အေမရိကန္မွာ က်န္ခဲ့တဲ့ သမီးေလးကို လြမ္းတဲ့အေၾကာင္း ေျပာလာတဲ့ ရဲမင္းပိုင္း



ပရိတ္သတ္ စိတ္ဝင္စားမႈခံေနရတဲ့ သရုပ္ေဆာင္ ရဲမင္းပိုင္တစ္ေယာက္ကေတာ့ အေမရိကန္မွာ က်န္ေနခဲ့တဲ့ သမီးေလးကိုလြမ္းေနတယ္လို႔ ေျပာလာပါတယ္။ ျမန္မာျပည္ကို ရည္ရြယ္ခ်က္အခ်ိဳ႕ေၾကာင့္ လာခဲ့ရေပပမယ့္ သူ႔ရဲ့ သားသမီးေတြက အေမရိကန္မွာ ေနရစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ခုေတာ့ အဲ့ကို ျပန္လြမ္းေနျပန္တယ္လို႔ ဆိုပါတယ္။ “ခ်စ္သမီးနဲ ့ခ်စ္သားေလး အိုေက ရယ္ နီကိုေလးရယ္ “ဒီမွာ ေနရၿပန္ေတာ ့ဟိုမွာက်န္ေနတဲ ့မိသားစုကိုလြမ္း “ဟိုမွာေနစဥ္က ဒီမွာ႐ွိေနတဲ ့မိဘေဆြမ်ဳိးခင္မင္သူေတြ နဲ ့ခ်စ္ရတဲ ့ထမင္း႐ွင္ ပရိတ္အေပါင္းကိုလြမ္း “ဟူး…..ဘယ္ေၿပးရမွန္းမသိေတာ ့” လို႔ သူ႔ရဲ့ ေဖ့စ္ဘြက္မွာေရးထားပါတယယ္။

တစ္ခ်ိန္က ဗီြဒီယိုဇာတ္ကားေတြမွာ နာမည္ႀကီးခဲ့တဲ့ ဖိုက္တင္မင္းသား ရဲမင္းပိုင္က ျမန္မာျပည္ကေန ျပည္ပကို ထြက္ခြာသြားခဲ့တာ ၁၄ ႏွစ္ခန္႔ၾကာခဲ့ၿပီး ၿပီးခဲ့တဲ့ တစ္ပတ္အတြင္းကမွ ျပန္လည္ ေရာက္ရွိလာတာ ျဖစ္ပါတယ္။ သူ႔ရဲ့ ရည္ရြယ္ခ်က္ကေတာ့ ပရိတ္သတ္ေတြအေပၚ အႏုပညာေၾကြး က်န္ေနတယ္လို႔ ခံယူထားတဲ့အတြက္ ဇာတ္ကား ၃ ကားေလာက္ ေကာင္းေကာင္းေလး ျပန္လည္ဖန္တီးၿပီး အေၾကြးဆပ္ၿပီးသြားရင္ေတာ့ တာဝန္ေၾကတယ္လို႔ ခံစားရမွာျဖစ္ေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျပာထားပါတယ္။









အသက္ ၅၃ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ရဲမင္းပိုင္က ငယ္ငယ္က သင္ခဲ့ဖူးတဲ့ ကြန္ဖူးသိုင္းနဲ႔ အဆက္ျပတ္မသြားပဲ ခုခ်ိန္ထိ သြက္သြက္လက္လက္ အကြက္ေပၚေနႏိုင္တုန္း ျဖစ္ပါတယ္။ သူ႔ရဲ့ ေလ့က်င့္ေရး ဗီြဒီယိုဖိုင္ေလးေတြ ေဖ့စ္ဘြက္မွာ တင္ေပးေနတာ ျဖစ္ပါတယ္။ လူငယ္အခ်ိဳ႕ကို သင္တန္းေပးသြားၿပီး သူတို႔နဲ႔ ဇာတ္ကားရိုက္ကူးမယ္လို႔ ဆိုပါတယ္

