ပေဟဠိဆန္ေနတဲ့ လက္ပိုင္ရွင္ေလးကိုေျပာျပလာတဲ့ ပန္းေရာင္ျခယ္



ပရိသတ္ေတြရဲ႕ အသဲတစ္ျခမ္း ခ်စ္စရာေကာင္မေလးပန္းေရာင္ျခယ္ကေတာ့ လက္ရွိဂီတေလာကမွာ ေအာင္ျမင္မႈမ်ားစြာနဲ႕ ပရိသတ္ေတြရဲ႕ အခ်စ္ေတြအားလုံးကို သိမ္းပိုက္ထားနိုင္ သူေလးပဲျဖစ္ပါတယ္။ တစ္ခ်ိန္ကပရိသတ္ေတြႏွစ္ၿခိဳက္ အားေပးခဲ့ ၾကရတဲ့ အဆိုေတာ္ဂေရဟန္ရဲ႕သမီးေလးျဖစ္သလိုအဆို ပညာပိုင္းမွာလည္း ေဖေဖေျခရာ ကိုနင္းနိုင္တဲ့ ထူးခြၽန္သူေလးလို႔ ဆိုရပါမယ္။လူငယ္ေတးသံရွင္တစ္ ေယာက္ပီပီ ငယ္႐ြယ္ႏုပ်ိဳမႈေတြနဲ႕ခ်စ္စရာအလြန္ေကာင္းေနတာေၾကာင့္ သူမရဲ႕အခ်စ္ေရးဟာလည္း ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

လက္တေလာလူမႈကြန္ယက္မွာေတာ့ သူမရဲ႕ဓာတ္ပုံေလးတစ္ပုံေလးပ်ံႏွံ႕ေနခဲ့ၿပီး ပရိသတ္စိတ္ဝင္စားမႈ အမ်ားဆုံးနဲ႕ ေဝခြဲရခက္ေနတဲ့ ဓာတ္ပုံေလးတစ္ပုံျဖစ္လို႔ေနပါတယ္။ခ်စ္သူမရွိဘူးလို႔ဆိုထားဖူးတဲ့သူမကေတာ့ ခ်စ္သူေတြမွရိုက္ေလ့ရွိတဲ့ ပိုစ့္ပုံစံေလးကို ရိုက္ကူးထားတဲ့ ဓာတ္ပုံေလးတင္ခဲ့တာေၾကာင့္ သူမမွာတကယ္ပဲ ခ်စ္ရမယ့္သူရွိေနၿပီလား ပရိသတ္ေတြအသဲကြဲရေတာ့မွာလားဆိုတဲ့ ေမးခြန္းေပါင္းမ်ားစြာနဲ႕ အေျဖမွန္တစ္ခုကို ေစာင့္ေမွ်ာ္ေနၾက မယ္လို႔ထင္ပါတယ္။ဒီေန႕မွာေတာ့ ပရိသတ္ေတြအရမ္းကိုသိခ်င္ေနတဲ့ ပန္းေရာင္ျခယ္လက္ ကိုဆြဲထားတဲ့ ပေဟဠိဆန္ေနတဲ့ လက္ပိုင္ရွင္ေလးဟာ ဘယ္သူျဖစ္မလဲဆိုတာကို ခ်စ္ပရိသတ္ေတြအတြက္ ေျပာျပခ်င္ပါတယ္။ 















ပရိသတ္ေတြစိတ္ဝင္စားေနတဲ့ ဓာတ္ပုံေလးဟာ တကယ့္ေတာ့သူမရဲ႕သီခ်င္းအသစ္ေလးျဖစ္တဲ့"Butterflies (လိပ္ျပာ)"လို႔အမည္ရတဲ့ Music MTV ထဲမွပုံရိပ္ေလး ပဲျဖစ္ပါတယ္။ ပန္းေရာင္တို႔ ညီအမႏွစ္ေယာက္ မႏွစ္က Australiaမွာေက်ာင္းသြားတက္စဥ္ သူငယ္ခ်င္းေတြနဲ႕အတူ ရိုက္ကူးခဲ့တဲ့ ဗီဒီယိုေလးတစ္ခုပဲ ျဖစ္ပါတယ္။အဲ့ဒီ သီခ်င္းဗီဒီယိုေလးရဲ႕ ပုံစံေလးကေတာ့ ေကာင္ေလးက ခ်စ္သူေကာင္မေလးကို ရိုက္ကူးေပးထားတဲ့ ပုံစံေလးပဲ ျဖစ္ပါတယ္။ပရိသတ္ေတြ ေမးခြန္းေပါင္းမ်ားစြာနဲ႕ အရမ္းကိုသိခ်င္ေနၾကတဲ့ ပေဟဠိဆန္ေနတဲ့ လက္ပိုင္ရွင္ေလး ဟာဘယ္သူလဲ သိခြင့္ရလိုက္တဲ့အတြက္ ေက်နပ္ၾကလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။

