မခြင်နေထိုင်မှုကြောင့်ဖြစ်ပါတယ်။
8 Jessica Simpson
Jessica Simpson ဟာ ခန္ဓာကိုယ်သေးသွယ်တဲ့ ကောင်မလေးဖြစ်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ကာနီးမှ အပေါင်းအသင်းမက်ပြီး ညတိုင်းသောက်စားကာ Gym ကို ကျောခိုင်းခဲ့လို့ ကိုယ်ခန္ဓာပုံပျက်ခဲ့သူဖြစ်ပါတယ်။
9 Matthew Perry
Matthew Perry ကတော့ ရောဂါကြောင့် အိုစာသွားတာလို့ ခုခံပြောဆိုခဲ့ပေမယ့် မီဒီယာကတော့ သူ့ကို အရက်သမားစာရင်းသွင်းကာ ရှုံ့ချတဲ့ အရေးအသားမျိုးရေးလို့ ပြဿနာတက်ခဲ့ဖူးပါတယ်။
10 Lindsay Lohan
Lindsay Lohan စတင်အောင်မြင်တုန်းက အမျိုးသားတွေ အသည်းစွဲဖြစ်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့ မကောင်းသတင်းတွေကိုလည်း လက်ခံရရှိခဲ့ကြပါတယ်။မူးယစ်ဆေး ပြဿနာဖြစ်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့အထိ သူဟာ အလွန်အကျွံသုံးစွဲခဲ့သူဖြစ်ပါတယ်။
11 Kirstie Alley
Kirstie Alley ဟာ တချိန်က နတ်သမီးလေးအဖြစ် တင်စားခံရသူဖြစ်ပြီး သူဟာ မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးပုံတွေမှာ နေရာယူခဲ့ဖြစ်ပါတယ်။တကယ်ဆို သူမဟာ ထင်သလောက် အိုမင်းနေတဲ့ အသက်အရွယ်မဟုတ်ပေမယ့် သူ့ရဲ့ နေထိုင်စားသောက်မှုပုံစံ စည်းကမ်းမရှိလို့ သူဟာ အသက်ကြီးကြီး အမျိုးသမီးကြီးပုံစံဖြစ်လာပါတယ်။
12 Donatella Versace
Donatella Versace ဆိုတာ တချိန်က သူမရဲ့ မျက်လုံးတွေနဲ့ သူမကိုယ်လုံးနဲ့ အမျိုးသားထုကို လွှမ်းမိုးခဲ့တာဖြစ်ပြီး လှပချင်တဲ့ စိတ်ကပဲ သူ့ရုပ်ရည်ကို ဖျက်ဆီးပစ်လိုက်တာဖြစ်ပါတယ်။သူဟာ အသေးစားမျက်နှာ ခွဲစိတ်မှုပေါင်းများစွာလုပ်ရင်း အဖွားအိုတစ်ဦးလို ရုပ်ပျက်ခဲ့တာဖြစ်ပါတယ်။
SHARE FROM ပြောချင်လွန်းလို့
Reviewed by Unknown
on
February 10, 2018
Rating:
No comments:
Post a Comment