Bruce အမည္ရွိ ေခြးေလးတစ္ေကာင္ဟာ ေရကန္ထဲ ဒုကၡေရာက္ေနခဲ့တဲ့အဖြားအိုကို ကူညီကယ္ဆယ္ေပးႏိုင္ခဲ့ၿပီး မိသားစုနဲ႔ ျပန္လည္ဆံုေတြ႕ေစခဲ့ေၾကာင္း သိရပါတယ္။ Bruce ရဲ႕ပိုင္ရွင္ကေတာ့ Abby Leathers ဆိုသူ အမ်ိဳးသမီးျဖစ္ပါတယ္။
Abby က သူမဟာ Bruce နဲ႔အတူ အိမ္မွာရွိေနတုန္း Bruce က ထူးထူးဆန္းဆန္း ျပဳမူလာေၾကာင္းဆိုခဲ့ပါတယ္။ အျပင္ကို အရမ္းထြက္ခ်င္ေနတဲ့ပံုနဲ႔ တံခါးကိုကုတ္ေနခဲ့ေၾကာင္း Abby က FOX10 Phoenix ကို ေျပာျပခဲ့ပါတယ္။ တံခါးဖြင့္ေပးၿပီးတဲ့ေနာက္ Bruce က အိမ္နားက ေရကန္ဆီကို လွစ္ခနဲတန္းေျပးသြားပါေတာ့တယ္။ Abby က Bruce ဟာသူမကိုတစ္စံုတစ္ရာျပလိုတာမွန္း သတိထားမိတာေၾကာင့္ Bruce ဦးေဆာင္ရာေနာက္ကုိ လိုက္ၾကည့္ခဲ့ပါတယ္။
ေရကန္ဆီေရာက္တဲ့အခါမွာ Abby ဟာ အဖြားအို တစ္ဦးေရကန္ထဲ ေရာက္နတာကိုေတြ႔ခဲ့ပါတယ္။ အဖြားၾကီးက အဂၤလိပ္စကားမတတ္ပါဘူး။ ကန္ထဲမွာဒူးအထက္နားထိ ေရျမွဳပ္ၿပီး ရပ္ေနတဲ့အဖြားၾကီးကို Abby ကကယ္တင္ခဲ့ပါတယ္။ Abby က အဖြားၾကီးကို ကန္ထဲကထြက္ေအာင္ ေခ်ာ့ေမာ့ေခၚယူကာ ေစာင္နဲ႔ပတ္ထားေပးခဲ့ပါတယ္။
ထုိ႔ေနာက္ Abby က ရဲစခန္းကို အေၾကာင္းၾကားခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ အဖြားၾကီးရဲ႕မိသားစု၀င္ေတြက ရဲစခန္းကိုလူေပ်ာက္တိုင္ထားခဲ့တာေၾကာင့္ အဖြားၾကီးဟာ မိသားစု၀င္ေတြနဲ႔ အလြယ္တကူ အဆက္အသြယ္ျပန္ရခဲ့ပါတယ္။ Abby ကေတာ့ Bruce သာသူမကို အသိမေပးခဲ့ရင္ အဖြားၾကီးမွာ အျပင္မွာေအးခဲၿပီးေသႏိုင္တဲ့အျပင္ ေရနစ္ၿပီးလည္း ေသႏိုင္တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။
SHARE FROM လင္းလင္း (ShweMom)
ရေကန်ထဲရောက်နေတဲ့ အဖွားအိုရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့ ခွေးလိမ္မာလေး
Bruce အမည်ရှိ ခွေးလေးတစ်ကောင်ဟာ ရေကန်ထဲ ဒုက္ခရောက်နေခဲ့တဲ့အဖွားအိုကို ကူညီကယ်ဆယ်ပေးနိုင်ခဲ့ပြီး မိသားစုနဲ့ ပြန်လည်ဆုံတွေ့စေခဲ့ကြောင်း သိရပါတယ်။ Bruce ရဲ့ပိုင်ရှင်ကတော့ Abby Leathers ဆိုသူ အမျိုးသမီးဖြစ်ပါတယ်။
Abby က သူမဟာ Bruce နဲ့အတူ အိမ်မှာရှိနေတုန်း Bruce က ထူးထူးဆန်းဆန်း ပြုမူလာကြောင်းဆိုခဲ့ပါတယ်။ အပြင်ကို အရမ်းထွက်ချင်နေတဲ့ပုံနဲ့ တံခါးကိုကုတ်နေခဲ့ကြောင်း Abby က FOX10 Phoenix ကို ပြောပြခဲ့ပါတယ်။ တံခါးဖွင့်ပေးပြီးတဲ့နောက် Bruce က အိမ်နားက ရေကန်ဆီကို လှစ်ခနဲတန်းပြေးသွားပါတော့တယ်။ Abby က Bruce ဟာသူမကိုတစ်စုံတစ်ရာပြလိုတာမှန်း သတိထားမိတာကြောင့် Bruce ဦးဆောင်ရာနောက်ကို လိုက်ကြည့်ခဲ့ပါတယ်။
ရေကန်ဆီရောက်တဲ့အခါမှာ Abby ဟာ အဖွားအို တစ်ဦးရေကန်ထဲ ရောက်နတာကိုတွေ့ခဲ့ပါတယ်။ အဖွားကြီးက အင်္ဂလိပ်စကားမတတ်ပါဘူး။ ကန်ထဲမှာဒူးအထက်နားထိ ရေမြှုပ်ပြီး ရပ်နေတဲ့အဖွားကြီးကို Abby ကကယ်တင်ခဲ့ပါတယ်။ Abby က အဖွားကြီးကို ကန်ထဲကထွက်အောင် ချော့မော့ခေါ်ယူကာ စောင်နဲ့ပတ်ထားပေးခဲ့ပါတယ်။
ထို့နောက် Abby က ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ အဖွားကြီးရဲ့မိသားစု၀င်တွေက ရဲစခန်းကိုလူပျောက်တိုင်ထားခဲ့တာကြောင့် အဖွားကြီးဟာ မိသားစု၀င်တွေနဲ့ အလွယ်တကူ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ Abby ကတော့ Bruce သာသူမကို အသိမပေးခဲ့ရင် အဖွားကြီးမှာ အပြင်မှာအေးခဲပြီးသေနိုင်တဲ့အပြင် ရေနစ်ပြီးလည်း သေနိုင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။
SHARE FROM လင်းလင်း (ShweMom)
ေရကန္ထဲေရာက္ေနတဲ့ အဖြားအိုရဲ႕အသက္ကို ကယ္ဆယ္ႏုိင္ခဲ့တဲ့ ေခြးလိမၼာေလး
Reviewed by Unknown
on
February 09, 2018
Rating:
No comments:
Post a Comment