SHARE FROM CELE Road

အမေရိကန်မှာ ကျန်ခဲ့တဲ့ သမီးလေးကို လွမ်းတဲ့အကြောင်း ပြောလာတဲ့ ရဲမင်းပိုင်း

ပရိတ်သတ် စိတ်ဝင်စားမှုခံနေရတဲ့ သရုပ်ဆောင် ရဲမင်းပိုင်တစ်ယောက်ကတော့ အမေရိကန်မှာ ကျန်နေခဲ့တဲ့ သမီးလေးကိုလွမ်းနေတယ်လို့ ပြောလာပါတယ်။ မြန်မာပြည်ကို ရည်ရွယ်ချက်အချို့ကြောင့် လာခဲ့ရပေပမယ့် သူ့ရဲ့ သားသမီးတွေက အမေရိကန်မှာ နေရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခုတော့ အဲ့ကို ပြန်လွမ်းနေပြန်တယ်လို့ ဆိုပါတယ်။ “ချစ်သမီးနဲ ့ချစ်သားလေး အိုကေ ရယ် နီကိုလေးရယ် “ဒီမှာ နေရပြန်တော ့ဟိုမှာကျန်နေတဲ ့မိသားစုကိုလွမ်း “ဟိုမှာနေစဉ်က ဒီမှာရှိနေတဲ ့မိဘဆွေမျိုးခင်မင်သူတွေ နဲ ့ချစ်ရတဲ ့ထမင်းရှင် ပရိတ်အပေါင်းကိုလွမ်း “ဟူး…..ဘယ်ပြေးရမှန်းမသိတော ့” လို့ သူ့ရဲ့ ဖေ့စ်ဘွက်မှာရေးထားပါတယယ်။

တစ်ချိန်က ဗွီဒီယိုဇာတ်ကားတွေမှာ နာမည်ကြီးခဲ့တဲ့ ဖိုက်တင်မင်းသား ရဲမင်းပိုင်က မြန်မာပြည်ကနေ ပြည်ပကို ထွက်ခွာသွားခဲ့တာ ၁၄ နှစ်ခန့်ကြာခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကမှ ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပရိတ်သတ်တွေအပေါ် အနုပညာကြွေး ကျန်နေတယ်လို့ ခံယူထားတဲ့အတွက် ဇာတ်ကား ၃ ကားလောက် ကောင်းကောင်းလေး ပြန်လည်ဖန်တီးပြီး အကြွေးဆပ်ပြီးသွားရင်တော့ တာဝန်ကြေတယ်လို့ ခံစားရမှာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။

အသက် ၅၃ နှစ်ရှိပြီဖြစ်ပေမယ့် ရဲမင်းပိုင်က ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကွန်ဖူးသိုင်းနဲ့ အဆက်ပြတ်မသွားပဲ ခုချိန်ထိ သွက်သွက်လက်လက် အကွက်ပေါ်နေနိုင်တုန်း ဖြစ်ပါတယ်။ သူ့ရဲ့ လေ့ကျင့်ရေး ဗွီဒီယိုဖိုင်လေးတွေ ဖေ့စ်ဘွက်မှာ တင်ပေးနေတာ ဖြစ်ပါတယ်။ လူငယ်အချို့ကို သင်တန်းပေးသွားပြီး သူတို့နဲ့ ဇာတ်ကားရိုက်ကူးမယ်လို့ ဆိုပါတယ်

SHARE FROM CELE Road
အေမရိကန္မွာ က်န္ခဲ့တဲ့ သမီးေလးကို လြမ္းတဲ့အေၾကာင္း ေျပာလာတဲ့ ရဲမင္းပိုင္း အေမရိကန္မွာ က်န္ခဲ့တဲ့ သမီးေလးကို လြမ္းတဲ့အေၾကာင္း ေျပာလာတဲ့ ရဲမင္းပိုင္း Reviewed by Unknown on February 09, 2018 Rating: 5

No comments:

Powered by Blogger.