သတင္းအရင္းအျမစ္ - ပန္းေရာင္ျခယ္

ပဟေဠိဆန်နေတဲ့ လက်ပိုင်ရှင်လေးကိုပြောပြလာတဲ့ ပန်းရောင်ခြယ်

ပရိသတ်တွေရဲ့ အသဲတစ်ခြမ်း ချစ်စရာကောင်မလေးပန်းရောင်ခြယ်ကတော့ လက်ရှိဂီတလောကမှာ အောင်မြင်မှုများစွာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေအားလုံးကို သိမ်းပိုက်ထားနိုင် သူလေးပဲဖြစ်ပါတယ်။ တစ်ချိန်ကပရိသတ်တွေနှစ်ခြိုက် အားပေးခဲ့ ကြရတဲ့ အဆိုတော်ဂရေဟန်ရဲ့သမီးလေးဖြစ်သလိုအဆို ပညာပိုင်းမှာလည်း ဖေဖေခြေရာ ကိုနင်းနိုင်တဲ့ ထူးချွန်သူလေးလို့ ဆိုရပါမယ်။လူငယ်တေးသံရှင်တစ် ယောက်ပီပီ ငယ်ရွယ်နုပျိုမှုတွေနဲ့ချစ်စရာအလွန်ကောင်းနေတာကြောင့် သူမရဲ့အချစ်ရေးဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

လက်တလောလူမှုကွန်ယက်မှာတော့ သူမရဲ့ဓာတ်ပုံလေးတစ်ပုံလေးပျံနှံ့နေခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှု အများဆုံးနဲ့ ဝေခွဲရခက်နေတဲ့ ဓာတ်ပုံလေးတစ်ပုံဖြစ်လို့နေပါတယ်။ချစ်သူမရှိဘူးလို့ဆိုထားဖူးတဲ့သူမကတော့ ချစ်သူတွေမှရိုက်လေ့ရှိတဲ့ ပိုစ့်ပုံစံလေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတင်ခဲ့တာကြောင့် သူမမှာတကယ်ပဲ ချစ်ရမယ့်သူရှိနေပြီလား ပရိသတ်တွေအသဲကွဲရတော့မှာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ အဖြေမှန်တစ်ခုကို စောင့်မျှော်နေကြ မယ်လို့ထင်ပါတယ်။ဒီနေ့မှာတော့ ပရိသတ်တွေအရမ်းကိုသိချင်နေတဲ့ ပန်းရောင်ခြယ်လက် ကိုဆွဲထားတဲ့ ပဟေဠိဆန်နေတဲ့ လက်ပိုင်ရှင်လေးဟာ ဘယ်သူဖြစ်မလဲဆိုတာကို ချစ်ပရိသတ်တွေအတွက် ပြောပြချင်ပါတယ်။ 

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ဓာတ်ပုံလေးဟာ တကယ့်တော့သူမရဲ့သီချင်းအသစ်လေးဖြစ်တဲ့"Butterflies (လိပ်ပြာ)"လို့အမည်ရတဲ့ Music MTV ထဲမှပုံရိပ်လေး ပဲဖြစ်ပါတယ်။ ပန်းရောင်တို့ ညီအမနှစ်ယောက် မနှစ်က Australiaမှာကျောင်းသွားတက်စဉ် သူငယ်ချင်းတွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုလေးတစ်ခုပဲ ဖြစ်ပါတယ်။အဲ့ဒီ သီချင်းဗီဒီယိုလေးရဲ့ ပုံစံလေးကတော့ ကောင်လေးက ချစ်သူကောင်မလေးကို ရိုက်ကူးပေးထားတဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေ မေးခွန်းပေါင်းများစွာနဲ့ အရမ်းကိုသိချင်နေကြတဲ့ ပဟေဠိဆန်နေတဲ့ လက်ပိုင်ရှင်လေး ဟာဘယ်သူလဲ သိခွင့်ရလိုက်တဲ့အတွက် ကျေနပ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

သတင်းအရင်းအမြစ် - ပန်းရောင်ခြယ်
ပေဟဠိဆန္ေနတဲ့ လက္ပိုင္ရွင္ေလးကိုေျပာျပလာတဲ့ ပန္းေရာင္ျခယ္ ပေဟဠိဆန္ေနတဲ့ လက္ပိုင္ရွင္ေလးကိုေျပာျပလာတဲ့ ပန္းေရာင္ျခယ္ Reviewed by Unknown on February 09, 2018 Rating: 5

No comments:

Powered by Blogger.